YMB sabuti

YMB sabuti healthy food

ချင်းရိုးရာ ဆာဗူးသီး ကြိုက်သူများအတွက်မိမိနှစ်သက်သလို ချက်ပြုတ်စားနိုင်ဖို့YMB ထိမိဂွိ ဆာဗူးသီး ထုပ်လေးတွေဖောင်းပြင်စတို...
23/11/2024

ချင်းရိုးရာ ဆာဗူးသီး ကြိုက်သူများအတွက်
မိမိနှစ်သက်သလို ချက်ပြုတ်စားနိုင်ဖို့
YMB ထိမိဂွိ ဆာဗူးသီး ထုပ်လေးတွေ
ဖောင်းပြင်စတိုးမှာလည်း ၀ယ်ယူရရှိနိုင်ပါပြီရှင့် 😍😍


#ဆာဗူးသီး
#ရွှေလိပ်ပြာအာလူးကြော်မျိုးစုံ
#အာလူးကြော်
#မုံရွာမြို့

2.9.24မိုးလေးအေးတော့ ဆာဗူးသီးလေးစားချင်နေပီမလားမင်မင့်ဆီမှာ ပြောင်းဆန်ထုပ်တွေရောပြည်လိုက်ရော လိုသလောက်ရပါတယ်ရှင့်လက်သွက်...
02/09/2024

2.9.24
မိုးလေးအေးတော့ ဆာဗူးသီးလေးစားချင်နေပီမလား
မင်မင့်ဆီမှာ ပြောင်းဆန်ထုပ်တွေရော
ပြည်လိုက်ရော လိုသလောက်ရပါတယ်ရှင့်
လက်သွက်မှ ရမယ်နော်😁
မုံရွာမြို့
09963153269
09400529663

တချိန်က မင်မင်ရောင်းခဲ့တဲ့ ဆာဗူးသီးလေးတွေကိုလွမ်းကြတဲ့သူတွေ ရှိရင်မင်မင် ကိုယ်တိုင်ထုတ်တဲ့ ဆာဗူးသီးရယ်ဒီမိတ်အထုတ်လေးတွေ ...
29/05/2023

တချိန်က မင်မင်ရောင်းခဲ့တဲ့ ဆာဗူးသီးလေးတွေကို
လွမ်းကြတဲ့သူတွေ ရှိရင်
မင်မင် ကိုယ်တိုင်ထုတ်တဲ့ ဆာဗူးသီးရယ်ဒီမိတ်
အထုတ်လေးတွေ
မင်မင်ဆီမှာလည်း ရှိသလို
ဝါးတောမ စတိုးကြီးမှာလည်း ရှိပါတယ်ရှင့် 😍😍

ဒါအပြင် မင်မင်ရဲ့
ရွှေလိပ်ပြာ အာလူးခြောက်နှင့် အာလူးကြော်အမျိုးမျိုး
ကိုလည်း မုံရွာရဲ့ ဆိုင်တော်တော်များများမှာ
တင်ထားပါတယ်နော်
အများကြီးအားပေးကြလို့လည်း ဒီကနေ ကျေးဇူးတင်ပါတယ်ရှင့် 😍

စားကြပါဦး😁
30/11/2022

စားကြပါဦး😁

စားချင်စရာကြီး🤤
04/10/2022

စားချင်စရာကြီး🤤

အသားတို့ အူစုံတို့ အသီးအရွက်တို့ 🍣🥩🍗🥬🥕ကြိုက်နှစ်သက်ရာ‌အကုန်ထည့်ပီး ‌🥗🥘ငရုပ်သီး သံပုရာသီးနဲ့ အချဉ် အငန်အစပ်တွေ🌶️🌶️🌶️🍋🍋🍋 အ...
27/09/2022

အသားတို့ အူစုံတို့ အသီးအရွက်တို့ 🍣🥩🍗🥬🥕
ကြိုက်နှစ်သက်ရာ‌အကုန်ထည့်ပီး ‌🥗🥘
ငရုပ်သီး သံပုရာသီးနဲ့ အချဉ် အငန်အစပ်တွေ🌶️🌶️🌶️
🍋🍋🍋
အချိုးကျဖျော်စပ်ရတာကိုက❤️ ဆာဗူးသီးရဲ့အနုပညာ😋😋😋

💕ချင်းပြည်ရဲ့အလွမ်း‌ပြေ ဆာဗူးသီး🥰ရှယ်ချက်စားကြရအောင် 😋ready madeထုပ်လေး ဝါးတောမ ကနေပြေးဝယ်💞‌ပြောင်းဆန်လေးအိခါနီးရင် အသား...
06/09/2022

💕ချင်းပြည်ရဲ့အလွမ်း‌ပြေ ဆာဗူးသီး🥰ရှယ်ချက်စားကြရအောင် 😋

ready madeထုပ်လေး ဝါးတောမ ကနေပြေးဝယ်💞
‌ပြောင်းဆန်လေးအိခါနီးရင် အသားဖြစ်ဖြစ် အူစုံဖြစ်ဖြစ်ထည့်လိုက်ရုံပဲ😍😍😍

🌶️🌶️🌶️ငရုပ်မှုန့်လေးနဲ့ကြက်သွန်နီပါးပါးလေးရယ်🧅 နံနံပင်လေးရယ်ဖျော်ပီး သံပုရာသီးစစ်စစ်ကလေး ညှစ်ထည့်🍋🍋🍋 wow ရှယ်မှရှယ်🤤🤤🤤
09963153269

လွမ်းနေတဲ့သူလေးတွေ ရှိလား???😍ဆာဗူးသီးပြောင်းဆန်နဲ့ငရုပ်သီးပါတဲ့ ready madeထုပ်လေးတွေ လာဝယ်ပါ🥰
25/08/2022

လွမ်းနေတဲ့သူလေးတွေ ရှိလား???😍

ဆာဗူးသီးပြောင်းဆန်နဲ့ငရုပ်သီးပါတဲ့ ready madeထုပ်လေးတွေ လာဝယ်ပါ🥰

ဆာဗူးသီးသမိုင်းအကျဉ်းလေးနဲ့ချင်းရိုးရာဆာဗူးသီး ချက်နည်း ( Copy ) ပိတ်ရက်မှာချက်စားလို့ရအောင်တင်ပေးလိုက်ပါတယ်------------...
08/08/2022

ဆာဗူးသီးသမိုင်းအကျဉ်းလေးနဲ့
ချင်းရိုးရာဆာဗူးသီး ချက်နည်း ( Copy ) ပိတ်ရက်မှာချက်စားလို့ရအောင်တင်ပေးလိုက်ပါတယ်
------------------//-----------------

ချင်းပြည်နယ်တွင် ထင်ရှား ပြီးအများပြည်သူမသိသေးသော ချင်းရိုးရာဆာဗူးသီး အစားအစာကို ဖော်ထုတ်ရေးသားရန် ဆန္ဒရှိသော ကြောင့် ချင်းတို့၏
ရိုးရာအစားအစာ ဆာဗူးသီးအကြောင်း ကို ရေးသားတင်ပြပါသည်။

မြန်မာနိုင်ငံ၏သွေးချင်း တိုင်း ရင်းသားလူမျိုးများတွင် မိမိတို့၏ကိုယ်ပိုင်ရိုးရာအစား အစာများ ရှိသည်။ ထို့အတူ ရိုးသားပြီး ချစ်စရာဓလေ့ စရိုက်များရှိသော ချင်းလူမျိုးတို့တွင်လည်း ကိုယ်ပိုင်ရိုး ရာဆာဗူးသီးအစားအစာရှိသည်။ ဆာဗူးသီးသည် ချင်း လူမျိုးတို့၏ အဓိကဟင်းလျာအဖြစ်စားသုံးသော အစား အစာ
အမျိုးအစားမဟုတ်ဘဲ အဆာပြေစားသုံးသော အစားအစာ(Snack)အမျိုးအစားတစ်မျိုးဖြစ်သည်။

ဆာဗူးသီးအစားအစာသည် မည်သည့်အချိန်ကစတင် ပေါ်ပေါက်ခဲ့သည်ကို မှတ်တမ်းတင်ထားသောအထောက် အထားများရှာမတွေ့ သေးပါ။

တစ်နည်းအားဖြင့်ဆို သော် ဆာဗူးသီးအစားအစာသမိုင်းကို ခြေရာခံ၍မရနိုင် သေးပါ။ သို့သော်လည်းရှေးနှစ်ပေါင်းများစွာကတည်း က ပေါ်ပေါက်လာခဲ့ပြီး မြန်မာဘုရင်များလက်ထက် ချင်းစော်ဘွားများခေတ်ကတည်းက စော်ဘွားများမှစ၍ သာမန်ပြည်သူများအထိ
ဆာဗူးသီးအစားအစာကို နှစ် ခြိုက်ခုံမင်စွာ စားသုံးခဲ့ကြသည်ဟု ချင်းလူကြီးသူမများ က ပြောဆိုခဲ့သည်။ ဆာဗူးသီးဟူသောချင်းဝေါဟာရမှာ ချင်းပြည်နယ်၊ ဟားခါးစကားဖြစ်သည်။ ဆာမှာ အသား ဟု မြန်မာလိုအဓိပ္ပာယ်ရပြီးဗူးသီးမှာ ပြောင်းဖူးပြုတ် ရည်ဟု အဓိပ္ပာယ်ထွက်သည်။ ထို့ကြောင့် ဆာဗူးသီး၏ မြန်မာလိုအဓိပ္ပာယ်မှာ အသားနှင့်ပြောင်းဖူးပြုတ်ရည်ပင်ဖြစ်သည်။

ပထဝီအနေအထားအရ ချင်းတောင်တန်း ဒေသတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းဖူးကိုပိုမို စိုက်ပျိုးကြသည်။ ထို့ကြောင့်ပြောင်းဖူးနှင့်ဆက်နွှယ်သော ချင်းရိုးရာအစားအစာ ပေါ်ပေါက်လာခြင်းပင်ဖြစ်နိုင် သည်ဟုယူဆသည်။ ရှေးအခါက ဆာဗူးသီးအစားအစာ ချက်ပြုတ်ရန် ပါဝင်သောအရာများမှာ သစ်သားဆုံဖြင့် ထောင်းထားသော အခွံချွတ် ပြောင်းဖူးကြမ်းအဆန်၊ အသားနှင့်ရေတို့ပင်ဖြစ်သည်။

ဟင်းခတ်မှုန့်မပါသော် လည်း အသား၏အချိုဓာတ်နှင့် ပြောင်းဖူး၏ ချိုဆိမ့် သော အရသာပေါင်းစပ်ထားသည့်ချိုဆိမ့်အီနေသော အစားအစာပင်ဖြစ်သည်။ ဆာဗူးသီး တစ်ခွက်စားပြီး ပါက တောင်ယာလုပ်ငန်းကို တစ်နေကုန် မမောမပန်းဘဲ
အလုပ်လုပ်နိုင်လောက်အောင် အာဟာရရှိသည်ဟု ချင်းရှေးလူကြီးများ၏ ဆိုရိုးစကားရှိသည်။ အသားမှာ ရှေးအခါကနွားနောက်ဝမ်းတွင်းသား(နွားနောက်အူ ကို အများဆုံးသုံးသည်)ကို အခွံချွတ် ပြောင်းဖူးကြမ်း ဆန်ဖြင့်ရော၍ပြုတ်သည်။

နွားနောက်ခြောက်ဖုတ်ကို အသားနှင့်ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်ဖြင့်တွဲ၍စာသုံးသည်။ချင်းစော်ဘွားများခေတ်မတိုင်မီက ဆာဗူး
သီး အစားအစာကို ဝါးဘိုးဝါးအဆစ်ဖြင့်ချက်ပြုတ်ပြီး ဟင်းခွက်၊ ဇွန်းများကို ဘူးခါးခြောက်ဖြင့် ပြုလုပ်အသုံး ပြုကြသည်။ချင်းစော်ဘွားများခေတ်တွင် ဆာဗူးသီးကို မြေအိုးများဖြင့်ချက်ပြုတ်လာသည်။ အိုးမှာ အောက် ခြေရှူးပြီးအလယ်ကားသောပုံသဏ္ဌာန်ရှိသည်။ ဆာ ဗူးသီးအစားအစာကို အထက်ဖော်ပြပါအိုးများဖြင့်သာ နှောင်းခေတ်ထိအောင်ချက်ပြုတ်လေ့ရှိသည်။

ချင်းတောင်းပေါ်ဒေသအချို့တွင်
ဘူးခါးခြောက် အကြီး၊ အသေးတို့ဖြင့် ပြုလုပ်ထားသော ဟင်းခွက်၊ဇွန်းများနှင့် ဆာဗူးသီးချက်သောမြေအိုးများကို ယနေ့တိုင်တွေ့မြင် နိုင်သေးသည်။

ဆာဗူးသီးစားသုံးသောဓလေ့မှာ တစ်နေရာ နှင့် တစ်နေရာ ပုံစံနှင့် အခေါ်အဝေါ်မတူကြပေ။ ချင်း ပြည်နယ်၊ တီးတိန်ဒေသတွင်ဆာဗူးသီးကို တီးတိန် စကားဖြင့် ဘိုင်မင်ကျင်း(Vai Min Ciin)ဟုခေါ်သည်။ အဓိပ္ပာယ်မှာ မြန်မာလို ပြောင်းဖူးပြုတ်ရည်ပင်ဖြစ်သည်။ချက်ပြုတ်သည့်ပုံစံမှာ ပဲယဉ်၊ အခွံချွတ်ပြောင်းဖူးကြမ်း အဆန်နှင့် ရာသီအလိုက်ပေါ်သော အသီးအရွက်စုံတို့ ကို
ရော၍ပြုတ်သည်။ထိုပြုတ်ရည်ကို အသားဖြင့်တွဲ စားသည်။

ချင်းပြည်နယ်တောင်ပိုင်းဒေသများဖြစ်သော မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ပလက်ဝဒေသများ တွင် ဆာဗူးသီးကို မင်းတပ်နှင့် ကန်ပက်လက် ချင်း စကားဖြင့် အေတွီ(Ai Thwi)ဟုခေါ်ပြီး မြန်မာလို
အဓိပ္ပာယ်မှာ ပြောင်းဖူးပြုတ်ရည်ပင်ဖြစ်သည်။ မင်းတပ် နှင့် ကန်ပက်လက်ဒေသများတွင် အေတွီ(Ai Thwi) ခေါ်ပြောင်းဖူးပြုတ်ရည်ထဲတွင် ရာသီစာဖြစ်သော ပဲ ယဉ်၊ ရုံးပတီသီး၊ ပဲသီး၊ ဖရုံသီး၊ ဖရုံရွက်၊ ပဲရွက် စသည် တို့ကိုထည့်၍အဆာပြေစားသော
အစားအစာအဖြစ် စားသုံးကြသည်။

ချင်းတောင်ပိုင်းဒေသများတွင် အေတွီ ခေါ် ပြောင်းဖူးပြုတ်ရည်ကိုအသားဖြင့်တွဲစား လေ့မရှိကြပါ။

ချင်းလူမျိုးအချို့တို့သည် အောင်လောက် အသီး(အချဉ်ဓာတ်ရှိသည်)ကို ဆာဗူးသီးအစားအစာထဲတွင် နှစ်ခြိုက်စွာ ထည့်ပြုတ်စားသောက်လေ့ရှိသည်။
ထူးခြားသည်မှာ မတူပီမြို့နယ်တွင်နေထိုင်ကြသောမရာ(Matu)ချင်းလူမျိုးတို့သည် ရှေးရိုးအစဉ်အလာအရ တောင်ယာစပါး(ဆန်)ကိုသာ အဓိကစားသုံးလေ့ရှိပြီး ဆာဗူးသီးအစားအစာ(ပြောင်း)
စားလေ့မရှိပါ။

ယခုအခါ ဆာဗူးသီးအစားအစာကို တန် ဆာပိုဆင်လာကြသည်။ ရှေးကချက်ပြုတ်သောအိုးနှင့် သဏ္ဌာန်တူ
အောက်ခြေရှူးအလယ်ကား ဒန်အိုးကြီး များဖြင့် ချက်ပြုတ်လာကြသည်။ ဆာဗူးသီးချက်ပြုတ် သော မီးဖိုများကို
အုတ်ဖြင့်ပြုလုပ်လာကြသည်။

အသား အနေဖြင့် ကြက်သား၊ ဝက်သား၊ နွားနောက်သားများ အပြင်ကလီစာများကိုလည်းဖြည့်စွက်ချက်ပြုတ်လာ သည်။ ဆာဗူးသီးနှင့်တွဲစားရန် ချင်းတောင်ပေါ်တွင်သာ ပေါက်သော ခရမ်းကစော့သီး ချင်းစကားဖြင့်ဆဲင်တော့ခ် (Sen Tok)ကို ပြုတ်ပြီး စမြိတ်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ဆားတို့ဖြင့် ရောထောင်းထားသော ငရုတ်ထောင်းဖြင့် တွဲစားသုံးလာကြသည်။
ထို့အပြင် ပဲဖြင့် ပြုလုပ်ထားသော အကြော်များဖြင့်လည်း တွဲစားလာ ကြသည်။
ဟင်းခတ်မှုန့်ကြိုက်သူများအတွက် ဟင်းခတ် မှုန့်ဘူး၊ အငန်ကြိုက်သူများအတွက် ဆားဘူးများလည်း
တွဲစားရန်ထားပေးလာကြသည်။ယနေ့ ဆာဗူးသီးအစားအစာကို ချင်းတောင် ပိုင်းဒေသများဖြစ်သော မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝဒေသများနှင့်ချင်းမြောက်ပိုင်းဖြစ်သော တီး တိန်၊ တွန်းဇံ၊ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကျီခါးဒေသ များတွင် ရိုးရာအစားအစာအဖြစ်ချင်းတိုင်းရင်းသား များ မိမိဓလေ့နှင့်အညီ ချက်ပြုတ်၍စားသုံးကြသည်။ ထို့ပြင် ဆိုင်များဖွင့်၍
ဆာဗူးသီးကိုရောင်းချကြသည်။

အချုပ်အားဖြင့် မြန်မာပြည်အနှံ့အပြားတွင် နေထိုင်ကြသောတိုင်းရင်းသားများ သွေးချင်းတို့၏ ချင်း ပြည်နယ်ကို ရောက်ရှိလာခိုက်အာဟာရပြည့်ဝပြီး သဘာဝချိုဆိမ့်မွှေးနေသော ချင်းတိုင်းရင်းသားတို့၏ ရိုးရာဆာဗူးသီးအစားအစာကို ချင်းတောင်တန်းအလှခံစားရင်း စားသုံးအရသာခံစားနိုင်ရန်နှင့် မိမိတို့အရပ် ဒေသတွင်လည်း ချက်ပြုတ်စားသုံးနိုင်ရန် ရည်ရွယ်၍
ချင်းတို့၏ရိုးရာအစားအစာ'ဆာဗူးသီး'အကြောင်းကို ရေးသားတင်ပြပါသည်။

ထို့ပြင် ချင်းတို့၏ ရိုးရာအစား အစာ ဆာဗူးသီးကို မြန်မာပြည်ရှိ အခြား တိုင်းရင်းသား များ သိရှိနားလည်စေရန် ရည်ရွယ်ပါသည်။

ကိုယ်တိုင်ချက်စားချင်ကြသူများ Save ထားလိုက်ပါ 😍😋

ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်။ ( ✌️ )

Crd...❣

မိုးတွေရွာနေတယ်နော် ကာကာလေးတို့ဆာဗူးသီးလေးချက်စားချင်ရင်  #ထိမိဂွိ ဆာဗူးသီးReady madeထုပ်လေးတွေ instock ရှိတယ်ရှင့်ဝါးတေ...
24/07/2022

မိုးတွေရွာနေတယ်နော် ကာကာလေးတို့
ဆာဗူးသီးလေးချက်စားချင်ရင် #ထိမိဂွိ ဆာဗူးသီး
Ready madeထုပ်လေးတွေ instock ရှိတယ်ရှင့်
ဝါးတောမ စတိုးမှာလည်း
၀ယ်လို့ရပါတယ်ရှင့် 😍😍😍

အမြဲ instockပါနော်😍
13/07/2022

အမြဲ instockပါနော်😍

ဆာဗူးသီး ready made အထုပ်လေးတွေ အမြဲရှိပါတယ်နော်မင့်မင့်ဆီမှာဖြစ်ဖြစ်ဝါးတောမ စတိုးမှာဖြစ်ဖြစ် ၀ယ်ယူနိုင်ပါတယ်ရှင့်မင်မင်...
13/07/2022

ဆာဗူးသီး ready made အထုပ်လေးတွေ အမြဲရှိပါတယ်နော်
မင့်မင့်ဆီမှာဖြစ်ဖြစ်
ဝါးတောမ စတိုးမှာဖြစ်ဖြစ် ၀ယ်ယူနိုင်ပါတယ်ရှင့်

မင်မင်ကတော့ 🥔အာလူး ကြော်ဘက် လှည့်နေရလို့
ဆာဗူးသီးမချက်နိုင်သေးလို့ပါရှင် 😔

Address

Pan War Street, Myawady Quater
Monywa

Telephone

+959963153269

Website

Alerts

Be the first to know and let us send you an email when YMB sabuti posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category