Minn Zaw

Minn Zaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minn Zaw, Monyo.

14/08/2025

သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူး
သံချေးကပဲ ဖျက်စီးနိုင်တယ်

ဒီလိုပဲ မင်းဘဝကို မင်းကလွှဲလို့
ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလို့မရဘူး

မင်းဘဝကို မင်းရဲစိတ်ကပဲ
ဖျက်စီးနိုင်တယ်

လူတိုင်း မထိန်းနိုင်တဲ့ ကိုယ့်ရဲစိတ်ကို
အကယ်၍ မင်းထိန်းနိုင်ခဲ့ရင်
မင်းမှာ စူပါစွမ်းအင် တခုရှိနေလို့ပါ

ကိုယ့်စိတ်ကို ထိန်းနိုင်တာဟာ
ရန်သူအယောက် ၁၀၀ ကိုတျောက်ထဲ
တိုက်နိုင်တာနဲ့ ညီမျှတယ်တဲ့

လူတွေရဲ့စိတ်က အပြောင်းလဲမြန်တာမို့
အကယ်၍ မင်းကအခက်ခဲပေါင်းများစွာထဲ
ရှင်သန်ရုန်းကန်နေရတယ်ဆိုရင်

မင်းကိုမင်း ဘယ်တော့ခါမှ
အရှုံးပေးဖို့ မတွေ့မိပါစေနဲ့။

01/11/2024
01/11/2024
🌾🌾ပျော်စရာကောင်းသော ဇကောကုန်းကျေးရွာGDလေးပါ။🌴🌲🪻🌿🌾
01/11/2024

🌾🌾ပျော်စရာကောင်းသော ဇကောကုန်းကျေးရွာGDလေးပါ။🌴🌲🪻🌿🌾

ကြိုးစားရင်💪 အချည်နည်းမဖြစ်ဘူးခုဒုက္ခ နောင်သုခပါ။
22/09/2024

ကြိုးစားရင်💪 အချည်နည်းမဖြစ်ဘူး
ခုဒုက္ခ နောင်သုခပါ။

22/09/2024

မိဘတွေ မပျောက်ကွယ်ခင်
____________________

မိဘဆိုတာ

ဘာမှမလုပ်နိုင် မကိုင်နိုင်
မလှုပ်နိုင် မလှုပ်ရှားနိုင်တော့ရင်တောင်မှ

အိမ်ဦးခန်းမှာ ငုတ်တုတ်လေး ရှိနေရုံနဲ့
အိမ် ကို ကျက်သရေ ရှိစေသလို

သား သမီးတွေကိုလဲ
စိတ်လုံခြုံမှု ပေးစွမ်းနိုင်လောက်အောင် အစွမ်းရှိသူတွေပါ။

ဒါကြောင့်
မိတ်ဆွေလဲ တန်ဖိုးကြီးတဲ့ မိဘတွေ
ကိုယ့်ရဲ့ဘေးမှာ ရှိနေတုန်း
တန်ဖိုးထား ဂရုစိုက်နိုင်ပါစေ🌲🪻🌿🌱

04/09/2023

ဆစ်ပိုးကျ​ရောက်​သောစပါးခင်းကို ရေမထုတ်ဘဲ ပိုးသတ်​ဆေးဖျန်းပါက ထိ​ရောက်မှု မရှိတာ​​တွေ့ရပါတယ်။

◾◾◾◾◾◾◾◾

အင်္ဂလိပ်အမည် - Rice Stem Borer
သိပ္ပံအမည် - Scirpophaga incertulas

🐛 စပါးဆစ်ပိုး လို့ ဆိုလိုက်တာနဲ့ ဘယ်လိုအကောင်မျိုးလဲ?

ဘယ်အချိန် ကျတတ်သလဲ? ဘယ်လောက် ဆိုးရွားသလဲ ? ဆိုတာတောင်သူတွေ သိပြီးသားပါ။

ဘာလို့လဲ ဆိုတော့ နှစ်စဉ် နှစ်တိုင်းလိုလို ဒီပိုး​ကောင်တွေနဲ့ နပန်းလုံးနေရတာကိုး။

🐛 🐛 ဆိုတော့ စပါးဆစ်ပိုးဘယ်နှစ်မျိုးရှိသလဲ???

၁။ အဝါရောင်ဆစ်ပိုး (Yellow stem borer)
၂။ အစင်းပါ ဆစ်ပိုး (Striped stemborer)
၃။ ခေါင်းမဲ ဆစ်ပိုး (Black headed striped stemborer)
၄။ ပန်းရောင် ဆစ်ပိုး( Pinked stemborer)
၅။ အဖြူရောင်ဆစ်ပိုး(White stemborer)
၆။ ရွှေရောင်ပန်းပွား ဆစ်ပိုး(Golden fringed stemborer)

🐛 မြန်မာနိုင်ငံ အပါအဝင် အာရှ/အ​ရှေ့​တောင်အာရှမှာ အများဆုံးကျရောက်ဖျက်ဆီးတာက အဝါရောင်ဆစ်ပိုများ ဖြစ်ပါတယ်။

#စပါးဆစ်ပိုး ဘာကြောင့်ဆိုးလာသလဲ???

၂၀၀၈-နာဂစ် ​နောက်ဆက်တွဲ ဆိုကျိုးအနေနဲ့ ဧရာဝတီတိုင်းက ဆစ်ပိုး​တွေ အညာ​မြေကို ခရီးနှင်​စေပါတယ်။

ဆစ်ပိုးဖလံတွေဟာ၂၀၁၀ ​လောက် မှာ တစ်နိုင်ငံလုံးပျံ့နှံ့ခဲ့ပြီး စပါးပြီး စပါးသီးထပ်စိုက်တဲ့ ဒေသတွေမှာ နှိမ်နင်းလို့ မနိုင်အောင် ဖြစ်ခဲ့ပါတယ်။

​ရွှေဘို ​ဘေးကြားစပါးခင်း​တွေမှာဆိုလည်း ပျိုးခင်းကတည်းက ဆစ်ပိုးပါလာပြီး စိုက်ခင်းလည်း​ရောက်​ရော ​ကောက်ပင် မလှန်နိုင်ဘဲကောက်ရိုး​တွေ ​ရေ​မျော​နေသလို ဖြစ်ရပါတယ်။

​တောင်သူ​တွေမှာ ဆစိပိုးကျ​နေမှန်း​သတိမထားမိတော့ ပင်စည်ထဲဝင်ပြီး အူတိုင်ကို ထိုးဖောက်စားတော့ ​ခေါင်နှံ​တွေ အဖြူထွက်လာမှ ဆစ်ပိုးကျမှန်းသိရပါတယ်။

ဆေးဖျန်း လို့လည်းမဖြစ်၊ ဖျန်းပြန်​တော့လည်း ပိုးမနိုင်

စပါးပင်က သခင်မချစ်သမျှ​တော့ တံစဉ်လွတ်ခဲ့ရတဲ့ နှစ်တွေ ရှိခဲ့တယ်။

🐛 စပါးဆစ်ပိုး စတင်ကျ​ရောက်​နေမှန်း ဘယ်လိုသိနိုင်မလဲ?

စပါးပျိုးခင်းမှာ ဖြစ်စေ ကြဲသားခင်း ၂၀ရက် - တစ်လသားမှာဖြစ်​စေ စပါးပင်ရဲ့ အလယ်ရွက် တစ်ရွက်ရွက်မှာ တစ်ရွက်တည်းဖြူ​ခြောက်​နေရင် အဲဒီစပါးခင်း ဆစ်ပိုး​ရောက်​နေပါပြီ။
​နောက်တခါ စပါးရွက်ရဲ့ထိပ်ပိုင်း ၃ပုံ ၁ပုံ​လောက် အရွက်ပြား​ပေါ်မှာ ဥမြုံတွေ့ရတတ်ပါတယ်။ (ဥမြုံ​ပေါ်မှာ.အဖြူ​ဖျော့ရောင်၊ အဝါ​ရောင်အ​မွေး​လေး​တွေဖုံးထားပါတယ်)

🐛 စပါးပင် ဘယ်အရွယ်မှာ ဆစ်ပိုးကျတတ်သလဲ?

စပါးပင် ရက်၂၀-၃၀ ရက်သား အရွယ်မှာ စတင်ကျ​ရောက်တတ်လို့ မိမိစပါးခင်းကို ၃ ရက်တစ်ကြိမ် ကွင်းဆင်းစစ်​ဆေးပါ။ (အရွက်​​တွေ​ပေါ် ဥမြုံ ရှိမရှိ၊ အရွက် ဖြူ​ခြောက်ရှိမရှိ)
ပျိုးခင်းမှ ပါလာ​သောဆစ်ပိုးကို စိုက်ခင်းသို့ပါလာပါက နှိမ်နင်းရခက်တတ်ပါတယ်။
စပါးပင် ဖုံးလုံးချိန် ဆစ်ပိုးကျ​ရောက်ပါက အနှံသ​န္ဓေ မ​အောင်ဘဲ နှံဖြူ​တွေ ထွက်လာပါတယ်။

🐛 ဆစ်ပိုးမကျရောက်အောင်ဘယ်လိုကြိုတင်ကာကွယ်မလဲ??

✅ လယ်ထဲက အပင်အကြွင်းအကျန်တွေကို ထယ်မှောက်ပါ (သို့မဟုတ်) ရေသွင်းပြီး ထွန်ထယ်ဝင်ပါ။

✅ ပျိုးပင် အရွက်ဖျားရှိ ဥမြုံများကို ရှာဖွေဖျက်ဆီးပါ။

✅ ပျိုးစည်းများကို မစိုက်မီ တံစဉ်ဖြင့် ထိပ်ဖြတ်ပြီးမှ စိုက်ပါ။

✅ ကောက်ကွက်မစိပ်လွန်းအောင် (သို့မဟုတ်) အပင်မထူအောင်ဂရုစိုက်ပါ။

✅ စပါးအပြီး စပါးသီးနှံ ထပ်ကာထပ်ကာ စိုက်ခြင်းမပြုပါနှင့်။

✅ ဆစ်ပိုးဒဏ်ခံနိုင်သော စပါးမျိုးများကို စိုက်ပါ။

✅ သက်တမ်းတို၊ အရပ်ပု စပါးမျိုးစိုက်ပါ။ (ဥပမာ-IR-20/IR-26)

🐛 ဆစ်ပိုးကျရောက်ပါက ဘယ်လို နှိမ်နင်းရမလဲ

၁။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

Telenomus spp (တီလီနိုမက်စ်)၊ Tetrastichus spp (တထြာစတီခက်စ်) ၊ Trichogramma spp (ထရိုင်ခိုဂရမ်မား) စတဲ့ ကပ်ပါးနကျယ်များ​မွေးမြူ၍ ကပ်ပါးပြုခြင်း။
ဆစ်ပိုးဥများကို သားရဲကောင်များလွှတ်၍ ဖျက်ဆီး​စေခြင်း။ (ဥပမာ ချို ရှည်နှံကောင်များ၊ အရွယ်ရောက်ပြီး ပင့်ကူများ....)

၂။ ဓာတု ပိုးသတ်​ဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း။

✅ ဖစ်ပရို​နေးလ်
✅ ကလိုရမ် ထရာနိလီပရိုး
✅ ဘီတီ
✅ ပရိုဖီနို​​ဖော့+လမ်ဘဒါ
✅ အီမာမက်တင်+သိုင်ယာမီသိုဇင်
✅ ကာဘိုဆာလဖန်
✅ ကာတက်ဟိုက်ဒြိုကလိုရိုဒ်

​​ဖော်ပြပါ ​ဆေးအုပ်စုများမှ တမျိုးမျိုးကို အညွှန်းပါအတိုင်း စနစ်တကျအသုံးပြုနိုင်ပါတယ်။

အထူးသတိပြုရမည့်အချက်များ ✅

👉 စပါးဆစ်ပိုးသည် ရွက်ဖုံးမှတဆင့် အဆစ်ထဲသို့ ဝင်​ရောက်ပြီး အူတိုင်အတွင်းသားကို စား​သောက်ဖျက်ဆီးပါတယ်။

👉 တဖြည်းဖြည်း အပင်​ခြေအထိ​ရောက်နိုင်ပါတယ်။ အကယ်၍ ​ဆစ်ပိုးကျ​ရောက်​သောစပါးခင်းကို ရေမထုတ်ဘဲ ပိုးသတ်​ဆေးဖျန်းပါက ထိ​ရောက်မှု မရှိတာ​​တွေ့ရပါတယ်။

(ပိုးသတ်​ဆေးဖျန်းလျှင် ရေထုတ်ပြီးမှ ဖျန်းပါ)

👉 စပါးဖုံးလုံးချိန် ဆစ်ပိုးကျ​ရောက်ပါက စပါးအထွက်နှုန်း ဆုံးရှုံးနိုင်ပါသဖြင့် ကြိုတင်ကာကွယ်​ဆေး ဖျန်းထားဖို့လိုပါတယ်။

(စပါး၂ လသားအရွယ်မှာ၊ ဆစ်ပိုး ဥကန်း​ဆေး Profenofos/Acetamepridဖျန်း​ပေးပါ။​ ဆေးဖျန်းသည့်အခါတိုင်း စွဲကပ်ပျံ့နှံ့​ဆေး အသုံးပြုပါ။) ဆစ်ပိုးကာကွယ်​ဆေးဖျန်းလျှင် အပင်​ခြေပိုင်းအထိ ​ဆေး​ရောက်​အောင် ဖျန်း​ပေးပါ။

​စေတနာများစွာဖြင်ြ ဒို့ဦးလေး

GreenWayapp မှ ကူးယူဖော်ပြပါသည်

တု နှိုင်း ခ

24/07/2023

၀န်းထမ်းဘ၀ကတော့ ‌ဆွေမျိုးရင်းချာနဲ့တောင် တွေ့ဖို့ဆုံဖို့ မလွယ်
အမြဲစိတ်ထဲကပဲ🙏🙏🙏ဦးချကန်တော့ပါရစေ။

25/01/2023

ကိုကြီးသိပ်ချစ်ရတဲ့❤️ ညီမလေး အကိုကြီး နဲ့ ညီမလေး လက်ထပ်တာ ဒီနေ့ (၁၀)နှစ်ပြည့်ပြီနော်💥🌹 ညီမကို ကိုကြီး သိပ်ချစ်ရပါတယ်🌹 (၁၀)နှစ်ကြီးတောင် ရှိသွားပေမယ့် မနေ့တနေ့ကလိုပဲ ခံစားမိတယ် အစစအရာရာ နားလည်း ပေးနိုင်းစွမ်း အပြည့် ချစ်သွားပေးတဲ့ ညီမ အရမ်းကျေးဇူးတင်မိပါတယ်😊 အရမ်းလည်း ချစ်တယ် ခုဆိုရင် ကိုတို့ ဘ၀ထဲရောက်လာတဲ့
သမီးတို့လည်း ရှိနေပြီ သိပ်ပျော်စရာကောင်းတဲ့ မိသားစုလေး🏠🏠🏠
ဖြစ်နေပြီ တအားကျေနပ်မိပါတယ်။ကိုတို့ မင်္ဂလာသက်တမ်း
နှစ်ရာကျော် ဖြတ်သန်း အတူလက်တွဲပြီး🤝 ဖြတ်သန်းကြရအောင် 💗💗💗

Address

Monyo

Website

Alerts

Be the first to know and let us send you an email when Minn Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share