22/11/2022
ကော်ဖီကြိုက်တတ်တဲ့ ကောင်မလေး....
မနက္ မျက်လုံးနှစ်လုံးပွင့်ရင် ဘာစားရမလဲလို့ အရင်မတွေးဘူး ကော်ဖီသောက်ဖို့ပဲ အရင်တွေးတယ်... ကော်ဖီလေးတစ်ခွက်မှ မသောက်ရရင် အဲ့ဒီနေ့ဟာ တစ်ခုခုလိုနေသလို....
တစ်စိုက်မတ်မတ်ကြိုက်တတ်ခဲ့တာလည်း ဒီတစ်ခုပဲ ရှိခဲ့တာကိုး ။ ဝမ်းနည်းတဲ့အခါ ပြတင်းပေါက်နားလေးထိုင်ရင်း ကော်ဖီလေးအေးတဲ့အထိ ငေးနေတတ်တဲ့ ကောင်မလေးပေါ့ ဘာတွေးနေလဲမေးရင် မသိဘူးလို့ပဲ ဖြေတယ် ။
တော်တော်များများက ကော်ဖီသောက်ပြီးသွားရင် အိပ်မပျော်တတ်ဘူးတဲ့... သူ့ကျမှ ကော်ဖီသောက်ပြီး အိပ်သွားတဲ့ညတွေရယ် မအိပ်ပဲဆက်သောက်နေတဲ့ကော်ဖီတွေမှ အများကြီးပဲ ။
တစ်စိုက္မတ်မတ်လုပ်ဖို့ လိုလာပြီဆိုရင် နေရာမချရသေးရင် ကော်ဖီခွက်အရင်ပြေးမတယ် ။ ပြီးတော့မှ လုပ်ရမယ်ဆိုတဲ့အရာတွေကို လုပ်တယ် ဘာကြောင့်လဲမေးရင် သူမဖြေဘူး ။
အဲ့ဒီကောင်မလေးကလေ... ဘာလေးမှန်းကို မသိတာ ကော်ဖီသာ အသားထဲစိမ့်ဝင်တတ်ရင် တစ်ကိုယ်လုံးဟာ ကော်ဖီရောင်သန်းနေလောက်ပြီ... မသောက်နဲ့လို့ တားမရတဲ့အဆုံး အများကြီးမသောက်နဲ့ဆိုတဲ့ စကားနဲ့ပဲ ဆုံးမရတယ်... မထင်ရင်မထင်သလို သတိမထားမိရင် မထားမိသလို ခိုးသောက်နေတုန်းပဲ ။
တစ်ခုပဲ စိတ်ပူတာပါ... ချစ်တတ်တဲ့နှလုံးသားလေး အချိန်မလွန်ခင် ဖျားနာမှာပဲစိုးတာပါ ။
#သျှင်ယွန်း
Crd ShinYoon