30/10/2025
Incentive (ဆွဲဆောင်မှု) နှင့် Commission (ရောင်းရငွေအပေါ် ခံစားခွင့်)
စီးပွားရေးလောကမှာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နှင့် ရောင်းအား တိုးတက်စေရန်အတွက် (Compensation) ဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်တယ်၊ ဒီစနစ်မှာ Commission (ရောင်းရငွေအပေါ် ခံစားခွင့်) နှင့် Incentive (ဆွဲဆောင်မှု) ဆိုပြီး ကွဲပြားတဲ့ ချဉ်းကပ်မှုနှစ်မျိုး ရှိတယ်၊ အချို့ စီမံခန့်ခွဲသူတွေက Commission တစ်ခုတည်းဖြင့်သာ ဝန်ထမ်းတွေကို လှုံ့ဆော်နိုင်တယ်လို့ ယူဆကြပေမယ့်၊ဒီနှစ်မျိုး၏ရဲ့ ကွဲပြားတဲ့ ရည်ရွယ်ချက်နှင့် အသုံးပြုပုံကို နားလည်ခြင်းကသာ ပိုမို ထိရောက်တဲ့ ရောင်းအားမဟာဗျူဟာတွေကို ချမှတ်နိုင်မှာဖြစ်တယ်။
Commission ဆိုတာဟာ ဝန်ထမ်းတစ်ဦး (အထူးသဖြင့် ရောင်းချသူ) မှ သူကိုယ်တိုင် ရောင်းချပေးနိုင် တဲ့ ပမာဏ သို့မဟုတ် ဝင်ငွေအပေါ်မှာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း အတိုင်း ပုံမှန်ရရှိသော ငွေကြေး ဖြစ်တယ်။
အဓိကရည်ရွယ်ချက်နှင့် သွင်ပြင်လက္ခဏာတွေအနေနဲ့ တိုက်ရိုက်ချိတ်ဆက်မှု (Direct Link)အရ လုပ်အားနှင့် ရလဒ်ကို တိုက်ရိုက်ချိတ်ဆက်ပေးပြီး၊ရောင်းအားများလေ၊ ရရှိသော Commission များလေ ဖြစ်ပါတယ်၊ ပုံမှန်ဝင်ငွေ (Regular Earnings):အရရောင်းချသူတွေအတွက်သူတို့ရဲ့ ပုံမှန်ဝင်ငွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကြပါတယ်၊ (ဥပမာ- လစဉ် ပေးချေခြင်း) ရှည်ကြာတဲ့ လှုံ့ဆော်မှု (Long-term Motivation)အရ ကုမ္ပဏီရဲ့ ဝင်ငွေရည်မှန်းချက်တွေနှင့် ကိုက်ညီတဲ့ ရောင်းအား ပမာဏကို စဉ်ဆက်မပြတ် တည်ငြိမ်စွာ လုပ်ဆောင်စေဖို့ လှုံ့ဆော်ပါတယ်၊ ဖွဲ့စည်းပုံ (Structure)အရ ရောင်းရငွေရဲ့ သတ်မှတ်ရာခိုင်နှုန်း (ဥပမာ - ရောင်းအား $1000 လျှင် 5%) သို့မဟုတ် အဆင့်လိုက် သတ်မှတ်ခြင်း (Tiered Commission) ပုံစံမျိုးဖြစ်ကြပါတယ်။
အသုံးပြုသင့်တဲ့ အခြေအနေအားဖြင့် ရောင်းချသူတွေရဲ့ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်လိုသည့်အခါ၊ ရောင်းအားပမာဏ (Sales Volume) သို့မဟုတ် ဝင်ငွေ (Revenue) ကို အဓိကထားတဲ့ ရည်မှန်းချက်တွေချမှတ်လုပ်ဆောင်ရတဲ့အခါ်မျိုးမှာ အသုံးပြုသင့်ပါတယ်။
Incentive ဆိုတာကတော့ ဝန်ထမ်းတွေကို သတ်မှတ်ထားတဲ့ အပြုအမူတွေ သို့မဟုတ် ပန်းတိုင်တွေ အောင်မြင်စေရန်အတွက် လှုံ့ဆော်ပေးဖို့ ရည်ရွယ်တဲ့ ငွေကြေး သို့မဟုတ် ငွေကြေးမဟုတ်တဲ့ ဆုလာဘ် တွေကိုခေါ်ဆိုတာဖြစ်တယ်၊ Commission ဟာ Incentive တစ်မျိုးဖြစ်နိုင်သော်လည်း Incentive ဟာ Commission ထက် ပိုမိုကျယ်ပြန့်ပါတယ်။
အဓိကရည်ရွယ်ချက်နှင့် သွင်ပြင်လက္ခဏာအားဖြင့် ကျယ်ပြန့်တဲ့ ပန်းတိုင်တွေ (Broader Goals)ချမှတ် ပြီး ရောင်းအားပိတ်သိမ်းခြင်းအပြင် အခြားသော အပြုအမူတွေ (ဥပမာ- ဝယ်ယူသူဝန်ဆောင်မှု ပိုမို ကောင်းမွန်စေခြင်း၊ အဖွဲ့အစည်းပူးပေါင်းဆောင်ရွက်မှု၊ ထုတ်ကုန်အသစ် သင်တန်းအောင်မြင်ခြင်း) ကို လှုံဆော်ဖို့အတွက်သုံးသလို၊ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း (Flexibility)အရကုမ္ပဏီရဲ့ လိုအပ်ချက် ပေါ်မူတည်ပြီး အချိန်မရွေး၊ အကြောင်းအမျိုးမျိုးကြောင့် ပေးနိုင်တဲ့ အပိုဆုလာဘ်တွေဖြစ်တယ်၊ (ဥပမာ- သုံးလပတ်အကောင်းဆုံးရောင်းချသူ၊ ထုတ်ကုန်အသစ် ရောင်းအားမြှင့်တင်ရေး)
ငွေကြေးနှင့် ငွေကြေးမဟုတ်သော ဆုလာဘ် (Monetary & Non-Monetary)အရ Bonus (အပိုဆုကြေး)၊ ခရီးစရိတ်၊ ရှယ်ယာပေးတာ၊ ငွေကြေးမဟုတ်တဲ့ အသိအမှတ်ပြုခံရမှု (Public Recognition)၊ အားလပ်ရက် အပိုရက်များ၊ အဖွဲ့လိုက်စားပွဲတွေစီစဉ်ပေးတာ၊ စိတ်ဓာတ်မြှင့်တင်ခြင်း (Morale Boost)အရ ဝန်ထမ်းတွေရဲ့ ထူးချွန်တဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်းဖြင့် စိတ်အား ထက်သန်မှုကို မြှင့်တင်ပေးတာမျိုးဖြစ်ပါတယ်။
အသုံးပြုသင့်တဲ့ အခြေအနေကတော့ ရေတိုရည်မှန်းချက်များ (ဥပမာ- လကုန်အတွင်း သတ်မှတ် ပမာဏ ပြည့်မီရန်) ကို အရှိန်အဟုန်ဖြင့် တွန်းအားပေးလိုသည့်အခါ၊ ရောင်းအားပိတ်သိမ်းခြင်းထက် ကျော်လွန်တဲ့ အပြုအမူတွေ ကို လိုချင်သည့်အခါ၊အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကို အားပေး လိုတဲ့အခါမျိုးမှာ အသုံးပြုသင့်ပါတယ်။
ခေတ်မီတဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ Commission သို့မဟုတ် Incentive တစ်ခုတည်းကိုသာ ရွေးချယ်အသုံးပြုလေ့မရှိသလို Commission နှင့် Incentive နှစ်မျိုးလုံးကို ဟန်ချက်ညီညီ ပေါင်းစပ်အသုံးပြုခြင်းဖြင့် အကောင်းဆုံး ရလဒ်ကို ပေးစွမ်းနိုင်တာ တွေ့နိုင်မြင်နိုင်ပါတယ်။
Commission ဟာ ရောင်းအားအဖွဲ့ရဲ့ "အင်ဂျင်" ကဲ့သို့ စဉ်ဆက်မပြတ် လည်ပတ်စေပြီး ဝင်ငွေကို တည်ငြိမ်စွာ ယူဆောင်လာစေတာမျိုးဖြစ်ပြီး၊ Incentive ကတော့ဒီအင်ဂျင်ကို လိုအပ်တဲ့အခါမှာ "တွန်းအား" ပေးတဲ့ Booster ကဲ့သို့ သီးခြားပန်းတိုင်တွေကို အရှိန်အဟုန်ဖြင့် ပြည့်မီစေတာ မျိုးဖြစ်တယ်။
Commission ဟာ ဝန်ထမ်းတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို တိုက်ရိုက် ငွေကြေးဖြင့် ဆုချခြင်းဖြစ်ပြီး ဖွဲ့စည်းပုံရှိတဲ့ ပေးချေမှု့စနစ် ကို ဖန်တီးပေးထားပြီး၊Incentive ကတော့မူအရ ပြောင်းလွယ်ပြင်လွယ် ရှိတဲ့၊ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ဆုလာဘ် ဖြစ်ပြီး၊ ရောင်းအားပိတ်သိမ်းခြင်းထက် ကျော်လွန်သော အပြုအမူကောင်းတွေကို လှုံ့ဆော်ပါတယ်၊ဒီနှစ်မျိုးကို ပညာရှိစွာ ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် ကုမ္ပဏီတွေဟာ ရေတို/ရေရှည် ရည်မှန်းချက်တွေအားလုံးကို ထိရောက်စွာ အောင်မြင်စေနိုင်ပြီး၊ စိတ်အားထက်သန်၍ စွမ်းဆောင်ရည်မြင့်မားတဲ့ ရောင်းအားအဖွဲ့ကို တည်ဆောက်နိုင်မှာဖြစ်တယ်။