Memories by Ursula

Memories by Ursula ❤️love yourself ❤️

07/09/2023

ညဘက်ဗိုက်ဆာနေတဲ့ Chubby girlလေးတွေ သရေကျအောင်
Ursula ဘာဂါလာစားပြတာပါ❤️

05/09/2023

ညတိုင်းညတိုင်း Ursula မှာ
ရေသူမအသံခိုးဖို့ မစဥ်စားရဘူး
ဒီကလေးနစ်ယောက်
roတာတွေဘဲထိုင်ကြည်နေရတယ် 🥹🥹🥹

ကယ်ကယ် ursula ၁၁ရက်နေ့ ၈လပိုင်းတုန်းက Paris Wedding Studio မှာသွားရိုက်ထားတဲ့.ပုံလေးတွေကို photo editing လုပ်ပြီးသားလေးရ...
05/09/2023

ကယ်ကယ် ursula ၁၁ရက်နေ့
၈လပိုင်းတုန်းက Paris Wedding Studio မှာ
သွားရိုက်ထားတဲ့.ပုံလေးတွေကို
photo editing
လုပ်ပြီးသားလေးရလာပါပြီး🙈💗

review video links လေးကဒီမှာပါ🖤

https://fb.watch/mSYcjeWUg9/?mibextid=Nif5oz

Editပြီးသာ ပုံလေးရဖို့ ရက်၂၀ စောင့်ရပါတယ်
မွေးနေ့အတွက်ရိုက်တာမျိုးဆိုရင်တော့
ကြိုရိုက်ထားဖို့ ursula အကြံပေးခြင်ပါတယ်🖤

Photo editing ကိုတော့ 4stars ပေးပါတယ်🤩💗
သဘာဝဆန်ဆန်လေး ဖြစ်တယ်
အရမ်းပိန်ပေးတာမျိုးမရှိဘဲအဆင်ပြေတယ်🤩
အသားကတော့အရမ်းဖွေးထားသလိုခံစားရလို့
သိပ်တော့သဘောမကျဘူး🥺🖤

ဒါနဲ့ အားလုံးခြုံငုံပြီးကြည်ရင်တော့
3stars ပေးပါတယ်❤️

Ursula တို့လို့ Chubby girlလေးတွေအတွက်
အရမ်းအဆင်ပြေတာမို့
ပုံရိုက်ချင်တဲ့ Chubby girlလေးတွေကို
Ursulaက recommend ပေးပါတယ်💗

နောက်ထပ် memories များကြီးနဲအတူ postလေးတွေ ထပ်တင်ပေးပါဦးရှင့် ❤️

25/08/2023

ဒီနေ့လေးကတော့ Ursula ရဲ့
ကြောင်လေးတွေကို ကျွေးတာလေးနဲ့
Ursula ဘဲဘဲနဲ့dateတာလေးကို
Sharing လုပ်ပေးမှာပါ❤️

မနက်ဖြန် စနေ့နေလေးမှာ ချစ်ချစ်လေးတွေနဲ
လည်ဖို့စိတ်ကူးနေတဲ့ Chubby လေးကြည့်ပြီး
စိတ်ကူးယဥ်လို့ရအောင်တင်ပေးလိုက်ပါတယ် ❤️

သွားခဲ့တဲ့နေရာလေးကတော့
108 outdoor food space လေးပါ
စစချင်းကတော့စျေးကပိစိကွေးကြီးနေတယိ
ထင်ရပင်မဲ့
ပုဂံရောက်လာတော့ကြက်ပေါင်းမြင်လိုက်တဲ့အချိန်မှာ တန်မှန်းသိသွားတယ်❤️

အရသာကတော့ ကြက်သား အိအိလေးနဲ ခေါက်ဆွဲဖတ်ရဲ့နူညံတဲ့အရသာလေးကို
ခံစားရတယ် တကယ်ပါးစပ်ထဲကို
ပျော်ဝင်သွားတယ်❤️

ပုံရိုက်လို့လဲကောင်းသလို
စကားပြောရတာသီသန့်လေးဖြစ်လို့
dateဖို့အတွကိအဆင်ပြေတဲ့အတွက်
Chubby လေးတွေဖို့ sharing
လုပ်ပေးလိုက်ပါတယ် ❤️

https://www.facebook.com/108OD?mibextid=ZbWKwL

23/08/2023

Ursula ဖြစ်နေရတဲ့အကြောင်းအရင်း 😮‍💨

ဒါလေးက Paris Wedding Studio  ရဲ့ Frist dress result reviewလေးပါ❤️Editမယူထားတာတောင်အရမ်းလှပါတယ် Ursula ကတော့Photo result ...
18/08/2023

ဒါလေးက Paris Wedding Studio ရဲ့
Frist dress result reviewလေးပါ❤️
Editမယူထားတာတောင်
အရမ်းလှပါတယ် Ursula ကတော့
Photo result လေးကို 3stars ပေးပါတယ်❤️

Ursulaရဲ့ပုံစံကိုအများကြီး change မလုပ်ဘဲ
Cutie lookလေးဖြစ်စေပြီးတော့
ပုံလေးတွေက
Edit မပါတာတောင်ပုံစံကျပြီး colour tone လေးလဲအဆင်ပြေတာမို့ ursula တော့သဘောကျပါတယ်❤️

5starsမပေးရတာလဲဆိုတော့
လည်ပင်းအရောင်နဲ
မျက်နာအရောင်နဲမတူတာပေါ့နော်☹️
မိတ်ကပ်မှာကတည်းက ချွေတာထားတော့
No Edit ယူထားတဲ့ ပုံ၁၁ပုံက
အရောင်တော်တော်ကွာနေလို့ Ursula
မလုပ်တတ်လုပ်တတ်နဲ Editရလို့ပါ☹️❤️

Second dress လေးကတော့
ဆိုင်က Package မှာပါတဲ့အတိုင်း 12
Editလုပ်ပေးမှာမို့ results လေးမရသေးလို့
စောင့်နေပါတယ် ရတာနဲ reviewလေးနဲအတူ
ပြန်လာခဲ့ပါမယ်
ကျေးဇူးတင်ပါတယ်ရှင့် ❤️

အောက်က ပုံလေးတွေကursula
editလုပ်ထားတဲ့ပုံလေးတွေလဲပါပါတယ်ရှင့်❤️

13/08/2023

Paris Wedding Studio Review

Ursula ဒီနေ့ sharing လုပ်ပေးမှာကတော့
Chubby girl လေးတွေအတွက်
ဓါတ်ပုံဆိုင်လေးပါ📸

Ursula က solo Promotion Package
လေးကို discountsမှီလို့ 88000နဲဝယ်ပြီး
ရိုက်ဖြစ်တာပါ 😍
သူPackage လေးမှာက ဝတ်စုံ၂စုံ နဲ
Accessory နှစ်စုံပါပါတယ်
Photo with Edit 12ပုံ
hair &Makeups 2စုံစာပါပြီးသားပါ ❤️

ပထမဆုံးကတော့သူကရက်ချိန်း
၁ပတ်ကြိုယူရပါတယ်
နောက်ပြီးချိန်းတဲ့အချိန်ကို
နာရီဝက်ထက်ပိုနောက်ကျမရပါဘူးနော်❤️
Ursula က မေမြို့ကနေ မန္တလေး ဆင်းရတာမို့
မနက်၄နာရီထ ၆နာရီကားနဲ
၈နာရီအရောက်သွားရပါတယ်❤️

👗 DRESS Review

ရောက်တော့ အဝတ်အစား 2စုံ ရွေးရပါတယ်
ပေါင်160 /170 လောက်အတွက်
အကျီတွေကတော်ပါတယ်😛❤️
180/190လောက်ဆိုရွေးချယ်စရာနည်းပါတယ်
Ursula ကတော့ ဂျီများတော့ ကြိုက်တဲ့
အစုံနစ်စုံကို နာရီဝက်လောက်
အချိန်ယူလိုက်ရပါတယ်⏳️❤️
နောက်ပြီး ကိုယ်လုံးနဲ
ကွက်တိမကျမှာစိတ်ပူစရာမလိုပါဘူးနော်🤩
သူတို့အနောက်ကနေ အပ်ချညိကြိုးနဲထိန်းပေးတာတို့ ကိုယ်အတိုင်းနဲကို ကွက်တိ
fittingပြန်ချပေးပါတယ်
ဝတ်စုံလေးတွေက ဟောင်းတဲ့ပုံပေါက်ပင်မဲ့
ပုံရိုက်ရင်မသိသာတော့ပါဘူး🤫
Chubby girlလေးတွေကို ဒီဆိုင်လေးကတော့
Highly recommend ပေးပါတယ်🥳

Makeups 💄

မျက်ခုံးမွေးမရိတ်ချင်တဲ့ Ursula ကို
အဆင်ပြေအောင် ပြင်ပေးတယ် 🤩
ကိုယ်ရစ်သမျှ ဟိုနားမကြိုက်ဒီနားမကြိုက် အကုန်ပြန်ပြင်ပေးပါတယ်
Ursula မကြိုက်တာလေးကတော့
Foundation နည်းနည်းပြာတာလေးပါ 😮‍💨
ဒါမဲ့ပုံထဲမှာတော့တောိတော်လေးလှသွားပါတယ်
နောက်ပြီး လည်ပင်းကို
အရောင်မညှိပေးတာကတော့ဆိုးပါတယ်🫥

Hair 👩‍🦰

သူက ဆံပင်ပုံစံလေးစဥ်စားလာတာရှိလား
သေချာမေးပါတယ်မရှိရင်
ကိုယ်ဝတ်မဲ့ဝတ်စုံနဲအလိုက်
အရမ်းလှအောင်ပြင်ပေးပါတယ်❣️
ကိုယ်က မေမြို့ကဆင်းလာတော့ ဆံပင်ကလေတိုက်ပြီး ရူပ်နေတာတောင်
လှအောင်ပြင်ပေးထားတယ်
သဘောအကျခဲ့ရဆုံးက ဆံပင်ပါဘဲ❤️‍🔥

👠 Heel 👠

သူတို့ကဖိနပ်ဆိုဒ်မေးပြီး ဝတ်စုံနဲလိုက်မဲ့ဟာ
လာပေးပါတယ် Ursula ဝတ်ရမဲ့
ဖိနပ်ကတော့တောိတော်စုတ်နေလို့
ကွကိုယ် ဖိနပ်စဥ်မှာသွားရွေးခဲ့ပါတယ်
အဲတော့လှလှလေးတော့ရခဲ့တယ်🫣

Hair accessories & earrings 👸

အဲတာလေးက
ကိုယ်ဝတ်စုံနဲလိုက်မဲ့ဟာလေးယူပေးပါတယ်
ဒါမဲ့ကိုယ်မကြိုက်လို့ လဲမယ်ဆိုလဲ
ထပ်ရှာပေးတယ်🤤
Ursula ဆို အဲမှာတငိအချိန်တော်တော်
ကြာခဲ့ပါတယ်🤐

Customer Services 🤩

Makeupလိမ်းပေးတဲ့ အမက တရုတ်လူမျိုးဖြစ်တဲ့အတွက် စကားမပြောတတ်တော့
နည်းနည်းချေမိုးတယ်လို့ထင်ရတယ်😬

ဓါတ်ပုံရိုက်ပေးတဲ့အကိုနဲ
ဘေးကကူးပေးတဲ့အကူမောင်လေးနဲ့ က
Friendly and funny ဖြစ်တယ်
အဲတာကြောင့် Ursula ရိုက်ချင်တဲ့ပုံစံကို
အားမနာတန်ပြောရပြီး
Camera ကိုမကြောက်ခဲ့ရပါဘူး🥳

ဘေးကကူးပေးတဲ့ Helper ညီမလေးကတော့
အရမ်းသဘောကောင်း
ပုံရိုက်တဲအချိန်မှာ Postတစ်ခုရိုက်ပြီးတာနဲ
ဆံပင် ဂါဝန်ကိုတခါပြင်ပေးတယ်
ဖိနပ်ကအစစီးပေးလို့ ursula တော်တော်
အားနာခဲ့ရတယ်❣️❣️

ကိုယ်ဘာသာကိုယ်
Princess လေးတစ်ယောက်လိုခံစားစေခဲ့ရတယ်
ရွေးချယ်စရာတွေနဲ careလုပ်ပေးနေတဲ့
ညီမလေးတွေနဲ အရမ်းသဘောကျခဲ့တယ်💗

Time ⏳️

မနက်၈နာရီရောက်ရင်
ညနေ၂နာရီလောက်ဆိုပြီးပါပြီး❤️
ဒါမဲ့Ursulaက ပုံရွေးဖို့
မန္တလေးနောက်တစ်ခေါက်မဆင်းနိင်လို့
တခါထဲပုံရွေးနေတာနဲ
ညနေ၄နာရီလောက်အထိကြာခဲ့ပါတယ်

စကားမစပ်
ပုံလေးက ၁၂ပုံPackage ထဲမှာပါတာမို့
တစ်ပုံပိုရင် ၄၀၀၀နူန်းထပ်ပေးရပါတယ်
Edit နဲ့ဆို 8000ပေးရပါတယ်
အဲတာနဲUrsulaကတော့ 53ပုံမှာ
23ပုံရွေးပြီး11ပုံပိုခဲ့ပါတယ်❤️❤️‍🔥

Money 💰

Packageက 88000
အပို၁၁ပုံ 44000ထပ်ပေးခဲ့ရပါတယ်
မေမြို့ကနေအမေနဲအသွားအပြန်ခ
40000နဲ့ စားစရိတ်က20000နဲဆိုတော့
Ursula ကတော့ 192000ကျခဲ့ပါတယ်
Promotion စျေးနဲမို့ တန်တယ်လို့ခံစားရတယ်
Promotion မရှိရင်တော့
စျေးများတယ်လို့ထင်တယ်🤔

ပုံresults လေးတွေကို ပုံလေးရတာနဲ
တင်ပေးပြီး
Review လေးထပ်လာပါမယ်😍

လိပ်စာလေးက
64လမ်း 107/108ကြား ပါရှင့် ❤️

12/08/2023

Sunday မှာ Chubby girlလေးတွေ
အစားတစ်လိုင်းကောင်မလေးတွေ
ကောင်လေးတွေနဲ dateဖို့အတွက်
Ursula ရဲ့ ,Buffet dateလေးကို
sharing လုပ်ပေးပါမယ်🖤

Fashion ပိုင်းမှာတော့ buffet စားမှာမို့
ပေါ့ပေါ့ပါးပါး စကပ်လေးနဲပုံမှန်ဝတ်တဲ့ အက်ျီလေးဘဲတွဲဝတ်ဖြစ်တယ်🖤
ဒီရက်ပိုင်း
ပန်းရောင်လေးတွေဓါတ်ကျနေတာမို့
စကပ်ပန်းရောင်ကိုမှ အက်ျီ အဖြူလေးကို
စပ်ပြီးဝတ်ထားပါတယ်
အိတ်လေးကိုလဲ ပန်းရောင်လေးဘဲ
ဆင်တူ လွယ်ဖြစ်ပါတယ်🖤

Place....
ပြင်ဦးလွင်မြို့မှာရှိတဲ့
7000တန် ဆုယဥ်လတ်လို့ခေါ်တဲ့
Buffet ဆိုင်လေးပါ 🖤

12/08/2023

🖤Ursula photoshoot 🖤
Review လေးမကြာခင်လာမယ်နော်

Address

Maymyo

Telephone

+959781354353

Website

Alerts

Be the first to know and let us send you an email when Memories by Ursula posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category