Travelling mg htun

Travelling mg htun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Travelling mg htun, Lan thar yar road, Maymyo.

အေးချမ်းတဲ့တောင်‌ လှေကားမြို့လေးကို Half day အော်ဒါလေးနဲ့ ထပ်မှန်ရောက်ရှိ မနက်ကဆို7 degreeဘဲရှိတယ်
08/12/2019

အေးချမ်းတဲ့တောင်‌ လှေကားမြို့လေးကို
Half day အော်ဒါလေးနဲ့ ထပ်မှန်ရောက်ရှိ

မနက်ကဆို7 degreeဘဲရှိတယ်

အခုတစ်ခါမှာတော့ ကြီးလေးကြီးတည်ရှိရာ ဧရာ၀တီမြစ်ဘေးမှာ ရှိတဲ့ မင်းကွန်းဒေသလေး အကြောင်းကိုတင်ပြပေးချင်ပါတယ်နော်။မင်းကွန်းဒေ...
05/12/2019

အခုတစ်ခါမှာတော့ ကြီးလေးကြီးတည်ရှိရာ ဧရာ၀တီမြစ်ဘေးမှာ ရှိတဲ့ မင်းကွန်းဒေသလေး အကြောင်းကိုတင်ပြပေးချင်ပါတယ်နော်။

မင်းကွန်းဒေသအကြောင်းပြောမယ်ဆိုရင် ဘိုးတော်ဘုရားအကြောင်းသာ်လညမပါမဖြစ် ထည့်သွင်းပြောကြားရမယ်ဗျ။

ဘိုးတော်ဘုရား၏ ငယ်နာမည်က မောင်းဝိုင်းပါတဲ့။ အင်းဝနေပြည်တော်ကို ဟံသာဝတီတပ်များ ဝိုင်းရံစဉ်က မွေးခဲ့တာမို့ သည်နာမည်ကို ပေးခဲ့တာပါ။ ခမည်းတော်က ကုန်းဘောင်နန်းတည် အလောင်းမင်းတရားကြီး ဖြစ်ပြီး မယ်တော်ကတော့ မဟာမင်္ဂလာရတနာဓိပတိ သီရိရာဇာစန္ဒယဒေဝီ ဘွဲ့ခံ မိဖုရားခေါင်ကြီး တို့ဖြစ်တယ်။ မောင်ဝိုင်းရဲ့ မွေးနေ့က ၁၇၄၅ခု မတ်လ ၁၁ရက်၊ တနင်္လာနေ့ပါတဲ့။ မင်းသားဘဝတုန်းက ဗဒုံမြို့နှင့် မြဝတီမြို့များကို စားရလို့ ဗဒုံမင်းသားလို့လည်း ခေါ်ဝေါ်ကြတယ်။ ၁၇၈၂ခု ဖေဖော်ဝါရီလ ၁၁ရက်၊ တနင်္လာနေ့မှာ နန်းတက်ခဲ့ပြီး နန်းစံ ၃၇နှစ်အကြာ ၁၈၁၉ခု ဇွန်လ ၅ရက်နေ့မှာ နတ်ရွာစံခဲ့တယ်။
ပုံများကိုထောက်၍ သမိုင်းကြောင်းများကိုလေ့လာနိုင်ပါတယ်။
ကြိုက်နှစ်သက်ရင် page လေးကို like လုပ်ပေးသွားဦးနော်။👍👍👍

အေဒီ ၁၃၆၄ မှာ သတိုးမင်းဖျားက အင်းဝမှာ မင်းနေပြည်တော်တည်ထောင်ခဲ့ချိန်ကစလို့ ဘိုးတော်ဘုရားကို ဆက်ခံသူ ဘကြီးတော်လက်ထက်အထိ န...
04/12/2019

အေဒီ ၁၃၆၄ မှာ သတိုးမင်းဖျားက အင်းဝမှာ မင်းနေပြည်တော်တည်ထောင်ခဲ့ချိန်ကစလို့ ဘိုးတော်ဘုရားကို ဆက်ခံသူ ဘကြီးတော်လက်ထက်အထိ နှစ်ပေါင်း ၄၀၀ ခန့် လေးကြိမ်တိုင်တိုင် မင်းနေပြည်တော်ဖြစ်ခဲ့တာ အင်းဝမြို့ဟောင်းပါ။ ၁၈၄၀ ပြည့်မှာ သာယာဝတီမင်းက မင်းနေပြည်တော်ကို အမရပူရကို ရွှေ့ပြောင်းလာခဲ့ ချိန်မှာ အင်းဝမြို့ဟာ မင်းနေပြည်တော်အဖြစ်ကနေ ဆိတ်သုဉ်းခဲ့ရတာပါ။

မြန်မာရာဇဝင်ကို လေ့လာမယ်ဆိုရင် "ပုပင်းအင်းတောင် ညောင်ရမ်းနောင် ကုန်းဘောင်နှစ်ခေတ်တွဲ" ဆိုသလို ခေတ်အဆက်အဆက်ရှိခဲ့ပါတယ်။ အင်းဝမြို့ဟောင်းမှာ ခေတ်အဆက်ဆက်က မင်းတို့ရဲ့ ဘုရားကျောင်းကန် တွေ၊ ပန်းချီ ပန်းပုအနုပညာ လက်ရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။အင်းဝမြို့ဟောင်းဟာ ပုဂံမြို့လောက် မကျယ်ပေမယ့် ရှေးဟောင်း ဘုရား၊ အဆောက်အအုံတွေဟာ ပုဂံနီးပါးကို လက်ညှိုးထိုးမလွဲ ဆိုသလို တွေ့ မြင်ရပါတယ်။

အင်းဝရဲ့ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ ရွှေစည်းခုံစေတီ၊စေတီလုံးပတ်ကြီးများတဲ့ လောကသရဖူဘုရား တွေ အပြင် ထီးလှိုင်ရှင်ဘုရား၊ ဒေါ်ဂျမ်းဘုရားစု၊ နဲ့ အခြား ရှေးဟောင်းဘုရားစေတီတွေကလည်း အများကြီးရှိပါ သေးတယ်။

ခေတ်အဆက်ဆက် မင်းနေပြည်တော်ရဲ့ သမိုင်းကြောင်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများကြီး ကျန်ရှိ နေသေးတဲ့ အင်းဝဒေသကို ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာဖို့ ဆန္ဒရှိသူတွေပဲဖြစ်ဖြစ်၊ အမှတ်တရ ဓာတ်ပုံရိုက်ချင်တဲ့သူတွေပဲဖြစ်ဖြစ် အခုလို ဆောင်တွင်းအချိန်အခါကတော့ သွားဖို့ အကောင်းဆုံး အချိန် အခါ အခွင့်အသင့်ဆုံးလို့ညွှန်းဆိုလိုက်ပါတယ်။
ခရီးသွား မှတ်တမ်းတွေကို စိတ်၀င်စားတယ်ဆိုရင်
ဤ page လေးကို like လုပ်ပေးဦးနော်👍👍

04/12/2019

အရင်ရက်တွေက ပြင်ဦးလွင်မြို့လေးမှာရှိတဲ့ လည်ပတ်စရာနေရာတွေ သမိုင်းကြောင်းလေးတွေကိုပြောပြ ပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ မင်းနေပြည်တော်‌ လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့တဲ့ အင်း၀မြို့လေးအကြောင်း ပြောပြမယ်နော်

တောင်လှေကားမြို့ဆိုသည့်အတိုင်း လှပတဲ့ အ ကွေ့ အကောက်အတတ်အဆင်းတွေနဲ့ လှချင်တိုင်းလှနေတဲ့မြို့လေးပေါ့။‌ခြောက်ထပ်ကွေ့ကနေကြည့...
03/12/2019

တောင်လှေကားမြို့ဆိုသည့်အတိုင်း လှပတဲ့ အ ကွေ့ အကောက်အတတ်အဆင်းတွေနဲ့ လှချင်တိုင်းလှနေတဲ့မြို့လေးပေါ့။
‌ခြောက်ထပ်ကွေ့ကနေကြည့်ရင် တောင်နှစ်လုံးကြားမှား စီးဆင်းနေတဲ့ ဒုဠ၀တ္တီ မြစ်ကိုလည်း မြင်ရတယ်နော်။
ပြင်ဦးလွင်ရောက်ရင် တရုတ်ဘုံကျောင်းလေးလည်းသွားဖို့မမေ့နဲ့နော်😄
ဝူခုံး ပါကျဲ ကွန်ရင်မယ်တော်ရုပ်ထု‌တွေနဲ့လည်းဓာတ်ဖမ်းလို့ရတယ်။
Traditional Chinese dress တွေလည်းငှားလို့ရတယ်နော်။
တရုတ်လူမျိုးတွေရဲ့ culture ကိုလည်းလေ့လာလို့ရတာပေါ့။

သာယာလှပတဲ့ရူ့ခင်းများနဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ် မျှော်စင်ကြီးကနေ တတ်ကြည့်ရင် တောတောင်တွေ နဲ့ ပြင်ဦးလွင်တစ်မြို့လုံးက...
03/12/2019

သာယာလှပတဲ့ရူ့ခင်းများနဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်
မျှော်စင်ကြီးကနေ တတ်ကြည့်ရင် တောတောင်တွေ နဲ့ ပြင်ဦးလွင်တစ်မြို့လုံးကိုမြင်ရတယ်

ပြင်ဦးလွင်မြို့အထွက်က YGW ခြံလေးပေါ့ဆိုက်ကားတွေစက်ဘီးတွေ ကို recycle ပြန်လုပ်ထားတာတွေ။အီဂျစ် တို့ရောမတို့ခေတ်ကလို အဆောက်...
02/12/2019

ပြင်ဦးလွင်မြို့အထွက်က YGW ခြံလေးပေါ့

ဆိုက်ကားတွေစက်ဘီးတွေ ကို recycle ပြန်လုပ်ထားတာတွေ။
အီဂျစ် တို့ရောမတို့ခေတ်ကလို အဆောက်အဦးပုံစံတွေ ။
ပန်းပင်တွေ ပီးတော့ မုဆိုးတွေရဲ့အိမ်တွေလို သားကောင်တွေရဲ့သားရေ အစစ်တွေနဲ့ အလှဆင်ထားတဲ့ နေရာလေးပေါ့။
ဓာတ်ဖမ်းလို့အရမ်းကောင်းတဲ့ နေရာလေးပေါ့။
စားသောက်ဆိုင်လည်းရှိတယ်နော် အစားအသောက်လည်းကောင်းတယ်။(အစားအသောက်ရောင်းချလို့ရတဲ့ အမြတ်တွေကလည်း မိဘမဲ့ ကလေးတွေ ကိုပြန်ပြီးထောက်ပံ့တာနော်)
လူရိုင်း၀တ်စုံတွေ ဦးထုပ်တွေလည်းငှားလို့ရတယ်နော်။
အရင်ကတော့ ကားအပ်ခ ဆိုင်ကယ်အပ်ခတစ်စီး ၁၀၀၀ ဘဲပေးရတာ အခုတော့ ၀င်ကြေးပေးရတယ်။

AGTI ညနေပိုင်းသင်တန်းက ဒီနေ့နောက်ဆုံးဖောင်တင်ရက်နော်
02/12/2019

AGTI ညနေပိုင်းသင်တန်းက ဒီနေ့နောက်ဆုံးဖောင်တင်ရက်နော်

တောင်လှေကားမြို့လေးရဲ့ မြို့‌ရှောင်လမ်းကနေ ဆင်ဂေါင်းလေး ရွာဆိုင်းဘုတ်‌ ေရာက်ရင် ညာချိုးပြီးသွားရတဲ့ စပျစ်ခြံလေးပေါ့ ။ခြံ...
02/12/2019

တောင်လှေကားမြို့လေးရဲ့ မြို့‌ရှောင်လမ်းကနေ
ဆင်ဂေါင်းလေး ရွာဆိုင်းဘုတ်‌ ေရာက်ရင် ညာချိုးပြီးသွားရတဲ့ စပျစ်ခြံလေးပေါ့ ။
ခြံထဲမှာစပျစ်ပင်တွေမှအများကြီးဘဲ စိတ်ကြိုက်ကိုယ်တိုင်ခူးပြီးတော့ g(ဂရမ်)နဲ့ ပေးရတာ ။
စားသောက်ဆိုင်မှာလည်း Chinese Food တွေ တော်တော်စုံတယ်။
အသီးတွေများတစ်ခိုင် တစ်ခိုင်အလေးကြီးဘဲ ပြွတ်နေတာဘဲ။
ခူးရင်းစားရင်းနဲ့ ကျန်တော်ကတော့ဗိုက်ပြည့်သွားတာဘဲ။

အေးချမ်းတဲ့ တောင်လှေကားမြို့လေးမှာရှိတဲ့ htoo organic farm လေ😘😘 အတွင်းခြံထိပ်ဂိတ်ပေါက်ထိ မိမိတို့ကားနဲ့မောင်း၀င်သွားလို့...
02/12/2019

အေးချမ်းတဲ့ တောင်လှေကားမြို့လေးမှာရှိတဲ့ htoo organic farm လေ😘😘
အတွင်းခြံထိပ်ဂိတ်ပေါက်ထိ မိမိတို့ကားနဲ့မောင်း၀င်သွားလို့ရတယ် ၀င်ကြေးလေးတော့ပေးရတယ် အဲ့၀င်ကြေးလက်မှတ်လေးတွေနဲ့ အတွင်းကနားနေဆောင်မှာမိမိတို့ကြိက်နှစ်သက်တဲ့ အသီးဖျော်ရည် တစ်ခွက်နဲ့ လဲသောက်လို့ရတယ် ။
ပြီးရင် ဂိတ်ပေါက်ကနေ သုံးဘီး ၊ထွန်စက်နောက်တွဲတွေနဲ့ စိုက်ခင်းတွေအထိလိုက်ပို့တယ် (ခါးမောက်လေးတွေဆောင်း ပ‌လိုင်း လေး‌တွေလွယ်ပြီးတော့) ဓာတ်ဖမ်းလို့အရမ်းမိုက်တယ်။
ပီးရင်တော့မိမိ‌တို့စိတ်ကြိုက်အသီးတွေ ခူးလို့ရတယ် မိမိတို့ခူးလာတဲ့အသီးတွေကိုအပေါ်ရောက်ရင် g(ဂရမ်)နဲ့ ချိန်ပြီး ငွေရှင်းပေးရမှာပါ အရမ်းတန်တယ် ခြံ၀င်းထဲမှာဆိုရင် ပတ်ပတ်လည်၀န်းရံနေတဲ့ တောင်တွေလည်းမြင်ရတယ် ရာသီဥတုကလည်းအေးနေတာဘဲ မိသားစုတွေအတွက်နားနေဆောင်လည်းရှိတော့အဆင်ပြေတာပေါ့။
Photo credit:

Address

Lan Thar Yar Road
Maymyo
100201

Website

Alerts

Be the first to know and let us send you an email when Travelling mg htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share