Chabuzz Mandalay

Chabuzz Mandalay Refresh your life with a cup of green tea

Dear Customers များရှင့် 😢ဒီစာရေးဖို့ကို ကျွန်မအချိန် တော်တော်ယူရပါတယ် ဆိုင်လေးကိုလဲ သံယောဇဉ်ရှိတာမို့ ဒီစကားလေး ပြောမထွ...
21/08/2023

Dear Customers များရှင့် 😢
ဒီစာရေးဖို့ကို ကျွန်မအချိန် တော်တော်ယူရပါတယ်
ဆိုင်လေးကိုလဲ သံယောဇဉ်ရှိတာမို့
ဒီစကားလေး ပြောမထွက်တာလဲပါပါတယ်

“ ကျွန်မတို့ ဆိုင်လေးကို ပိတ်သိမ်းလိုက်ပါပြီရှင့်”

ကုန်စျေးနှုန်းတွေ ၊ ကုန်ပစ္စည်းတွေ ၊
ရေ၊ မီး အခက်အခဲတွေ နဲ့ရင်ဆိုင်ရတော့
ခက်ခဲတဲ့ ကာလမှာ ဆိုင်လေး ရပ်တည်ဖို့
ခဲရင်းလာတာကြောင့် စိတ်မကောင်းစွာနဲ့
ပိတ်လိုက်ရတာကို အကြောင်းကြား နောက်ကျတဲ့အတွက်Chabuzz မိသားစုမှ အနူးညွတ်
တောင်းပန်ပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

အဆင်ပြေတဲ့ တနေ့ ဒီဆိုင်လေးကို ပြန်ဖွင့်ချင်တဲ့
ဆန္ဒလေး လဲရင်ထဲ ကိန်းအောင်းနေတုန်းပဲ🥺
စိတ်ဆန္ဒတွေ ပြည့်ဝပါစေလို့ပဲ ကြိတ်ဆုတောင်းမိတယ်

“ customers များအားလုံး စိတ်ချမ်းသာ၊
ကိုယ်ကျန်းမာနဲ့ မိမိလိုအင်ဆန္ဒများပြည့်ဝကြပါစေ၊ ရှေ့ဆက်ကြမယ့် ဘဝလမ်းခရီးမှာ အတားအဆီးမရှိ၊ ဖြတ်သန်းနိုင်ကြပါစေ “ 🫶🏻လို့ဆုတောင်းပေးပါတယ်

💌 Page လေးကို unfollow မလုပ်ပဲ
အအေးဆိုင်ဖွင့်လိုသူများ ၊ snacks ဆိုင်ဖွင့်လိုသူများ ၊ စာပို့ မေးမြန်းပြီး ဆွေးနွေးနိုင်ဖို့
အချိန်ရရင် သိသလောက်၊ တတ်သလောက်
ဖြေကြားပေးဖို့ ဆုံးဖြတ်ထားပါတယ်ရှင့်
အားမနာတမ်း မေးလို့ရပါတယ်နော် 🤝
အတူ “ Fighting “ ကြတာပေါ့ … ❤️❤️

ဆိုင်လေးပိတ်သွားတာကို မသိတဲ့ သူငယ်ချင်းတွေကို mention ခေါ်ပြီးပြောပြလို့ ရအောင် sharing လုပ်ပေးလို့ရပါတယ် ရှငိ့ ၊ ဒီတလော ဆိုင်ကို ဖုန်းဆက်မေးတဲ့ စစ်တို့၊ ကကြီးတို့နှင့် ဆိုင်အထိ အဝေးကနေလာရတဲ့ ဧည့်သည်များကိုလဲ အရမ်း အားနာမိပါတယ် ။😢😢

10/05/2023

နာမည်မှာ ” စိမ်း “ပါရင်
အအေးတစ်ခွက်
လာသောက်သွားပါ ။
(Thai green tea 🍵 )

ထမင်းကြော်လေးနဲ့ အအေးလေးတွေပဲ ရောင်းတာပါခေတ်က မကောင်းတာတမျိုး လူတွေလဲမကောင်းတော့ဘူး 🥲စားပြီးသောက်ပြီးတော့ ပိုက်ဆံရှင်းကာ...
03/05/2023

ထမင်းကြော်လေးနဲ့ အအေးလေးတွေပဲ ရောင်းတာပါ

ခေတ်က မကောင်းတာတမျိုး လူတွေလဲမကောင်းတော့ဘူး 🥲
စားပြီးသောက်ပြီးတော့ ပိုက်ဆံရှင်းကာနီး
အပြင်ထွက်ပြီး ပိုက်ဆံအကြွေသွားယူမယ်လို့ဆိုပြီး
ကိုယ့် အမေလောက်ရှိတဲ့ အန်တီ ရီးပြန်ဝင်မလာတော့ဘူး
သွားပြီ.. 🫠 ပိုက်ဆံလဲမရှင်းပဲနဲ့သွားပြီ

တခါမှ အဲ့လို မကြုံဖူးဘူးလေ
စားသောက်ဆိုင်ပိုင်ရှင်များလဲ မသင်္ကာတဲ့သူတွေဆို အပြင်ထိ ပိုက်ဆံလိုက်ယူပါ တော်နေအလိမ်ခံနေရပါအုန်းမယ် ၊

တန်ဖိုးမများပေမယ့် စိတ်တော့ယားတယ် 😬
ပိုက်ဆံမပါဘူးဆိုလဲ ကောင်းကောင်းပြောပေါ့
ဒီက ကျွေးနိုင်ပါတယ် လူကိုအထင်သေးတာ 😤
မကျွေးနိုင်ဘူးများ ထင်နေလားမသိဘူး

အခုတော့ ဒင်းက ကျွန်မကို😖 idiot လုပ်သွားတာ
😫မကျေနပ်သလိုလိုပဲ တွေးတိုင်းဒေါသထွက်တယ်
⚠️စားသောက်ဆိုင်များ သတိထားစရာအချက်မို့ပါ

အခုချိန်မှာ အခက်အခဲဆုံးကာလမို့ မကြုံစေချင်ဘူး
လျပ်စစ်မီးတွေပျက်တောက်တော့ အသား၊ငါး ၊ဟင်းသီး ဟင်းရွက်တွေ အ လ ဟ သ ဘယ်လောက်ဖြစ်မလဲ ၊ဟင်းမီနူးထဲကဟင်းပွဲတိုင်းအတွက်ထိန်းသိမ်းရအလေအလွင့်များရနဲ့
ရေခဲတွေလိုသလောက်မဝယ်နိုင်သလို
အထားမခံတော့ခဏလေးအရည်ပျော်ရနဲ့
ဘဝတူများခက်ခဲတဲ့ကာလကိုအားတင်းပြီး
အမြန်ဆုံးဖြတ်သန်းနိုင်ကြပါစေ❤️

ယနေ့ ဆိုင်ဖွင့် ပါတယ်ရှင့် ။ 🧊 အအေးဆိုင်ဖွင့်သူများ ရေခဲ ဝယ်ရတာ မှာယူရတာ အခက်အခဲရှိရင် ၊ မနက်စောစော (၆) နာရီ စက်ရုံကိုသွ...
22/04/2023

ယနေ့ ဆိုင်ဖွင့် ပါတယ်ရှင့် ။

🧊 အအေးဆိုင်ဖွင့်သူများ ရေခဲ ဝယ်ရတာ မှာယူရတာ အခက်အခဲရှိရင် ၊ မနက်စောစော (၆) နာရီ စက်ရုံကိုသွားရောက် ဝယ် ယူခြင်းဖြင့် အဆင်ပြေပါတယ်။
ရေခဲကားအလာကို စောင့်ရင်ရေခဲ ရဖို့ မသေချာလို့ပါ။
တချို့ စက်ရုံမှာတောင် ၈ နာရီဆို ရေခဲ ကုန်ပြီလို့ပြောတယ် ရှင့် ။
မြို့နယ်မတူလို့ ကုန်တဲ့အချိန်ကွာခြားခြင်းရှိပါတယ်
မိမိ ဝယ်ယူနေကျ စက်ရုံအား လျပ်စာစုံစမ်းပြီး သွားရောက်ဝယ်ယူခြင်းဖြင့် အဆင်ပြေပါတယ် ။

ဖုနိးဆက်လျှင် ( လာမည် ၊လာမည် ) ဟုဖြေဆိုပြီး တရက်ကူးသွားတတ်ပါသည်။
အချို့မှာ စက်ရုံမှာ ဖုန်းကို စက်ပိတ်တတ်ပါသည်။

အလုပ်အကိုင်များ အဆင်ပြေကြပါစေ ရှင် 🧊

April 21 🥲ယနေ့ ဆိုင်ပိတ်ပါတယ် ရှင့် ။ ရေဝယ် ရေကုန် ၊ ရေခဲဝယ် ရေခဲကုန် ၊ ဝန်ထန်းက မော်တော်ပီ ကေမိ 🫠 မီးကမလာ ၊ ရေမီတာက ပျက...
21/04/2023

April 21 🥲ယနေ့ ဆိုင်ပိတ်ပါတယ် ရှင့် ။

ရေဝယ် ရေကုန် ၊ ရေခဲဝယ် ရေခဲကုန် ၊
ဝန်ထန်းက မော်တော်ပီ ကေမိ 🫠
မီးကမလာ ၊ ရေမီတာက ပျက် 😵‍💫
ထမင်းကမကျက် ၊ gas ကကုန် 🤐
ရှမ်းပြည်ပြန်ပြီး လယ်လုပ်ချင်နေပြီ 🤧

💴 Phone Bill 10000 Ks လား ?🧋အအေး 4 ခွက်လား သောက်မလား ?😍ကကြီး နဲ့ ညလေးတို့ ကြိုက်တာရွေး ။ 👧🏻 မင်္ဂလာပါ ရှင့် ။ ဒီအောက်က ပ...
31/03/2023

💴 Phone Bill 10000 Ks လား ?
🧋အအေး 4 ခွက်လား သောက်မလား ?
😍ကကြီး နဲ့ ညလေးတို့ ကြိုက်တာရွေး ။

👧🏻 မင်္ဂလာပါ ရှင့် ။

ဒီအောက်က ပုံ 2 ပုံကိုကြည့်ပြီး
- Caption လေးပေးရအောင်
- milk tea /thai tea 🧋ကဗျာလို
- coffee အကြောင်း၊ အအေးအကြောင်းလို
-ဟာသ သဘောလဲ ဆောင်နိုင်ပါတယ်

( ဥပမာ- ဘဝကခါးတယ် ၊ ပုလဲကချိုတယ် ၊ဟုတ်တယ်ဟုတ် 🤪)

Comment မှာ ပုံနဲ့ လိုက်ဖက်တဲ့ caption ပါ။
ရွေးခြယ် ခံရတဲ့ account ပိုင်ရှင် (၁ )ဦးနှင့် comment တွင် likes အများဆုံး ရရှိတဲ့( ၁ ) ဦး ကို
💵 phone bill 10000 Ks ( သို့ )
ဆိုင်မှအအေး 4 ခွက် လက်ဆောင်ရယူနိုင်ပါတယ်

Second chance အနေနဲ့ …
🆘မှတ်ချက် 💗chabuzz ဆိုင်မှ လူကြီးမင်းတို့ရဲ့ caption ကို သုံးစွဲပါက အကောင့်ပိုင်ရှင်ကို အကြောင်းကြားပြီး phone bill 5000 ( Or ) အအေး 2 ခွက် ရွေးခြယ်နိုင်ပါတယ် ။
😆သဘောက admin ဗျာများတတ်လို့ပါ ။

Top 30 or 50 ပြိုင်ပွဲဝင်ကို ပထမဦးစားပေးရွေးခြယ်ပါမည်။ ရက်မကန့်သတ်ပါရှင့် ၊

62လမ်း ၊33 လမ်းထောင့် ၊ ချမ်းအေးသာဇံ ။
09 448554448 / 09 2055262

Delivery App By Food Panda .

Like & Share လုပ်ခြင်းဖြင့် comment အတွက် like ကို စစ်ကူခေါ်နိုင်ပါတယ် ရှင့် 😘

🎶 ကော်ဖီဆိုရင် ခါးခါးသောက်မိတယ် 🥲 …
03/03/2023

🎶 ကော်ဖီဆိုရင် ခါးခါးသောက်မိတယ် 🥲 …

Chabuzz ရဲ့ ထုံးစံ အတိုင်း ၊ မနက်ဖြန် V day မှာ , FA များ နဲ့ အတူတူ ဖြတ်သန်းမယ်။ 🍫chocolate ကို အရည်ဖျော်သောက်မယ့် အစီစဉ...
13/02/2023

Chabuzz ရဲ့ ထုံးစံ အတိုင်း ၊ မနက်ဖြန် V day မှာ , FA များ နဲ့ အတူတူ ဖြတ်သန်းမယ်။

🍫chocolate ကို အရည်ဖျော်သောက်မယ့် အစီစဉ်ရှိပါတယ် ။

တစ်ယောက်တည်း လာခဲ့ပါ FA အတွက် FOC 😝နော် ။
🚫Take Away တော့ မရပါဘူးရှင့် ။ 🫠

RS များ Buy 1 Get 1 Free ( only v’day ) 🫶🏻

Chabuzz Mandalay  ❤️
26/01/2023

Chabuzz Mandalay ❤️

2023 မှာ အအေးဆိုင်ရောက်ရင် လက်နှစ်ချောင်းရီး ထောင်တဲ့ခေတ် ကုန်သွားပြီတဲ့✌️🫣အာ့ဆို 🤔ဒီလိုလေးတွေရိုက်ကြည့်စေချင်တယ် အဲ့လို...
19/01/2023

2023 မှာ အအေးဆိုင်ရောက်ရင် လက်နှစ်ချောင်းရီး ထောင်တဲ့ခေတ် ကုန်သွားပြီတဲ့✌️🫣
အာ့ဆို 🤔ဒီလိုလေးတွေရိုက်ကြည့်စေချင်တယ်
အဲ့လိုလေးတွေနေ ၊ အဲ့အချိုးစားတိုင်းညှိရိုက်ရင်
ဆယ်လီ ၊ ဆယ့်တစ်လီ ထက်ချောသွားမှာနော် 😍
Glow ပြီးရင်း glow လှတထက် လှကြပါစေ😍

16/01/2023

Coffee သောက်မှ အိပ်ပျော်တဲ့သူရှိသလို

တနေကုန် ထမင်းမစားရရင်နေပ့ါစေ coffee သောက်ရင် ဗိုက်ဝနေတဲ့ သူလဲရှိတယ်

ကိုယ်ကလွဲပြီး ဘယ်သူဖျော်ဖျော် သောက်ကောင်းတဲ့ coffee လဲရှိတယ်

500 ml coffee တစ်ခွက်ကို တစ်လုတ် တလုတ်နဲ့ 
တနေကုန် သောက်တဲ့သူ လဲဲရှိသေးပြန်တယ်

Coffee ကို တစ်ခွက် လေးငါးထောင်နဲ့ coffee စစ်စစ်မှ ကြိုက်တဲ့သူလဲ တခါတလေ မစ်ကိုတို့ ပရီမီယာတို့နဲ့ လဲဖြစ်တယ်

Coffee မသောက်တတ်တုန်းက သူများကို coffeeလျော့သောက် ညအိပ်မပျော်ပဲနေမယ် ဆိုတဲ့သူ

Coffee သောက်ရင် ရင်တုန်ပြီး ပျို့ချင်တယ်လို့ပြောတဲ့သူ

Coffee က ကဖိင်းဓါတ်ပါတယ် ဘာညာဇီဇာကြောင်သလိုလိုနဲ့သူ

အခုတော့ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြရင်
တောင် ဆရာဝန်က အစားရှောင်ခိုင်းရင်
“ coffee ရော သောက်လို့ရလားဆရာ” ဆိုတဲ့ကျွန်မ
သမီးလက်ရာဆိုလဲ ဖြစ်တယ်၊ သောက်မယ် 😂😂

ဆိုင်ပိတ်လဲ Coffee , နေ့လယ်ငိုက်လဲ Coffee 
Breakfast စားပြီးလဲ Coffee 🫠

“ coffee coffee , please please “❤️💕

Iced coffee- 2500 Ks
Nest Latte - 3000 Ks

Address

62st, Bet;32& 33
Mandalay

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

09448554448

Website

Alerts

Be the first to know and let us send you an email when Chabuzz Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category