OFFEE Coffee

OFFEE Coffee Boost Your Soul

ကော်ဖီချစ်သူတွေအတွက် 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 မှ သတင်းကောင်း🌬️☘️☘️ကျနော်တို့ Showroom လေးကတော့ လက်ရှိပိတ်ထားဆဲပါ။ လက်ကားသမား ဆိုင်သု...
20/07/2026

ကော်ဖီချစ်သူတွေအတွက် 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 မှ သတင်းကောင်း🌬️☘️☘️

ကျနော်တို့ Showroom လေးကတော့ လက်ရှိပိတ်ထားဆဲပါ။
လက်ကားသမား ဆိုင်သုံးနဲ့ Hotel တွေအတွက်တော့ အပြည့်အဝ ဖြည့်ဆည်းပေးနေဆဲပါ။

ဆိုင်လာဝယ်ချင်တဲ့ချစ်တို့ကတော့ သည်းခံပေးပါအူးနော
Online order လက်ခံပေးနေတာမို့ ကျနော်တို့ရဲ့ ဆိုင်ဖုန်း, Facebook messenger, TikTok account ကနေ အော်ဒါလေးတင်ထားလို့ရပါတယ်။
ရသလောက် လက်ရွေးသန့်စင်ပြီးသားတွေကို စနစ်တကျ Profile အမှန်အကန်နဲ့ လှော်ပြီး တစ်ယောက်ချင်းစီ သေချာ ပို့ပေးနေတာမို့
မရ ရသည် မရှိနေအောင် ခုထဲက အော်ဒါတင်ထားပေးလို့ ရပါတယ် ခမျ။

ဆိုင်လေးဖွင့်ပြီး ရောင်းပေးဖို့တော့ အချိန်လေးတစ်ခု စောင့်ပေးပါအူးခမျ🥰🥰🥰

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

ဒီနေ့လည်း ကျွန်တော်တို့ လက်တွေက Green Bean တွေကို စိတ်ရှည်ရှည်နဲ့ ရွေးနေပါတယ်။မြန်မြန်ရောင်းနိုင်ဖို့ မဟုတ်ဘူး။ပိုကောင်း...
16/07/2026

ဒီနေ့လည်း ကျွန်တော်တို့ လက်တွေက Green Bean တွေကို စိတ်ရှည်ရှည်နဲ့ ရွေးနေပါတယ်။

မြန်မြန်ရောင်းနိုင်ဖို့ မဟုတ်ဘူး။

ပိုကောင်းတဲ့ 𝘾𝙤𝙛𝙛𝙚𝙚 တစ်ခွက်ကို ပေးနိုင်ဖို့ပါ။

တချို့အစေ့တွေက အရောင်မညီဘူး…

တချို့အစေ့တွေက ကျွန်တော်တို့ရဲ့ စံနှုန်းကို မမီဘူး…

အဲဒီအစေ့တွေကို ကျော်ဖြတ်ပြီးမှ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ရဲ့ Roaster ထဲကို ဝင်ခွင့်ရပါတယ်။

ဒီရက်ပိုင်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့ကြတဲ့ လူတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်။ 🤎

✨ လက်ရွေးတဲ့ အဆင့် စတင်နေပါပြီ။

မကြာခင်…

Roasting စက်ရဲ့ မွှေးပျံ့တဲ့ ရနံ့နဲ့အတူ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ပြန်လာပါတော့မယ်။

ဒီတစ်ခေါက်လည်း…

ချင်းတောင်တန်းတွေပေါ်က ကော်ဖီ ရဲ့ အရသာကို အကောင်းဆုံးပုံစံနဲ့ ယူဆောင်လာဖို့ အစွမ်းကုန် ကြိုးစားထားပါတယ်။

ခဏလေးပဲ စောင့်ပေးပါဦး…

အကောင်းဆုံးအရသာနဲ့ ပြန်ဆုံကြမယ်။ ☕🤎

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

😞စိတ်မကောင်းစွာနဲ့ပါ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞  အရောင်း ခန ရပ်နား ပါရစေ😞❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞  အတွက် Specialty Coffee ဖြစ်ဖို့  ဆိုတာ ...
12/07/2026

😞စိတ်မကောင်းစွာနဲ့ပါ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞ အရောင်း ခန ရပ်နား ပါရစေ😞

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞ အတွက် Specialty Coffee ဖြစ်ဖို့ ဆိုတာ လှော်လိုက်ရုံနဲ့ မပြီးပါဘူး။

ကျွန်တော်တို့ လက်ထဲရောက်လာတဲ့ Green Bean တိုင်းကို…

အရောင်မညီတဲ့အစေ့၊
ပိုးထိထားတဲ့အစေ့၊
ကွဲနေတဲ့အစေ့တွေကို…

လက်နဲ့ တစ်စေ့ချင်း ရွေးထုတ်ပါတယ်။

အချိန်ကုန်ပါတယ်။

စိတ်ရှည်ရပါတယ်။

ဒါပေမယ့်…

သင့်ခွက်ထဲရောက်မယ့် Coffee တစ်ခွက်က အကောင်းဆုံးဖြစ်ဖို့ ဒီအချိန်ကို ကျွန်တော်တို့ အမြဲပေးပါတယ်။

တချို့လူတွေက…

“ကော်ဖီလေးပဲလေ… ဘာလို့ အချိန်ယူနေရတာလဲ?” လို့ မေးကြပါတယ်။

ဒါပေမယ့်…😢

ဒီတစ်ခေါက်မှာတော့…

ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ သုံးလစာ Green Bean ဟာ မျှော်လင့်ထားတာထက် မြန်မြန်ကုန်သွားခဲ့ပါတယ်။

ဒါဟာ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞ ကို ယုံကြည်ပြီး အားပေးကြတဲ့ တစ်ယောက်ချင်းစီကြောင့်ပါ။

အဲဒီအတွက် အရမ်းကျေးဇူးတင်ပါတယ်။ 🤎

Green Bean အသစ်တွေ ရှိပီးသား ဖြစ်ပေမယ့်…

အရင်လိုပဲ တစ်စေ့ချင်း လက်နဲ့ ရွေးချယ်ပြီးမှ Roasting လုပ်ချင်ပါတယ်။

ဟုတ်ပါတယ်…

ဒီတိုင်းလည်း လှော်ရောင်းလို့ ရပါတယ်။

ဒါပေမယ့်…

ကျွန်တော်တို့ ရောင်းချင်တာ Coffee မဟုတ်ဘူး။ ယုံကြည်မှုပါ။

အဲဒီယုံကြည်မှုကို အလျှော့မပေးချင်တဲ့အတွက်…

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ ကို ခဏလေး စောင့်ပေးပါဦး။

ပြန်လာတဲ့နေ့မှာတော့…

ပထမခွက်လိုပဲ ကောင်းတဲ့ အရသာနဲ့ ပြန်တွေ့ပါမယ်။

🤎 Thank you for choosing quality over quantity.

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞
Boost Your Soul.

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

☕️☕️ မြူတွေဆိုင်းတဲ့ ချင်းတို့ဌာနေက ပုံပြင်တစ်ပုဒ်ကို ခံစားကြည့်ရအောင်☕️☕️ကျွန်တော်က… 𝗖𝗼𝗳𝗳𝗲𝗲 𝗖𝗵𝗲𝗿𝗿𝘆 ကော်ဖီချယ်ရီသီး လေးတ...
09/07/2026

☕️☕️ မြူတွေဆိုင်းတဲ့ ချင်းတို့ဌာနေက ပုံပြင်တစ်ပုဒ်ကို ခံစားကြည့်ရအောင်☕️☕️

ကျွန်တော်က… 𝗖𝗼𝗳𝗳𝗲𝗲 𝗖𝗵𝗲𝗿𝗿𝘆 ကော်ဖီချယ်ရီသီး လေးတစ်လုံးပါ။ ကျွန်တော့်ကို 𝗖𝗵𝗶𝗻 𝗛𝗶𝗹𝗹𝘀 (ချင်းတောင်တန်းတွေ) ရဲ့ အေးမြတဲ့ လေပြေကြားမှာ မွေးဖွားခဲ့ပါတယ်။

မနက်ခင်းတိုင်း မြူခိုးတွေက ကျွန်တော့်ကို နွေးနွေးထွေးထွေး ဖက်ထားပေးတယ်။

နေ့လယ်ဆိုရင် နေရောင်ခြည်က ကျွန်တော့်ကို တဖြည်းဖြည်း ရင့်မှည့်လာအောင် အားပေးတယ်။

မိုးရေတွေ၊ လေပြေညှင်းလေးတွေ၊ တောင်တန်းပေါ်က မြေရဲ့ အာဟာရတွေနဲ့ ကြီးပြင်းလာခဲ့ပြီး…

တစ်နေ့မှာတော့ လက်တစ်စုံက ကျွန်တော့်ကို ဂရုတစိုက် တယုတယ ခူးယူခဲ့တယ်။

အဲ့ဒီနေ့ကစပြီး…

ကျွန်တော့်ရဲ့ ခရီးအစစ် စတင်ခဲ့တယ်။

🌝နေရောင်အောက်မှာ ရက်ပေါင်းများစွာ အခြောက်ခံခဲ့ရတယ်။

🎚️Roaster ထဲမှာ အပူကို ဖြတ်သန်းခဲ့ရတယ်။

🛢️Grinder ထဲမှာ အမှုန့်လေးအဖြစ် ပြောင်းလဲခဲ့ရတယ်။

🏔️တောင်ကွေ့၊ လမ်းကွေ့ပေါင်းများစွာကို ကျော်ဖြတ်ပြီး…

🗻𝗖𝗵𝗶𝗻 𝗛𝗶𝗹𝗹𝘀 ရဲ့ အေးမြတဲ့ ရာသီဥတုကို လွမ်းရင်း…

🗿မြေပြန့်က လူတွေဆီ ရောက်လာခဲ့တယ်။

✈️✈️✈️ကျွန်တော် ရောက်လာတာ…

Coffee ရောင်းဖို့ မဟုတ်ပါဘူး။

ချင်းတောင်ရဲ့ လေပြေကို သယ်ဆောင်လာပေးတာပါ။ ✨✨✨
ချင်းတောင်ရဲ့ မြူဆိုင်းတဲ့ မနက်ခင်းတွေကို ယူလာပေးတာပါ ❄️❄️❄️

တောင်ပေါ်က လူတွေရဲ့ ကြိုးစားမှုနဲ့ မေတ္တာကို မျှဝေပေးဖို့ပါ။🌟🌟🌟

ဒီနေ့…

သင့်လက်ထဲမှာ OFFEE တစ်ခွက် ရှိနေတယ်ဆိုရင်…
သင်သောက်နေတာ Coffee တစ်ခွက်တည်း မဟုတ်ပါဘူး။
ချင်းတောင်ကနေ ခရီးရှည်ကြီးကို ဖြတ်သန်းလာတဲ့ ပုံပြင်တစ်ပုဒ်ကို သောက်နေတာပါ။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 မှာ ကော်ဖီတစ်ခွက်ရဲ့ အရသာကို စိုက်ပျိုးပြီးချိန်မှာပဲ စတင်ဆုံးဖြတ်နေပြီ။𝘾𝙤𝙛𝙛𝙚𝙚 𝘾𝙝𝙚𝙧𝙧𝙮 တွေ အနီရောင်ပြည့်တဲ့အ...
07/07/2026

𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 မှာ ကော်ဖီတစ်ခွက်ရဲ့ အရသာကို စိုက်ပျိုးပြီးချိန်မှာပဲ စတင်ဆုံးဖြတ်နေပြီ။

𝘾𝙤𝙛𝙛𝙚𝙚 𝘾𝙝𝙚𝙧𝙧𝙮 တွေ အနီရောင်ပြည့်တဲ့အချိန်မှာ ခူးယူလိုက်တာက အစပဲရှိသေးတယ်။

အဲ့ဒီနောက် 𝗖𝗢𝗙𝗙𝗘𝗘 𝗕𝗘𝗔𝗡 ကို ဘယ်လို Process လုပ်မလဲဆိုတာက နောက်ဆုံးခွက်ထဲက အရသာကို ပြောင်းလဲပေးပါတယ်။

🌊 𝗙𝘂𝗹𝗹𝘆 𝗪𝗮𝘀𝗵𝗲𝗱 𝗣𝗿𝗼𝗰𝗲𝘀𝘀

𝘾𝙤𝙛𝙛𝙚𝙚 𝘾𝙝𝙚𝙧𝙧𝙮 ရဲ့ အသားကို ချက်ချင်းဖယ်ရှားပြီး ရေဖြင့် သန့်စင်ကာ အခြောက်ခံတဲ့နည်းပါ။
အရသာက သန့်ရှင်းပြီး၊ တောက်ပတဲ့ Acidity နဲ့ Floral Notes တွေ ပိုထင်ရှားတတ်ပါတယ်။

🍯 𝗛𝗼𝗻𝗲𝘆 𝗣𝗿𝗼𝗰𝗲𝘀𝘀

𝘾𝙤𝙛𝙛𝙚𝙚 𝘾𝙝𝙚𝙧𝙧𝙮 အသားအချို့ကို ကော်ဖီစေ့ ပေါ်မှာ ကျန်ရှိစေပြီး အခြောက်ခံပါတယ်။
အဲ့ဒါကြောင့် ပျားရည်လို နူးညံ့တဲ့ Sweetness၊ Creamy Body နဲ့ Fruitiness ကို မျှတစွာ ခံစားရတတ်ပါတယ်။

🌞 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗗𝗿𝘆 𝗣𝗿𝗼𝗰𝗲𝘀𝘀

𝘾𝙤𝙛𝙛𝙚𝙚 𝘾𝙝𝙚𝙧𝙧𝙮 အလုံးလိုက်ကို နေရောင်အောက်မှာ ဖြည်းဖြည်းချင်း အခြောက်ခံပါတယ်။
ဒီအချိန်အတွင်း 𝘾𝙝𝙚𝙧𝙧𝙮 ရဲ့ သဘာဝသကြားဓာတ်နဲ့ အနံ့အရသာတွေက Bean ထဲကို တဖြည်းဖြည်း စိမ့်ဝင်သွားပါတယ်။

ဒါကြောင့်…

🌞 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗗𝗿𝘆 𝗣𝗿𝗼𝗰𝗲𝘀𝘀 တွေမှာ
🍓 Berry Notes,
🍇 Fruit Sweetness,
🍷 Wine-like Complexity နဲ့
နူးညံ့ပြီး ရှည်လျားတဲ့ Aftertaste ကို ပိုမိုခံစားရတတ်ပါတယ်။



ဒီနေ့ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ ထဲမှာ လှော်နေတဲ့ Batch ကတော့… 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗗𝗿𝘆 𝗣𝗿𝗼𝗰𝗲𝘀𝘀 ပါဗျ။
Roaster ထဲက ပထမ Crack အသံထွက်လာတဲ့အချိန်…
𝗖𝗵𝗲𝗿𝗿𝘆 ရဲ့ ချိုမြိန်မှုနဲ့ သဘာဝအနံ့တွေ တဖြည်းဖြည်း အသက်ဝင်လာပါတယ်။

ကျွန်တော်တို့အတွက် Roasting ဆိုတာ…𝗕𝗘𝗔𝗡 ကို အရောင်ပြောင်းတာ မဟုတ်ဘူး။

တောင်ပေါ်က သဘာဝက ပေးထားတဲ့ အရသာကို မပျောက်သွားအောင် အလေးထားပြီး ထုတ်ဖော်ပေးတဲ့ လက်ရာတစ်ခုပါ။

☕️ကော်ဖီ တစ်ခွက်သောက်တဲ့အခါ…

ကော်ဖီအရသာတင် မဟုတ်ဘဲ၊
ချင်းတောင်တန်းရဲ့ နေရောင်၊ လေပြေ၊ မြေသားနဲ့ အချိန်တွေကိုပါ မြည်းစမ်းကြည့်ပါ။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09740029721, ☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞  မှာ ကော်ဖီရောင်းတာ မဟုတ်ပါဘူး။သင်သောက်မယ့် 𝘾𝙤𝙛𝙛𝙚𝙚 Method နဲ့ ကိုက်ညီတဲ့ လှော်တာ နဲ့ အမှုန့်ဆိုဒ် ကိ...
02/07/2026

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ မှာ ကော်ဖီရောင်းတာ မဟုတ်ပါဘူး။
သင်သောက်မယ့် 𝘾𝙤𝙛𝙛𝙚𝙚 Method နဲ့ ကိုက်ညီတဲ့ လှော်တာ နဲ့ အမှုန့်ဆိုဒ် ကို ရွေးချယ်ပေးနေတာပါ။

ကော်ဖီကောင်းတစ်ခွက်ရဲ့ အရသာကို… 𝘾𝙤𝙛𝙛𝙚𝙚 စေ့ ကပဲ ဆုံးဖြတ်တာ မဟုတ်ဘူး။

လူအများစုက 𝘾𝙤𝙛𝙛𝙚𝙚 Beans ကောင်းရင်
ကော်ဖီကလည်း အလိုလိုကောင်းမယ်လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့်…
ကော်ဖီစေ့ တစ်စေ့မှာ ဝှက်ထားတဲ့ အရသာကို နိုးထစေတဲ့သူက Roaster ပါ။ 👨🏻‍🍳👨🏻‍🍳

Roasting ဆိုတာ…
ကော်ဖီကို မီးနဲ့လှော်တာ မဟုတ်ဘူး။

အပူချိန်၊ အချိန်နဲ့ အတွေ့အကြုံကို ပေါင်းစပ်ပြီး
Bean တစ်စေ့ချင်းစီရဲ့ Character ကို ဖော်ထုတ်ပေးတဲ့ အနုပညာတစ်ခုပါ။🌻🌻

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ မှာ

☕ Light Roast
ပန်းနံ့၊ သစ်သီးအရသာနဲ့ တောက်ပတဲ့ Acidity ကို နှစ်သက်သူတွေအတွက်။

☕ Medium Roast
ချိုမြိန်မှု၊ အချဉ်ဓာတ်နဲ့ Body ကို မျှတစွာ ခံစားချင်သူတွေအတွက်။

☕ Medium Plus Roast
Caramel နဲ့ Chocolate Note တွေ ပိုပေါ်လာပြီး နူးညံ့တဲ့ Aftertaste ကို နှစ်သက်သူတွေအတွက်။

☕ Medium Dark Roast
Bold Body၊ Dark Chocolate နဲ့ Smoky Aroma ကို ကြိုက်တဲ့ Coffee Lover တွေအတွက်။

ပြီးတော့…

🔥Roasting ကောင်းရုံနဲ့လည်း မလုံလောက်သေးဘူး။

☕️Grinding ကလည်း အရသာကို ပြောင်းလဲစေပါတယ်။

☕️Espresso အတွက် Grind တစ်မျိုး…
🫖Pour Over အတွက် တစ်မျိုး…
🥃French Press အတွက် တစ်မျိုး…

မှန်ကန်တဲ့ Grind Size ကသာ
Bean ထဲမှာ ဝှက်ထားတဲ့ အရသာကို အပြည့်အဝ ထုတ်ပေးနိုင်ပါတယ်။

ဒါကြောင့်…

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ မှာ ကော်ဖီရောင်းတာ မဟုတ်ပါဘူး။

သင်သောက်မယ့် Coffee Method နဲ့ ကိုက်ညီတဲ့ Roast နဲ့ Grind ကို ရွေးချယ်ပေးနေတာပါ။

အရသာကောင်းတဲ့ Coffee တစ်ခွက်ဆိုတာ…

ကံကောင်းလို့ မဖြစ်လာဘူး။

အသေးစိတ်တိုင်းကို ဂရုစိုက်ထားလို့ ဖြစ်လာတာပါ။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

Roasted with Precision. Ground with Purpose.

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09740029721, ☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

29/06/2026

ချင်းကော်ဖီ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ ဆိုတာ အဆင့်ဆင့်တိုင်းမှာ သေချာ စနစ်တကျ Quality ကိုဦးစားပေးထားတာဆို ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞ ပါ

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09740029721, ☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

🏔️🏔️🏔️တောင်တန်းတိုင်းမှာ ပုံပြင်တစ်ပုဒ်ရှိတယ်…တချို့ပုံပြင်တွေကို စာအုပ်ထဲမှာ ဖတ်ရတယ်။တချို့ပုံပြင်တွေကိုတော့…ကော်ဖီတစ်ခ...
26/06/2026

🏔️🏔️🏔️တောင်တန်းတိုင်းမှာ ပုံပြင်တစ်ပုဒ်ရှိတယ်…

တချို့ပုံပြင်တွေကို စာအုပ်ထဲမှာ ဖတ်ရတယ်။

တချို့ပုံပြင်တွေကိုတော့…
ကော်ဖီတစ်ခွက်ထဲမှာ မြည်းစမ်းရတယ်။

ချင်းတောင်တန်းရဲ့ မနက်ခင်းဟာ အေးမြပြီး တိတ်ဆိတ်တယ်။
မြူတွေကြားက နေရောင်ခြည်၊ တောင်တန်းတွေဆီမှ တိုက်ခတ်လာတဲ့ လေပြေ၊ တောအုပ်ထဲက သာယာဖွယ် ငှက်သံတွေ…
အဲ့ဒီအရာတွေက ကော်ဖီသီး တစ်လုံးချင်းစီနဲ့အတူ ကြီးပြင်းလာခဲ့တာပါ။

ဒီကော်ဖီဟာ စက်ရုံကြီးတစ်ခုက ထွက်လာတဲ့ ထုတ်ကုန်မဟုတ်ဘူး။

☘️☘️☘️တောင်ပေါ်က မိသားစုတွေရဲ့ မျှော်လင့်ချက်၊ လယ်ယာထဲမှာ နေပူမိုးရွာ မရှောင်ဘဲ ကြိုးစားခဲ့တဲ့ လက်တွေ၊
မျိုးဆက်တွေကို လက်ဆင့်ကမ်းလာတဲ့ အတွေ့အကြုံတွေကနေ မွေးဖွားလာတဲ့ အရသာပါ။

👉𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 က အရသာတစ်ခုကိုပဲ ရောင်းတာမဟုတ်ပါဘူး။

ချင်းတောင်တန်း ချင်းလူမျိုးတွေရဲ့ ဂုဏ်ယူမှုကို မျှဝေနေတာပါ။

ကျနော်တို့က ကော်ဖီစေ့တွေကို Fresh Roast, Fresh Grind နဲ့ သင့်လက်ထဲရောက်အောင် ဂရုတစိုက် ပြင်ဆင်ပေးပါတယ်။

☕️☕️☕️ကော်ဖီကောင်းတစ်ခွက်ဆိုတာ…
အိပ်ငိုက်တာပျောက်ဖို့ သောက်တာထက် ပိုပါတယ်။

🧘🏻‍♂️🧘🏻‍♂️🧘🏻‍♂️တစ်နေ့လုံး ပင်ပန်းခဲ့တဲ့ စိတ်ကို ခဏနားခိုင်းပေးတယ်။
ဝေးကွာနေတဲ့ အိမ်ကို သတိရစေတယ်။
မေ့လုနီးပါးဖြစ်နေတဲ့ အိပ်မက်တွေကို ပြန်နှိုးပေးတယ်။

ဒါကြောင့် 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 တစ်ခွက်ကို ကိုင်ထားတဲ့အချိန်…
သင့်လက်ထဲမှာ ကော်ဖီတစ်ခွက်ပဲ မဟုတ်ဘူး။

တောင်တန်းတွေရဲ့ အနံ့အသက်၊ လူသားတွေရဲ့ ကြိုးစားမှုနဲ့ အိမ်ပြန်ချင်တဲ့ စိတ်တစ်ခုကို ကိုင်ထားတာပါ။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

Every Cup Carries a Story.
From the Heart of Chin Hills, Into Your Cup.

📌62 B , 14 * 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09740029721, ☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

26/06/2026

မြန်မာနိုင်ငံရဲ့ အရည်အသွေးမြင့် Specialty ကော်ဖီကိုမှ သောက်သုံးချင်သူများအတွက် Offee Coffee ☕🇲🇲ရှိပါမယ်ဗျာ။

‎​ကော်ဖီတစ်ခွက်ရဲ့ အရသာဟာ လှော်တဲ့အဆင့် (Roast Profile) ပေါ်မှာ အများကြီးမူတည်ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ အရသာပုံစံကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့အတွက် Medium / Medium Plus / Medium Dark ဆိုပြီး (၃) မျိုးတောင် ရှိပါတယ်နော်။

‎​ဒါ့အပြင် မိမိအသုံးပြုမယ့် Coffee Machine နဲ့ လိုက်ဖက်အောင် အမှုန့် (Grind Size) ကိုလည်း စိတ်ကြိုက်ရွေးချယ်မှာယူနိုင်ပါသေးတယ်ဗျာ။

‎​📦 ရရှိနိုင်တဲ့ အရွယ်အစားများ -
‎​200g (အိမ်မှာသောက်ဖို့ အနေတော်)
‎​500g (မိသားစုအတွက် အသင့်တော်ဆုံး)
‎​1kg (ရုံးတွေနဲ့ ဆိုင်တွေအတွက် အတန်ဆုံး)

‎​🚛 ပို့ဆောင်မှုအပိုင်း -
‎မြန်မာနိုင်ငံအနှံ့ Royal Express ရောက်တဲ့ မြို့နယ်တိုင်းကို အိမ်ရောက်ငွေချေ (Cash on Delivery) စနစ်နဲ့ ပို့ဆောင်ပေးနေပါပြီဗျာ။

‎​📍 ဆိုင်လိပ်စာ: ၆၂ လမ်း (ဘီ)၊ ၁၄ x ၁၅ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
‎📲 ဖုန်း: 09 788 40 33 71



‎​

📢 We’re Hiring – Sales & Marketing Staff❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞  မှာ တက်ကြွပြီး ဖန်တီးမှုရှိတဲ့ Sales & Marketing Staff တစ်ဦ...
22/06/2026

📢 We’re Hiring – Sales & Marketing Staff

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ မှာ တက်ကြွပြီး ဖန်တီးမှုရှိတဲ့ Sales & Marketing Staff တစ်ဦးကို ခေါ်ယူနေပါတယ်။

👉Job Responsibilities

✅ Daily Sales Data များကို Excel Sheet တွင် မှန်ကန်စွာ Update ပြုလုပ်ခြင်း

✅ Monthly Marketing Plan များ ရေးဆွဲခြင်း

✅ Facebook, TikTok, စသည့် Social Media Platforms များကို စီမံခန့်ခွဲခြင်း

✅ Digital Marketing Campaign များ ဖန်တီးခြင်းနှင့် အကောင်အထည်ဖော်ခြင်း

✅ Market Trends ကို လေ့လာစောင့်ကြည့်ခြင်း

✅ Promotion Activities နှင့် Sales Growth အတွက် အကြံပြုချက်များ တင်ပြခြင်း

✅ Sales Performance နှင့် Marketing Results များကို Report တင်ပြခြင်း

👉Requirements

🔹 Microsoft Excel အသုံးပြုနိုင်ရမည်

🔹 Social Media နှင့် Digital Marketing ကို စိတ်ဝင်စားသူဖြစ်ရမည်

🔹 Communication Skill ကောင်းမွန်ရမည်

🔹 Creative Thinking နှင့် Teamwork Skill ရှိရမည်

🔹 Sales & Marketing Experience ရှိသူ ဦးစားပေးမည်

👉Salary & Benefits
💰 Salary – 400,000 MMK +
✅ Perfect Attendance Allowance
⛽ Fuel Allowance
📱 Phone Bill Allowance

👉Working Days
🕘 Monday – Friday (Full Day)
🕛 Saturday (Half Day)
🏖 Sunday Off
🎉 Official Public Holidays Off

📍 Workplace – 62B/14*15, Mandalay, 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 Showroom

📩 CV Form ကို [email protected] / Viber Number 09770007819 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
Join OFFEE Coffee and grow with us! ☕

Address

62B Street, Between 14*15 Street, Aung Myay Thar Zan
Mandalay
05011

Website

Alerts

Be the first to know and let us send you an email when OFFEE Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category