MSG Hotpot Bar MDY

MSG Hotpot Bar MDY More than just a hotpot

03/09/2026

ဝါဆိုဝါခေါင် ရွှေမိုးတွေဆွေချိန်... MSG Hotpot မှာ ဟော့ပေါ့ပူပူလေးစားကြစို့! 🌧️🔥

အပြင်မှာ မိုးတဖွဲဖွဲရွာလို့ အအေးဓာတ်လေး ရောက်လာရင် လူက အလိုလိုနေရင်း တစ်ခုခု လိုအပ်နေသလို ခံစားနေရတယ် မဟုတ်လား? 😉

အမှန်တော့ ဒါဟာ စိတ်နဲ့ အစာအိမ်က ပူပူနွေးနွေး အရသာရှိတာလေး တောင်းတနေတာပဲ ဖြစ်ပါတယ်။ ဒီလို မိုးအေးအေးနဲ့ ကွက်တိဖြစ်ဖို့ဆိုရင်တော့ MSG Rotating Hotpot Bar ကိုသာ လှမ်းခဲ့တော့နော်! 🍲✨

ရှေ့မှာလည်နေတဲ့ Rotating Belt ပေါ်က လတ်ဆတ်တဲ့ အသား၊ ပင်လယ်စာနဲ့ အသီးအရွက်တွေကို စိတ်ကြိုက်ရွေးပြီး ဇိမ်နဲ့ဆွဲရုံပဲ။

တစ်ယောက်တည်း လာစားလည်း Staff လေးတွေက သေချာဂရုစိုက်ပေးမှာမို့ လုံးဝ ပျင်းစရာ မလိုသလို အဖွဲ့လိုက် လာလည်း ကွက်တိပဲ။

အနံ့မွှေးမွှေးထုံထုံစပ်စပ် ချုံချင့်မာလာ ဟင်းရည်ပူပူလေးထဲကအသား‌လေးကိုစားလိုက်တာ နဲ့ မိုးအေးလို့ ချမ်းနေတာ လွမ်းနေတာတွေပါ ယူပစ်သလို ပျောက်သွားမှာ သေချာတယ်။

ဝါဆိုဝါခေါင် ရွှေမိုးလေးရွာတုန်း လျှာပေါ်တင်လိုက်တာနဲ့ ချက်ချင်း ပျော်ရွှင်သွားစေမယ့် ဟော့ပေါ့ပူပူလေး စားဖို့ အခုပဲ ထွက်လာခဲ့တော့နော် 🫶🏻✨

☎️ Ph: 09 - 766 440 023
🏡 Address: ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
⏰ Opening Hours: 11:00 AM - 9:00 PM

ဝါဆိုလပြည့်နေ့မှာ စိတ်ရော ကိုယ်ပါ အေးချမ်းကြပါစေ... 🙏✨ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတေ...
29/07/2026

ဝါဆိုလပြည့်နေ့မှာ စိတ်ရော ကိုယ်ပါ အေးချမ်းကြပါစေ... 🙏✨

ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယမှာ MSG Hotpot Bar ရဲ့ Customer များအားလုံး...
🌸 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။
🌸 ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။
🌸 မိသားစုနဲ့အတူ အေးချမ်းသာယာတဲ့ ခွင့်ရက်ရှည်လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#ဝါဆိုလပြည့်နေ့

မိသားစုရဲ့ ‌နွေးထွေးပျော်ရွှင်ဖွယ် ရယ်သံတွေ၊ MSG ရဲ့ ထိမိနေတဲ့အရသာတွေနဲ့... ဒီညတော့ အဆင်ပြေဆုံးစုရပ် MSG Hotpot မှာ ဆုံက...
20/07/2026

မိသားစုရဲ့ ‌နွေးထွေးပျော်ရွှင်ဖွယ် ရယ်သံတွေ၊ MSG ရဲ့ ထိမိနေတဲ့အရသာတွေနဲ့... ဒီညတော့ အဆင်ပြေဆုံးစုရပ် MSG Hotpot မှာ ဆုံကြမယ်ရှင် 👨‍👩‍👧‍👦🍲

မိသားစုညစာဆိုတာ ဟင်းပွဲကောင်းတွေဆိုတာမျိုးထက် "ဝိုင်းဖွဲ့စားသောက် လက်ဆုံစားခြင်းကနေရတဲ့ နွေးထွေး‌မှုပါ။✨
ပိတ်ရက်ပဲဖြစ်ဖြစ်၊ ပင်ပန်းတဲ့နေ့ရဲ့ ညနေခင်းအချိန်ကောင်းလေးမှာပဲဖြစ်ဖြစ်... မိသားစုလိုက် အပြင်သွားစားမယ်ဆိုရင် နေရာရွေးရတာ ခက်နေတတ်ကြတာပေါ့🤔
ဒါဆ်ိုရင် MSG Hotpot ကတော့ အားလုံးရဲ့ အကြိုက်နဲ့ ကွက်တိကျစေမယ့် အကောင်းဆုံး စုရပ်ဆိုတာ ငြင်းမရဘူး‌နော်
🔴မိသားစုလိုက် သက်သောင့်သက်သာနဲ့ စားသောက်နိုင်မယ့် ပတ်ဝန်းကျင်၊
🔴 ကလေးလူကြီးမရွေး အားလုံး အကြိုက်တူ၊စိတ်တိုင်းကျစေမယ့် အရသာတွေနဲ့အတူ
🔴 ဖေဖေ၊ မေမေ၊ သားသားမီးမီးတို့နဲ့အတူ နွေးထွေးတဲ့အမှတ်တရ အချိန်လေးတွေကို MSG Rotating Hotpot ဖန်တီးလိုက်ကြရအောင်နော်....
ဒီနေ့ညနေခင်းလေးကို MSG Hotpot ရဲ့ နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့အတူ မိသားစုဆုံမှတ်လေး အဖြစ်ကြိုဆိုဖို့ အဆင်သင့် စောင့်မျှော်နေပါတယ်နော်။ 🥢🏮✨

☎️ Ph: 09 - 766 440 023
🏡 Address: ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
⏰ Opening Hours: From 11 AM to 9 PM

#မိသားစုညစာ #အဆင်ပြေဆုံးစုရပ်

အပြင်မှာ မိုးကလည်း တဖွဲဖွဲရွာ၊ လေအေးအေးလေးကလည်း တိုက်နေပြီဆိုရင်... လူက အလိုလိုနေရင်း တစ်ခုခု လိုအပ်နေသလိုလို၊ လွမ်းသလို...
26/06/2026

အပြင်မှာ မိုးကလည်း တဖွဲဖွဲရွာ၊ လေအေးအေးလေးကလည်း တိုက်နေပြီဆိုရင်... လူက အလိုလိုနေရင်း တစ်ခုခု လိုအပ်နေသလိုလို၊ လွမ်းသလိုလို ပျင်းသလိုလို ခံစားလာရတတ်တယ် မဟုတ်လား? 🌧️ အမှန်တော့ ဒီလိုခံစားချက်က"ပူပူနွေးနွေးနဲ့ ထိထိမိမိ အရသာမျိုး စားချင်နေတဲ့" အစာအိမ်ရဲ့ အာသီသပါ။ 😉🍲

ဒီလိုအချိန်မျိုးဆို အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ပူပူလေးနဲ့ Hotpot လေးစားရတဲ့အရသာထက် ကောင်းတာ ဘာမှမရှိတော့ သေချာတယ် Hotpot ကောင်းကောင်းလေးစားဖို့ပဲပြေးမြင်မိကြတော့မှာပေါ့။

👉မိုးအေးအေးမှာ Hot Pot ကောင်းကောင်းလေး စားချင်တိုင်းရွှေမန်းသူတို့က MSG Rotating Hotpot ကိုပဲအရောက်လာကြတာပေါ့ ။

ကိုယ့်ရှေ့တင် လည်ပတ်နေတဲ့ Belt ပေါ်က လတ်ဆတ်တဲ့ အသား၊ အသီးအရွက်တွေကို စိတ်ကြိုက်ရွေး၊ ဟင်းရည်အိုးလေးထဲမှာ ဇိမ်နဲ့ ဆွဲရုံပဲ။ တစ်ယောက်တည်း လာစားလည်း အဆင်ပြေ အဖွဲ့လိုက်လည်းအဆင်ပြေပဲနော်။
ဟင်းရည်ပူပူလေးကို တစ်ငုံ သောက်လိုက်တာနဲ့ မိုးအေးအေးကြောင့် ချမ်းနေတာတွေ ချက်ချင်း ပျောက်ပြီး လူက လန်းဆန်းသွားရော။

ဆိုင်ထဲဝင်လိုက်တာနဲ့ အပူအပင်တွေကို မေ့သွားစေမယ့် သန့်ရှင်းသပ်ရပ်မှု၊ သက်သောင့်သက်သာရှိတဲ့ အပြင်အဆင်နဲ့ စိတ်အနှောင့်အယှက် မဖြစ်စေရမယ့် ဝန်ဆောင်မှုတွေကလည်း အသင့်ရှိနေတော့ တခါလာဖူးသူတိုင်း MSG မှ MSG ပါပဲ ။ ✨🍲

ကဲ... မိုးအေးအေးမှာ လွမ်းသလိုလို ဘာလိုလို ဖြစ်မနေနဲ့တော့နော်။ လျှာပေါ်တင်လိုက်တာနဲ့ ချက်ချင်း ပျော်ရွှင်သွားစေမယ့် ဟော့ပေါ့ပူပူလေး စားဖို့ MSG Hotpot ကို အခုပဲ ထွက်လာခဲ့တော့... 🫶🏻 ရွှေမန်းသူတို့ရေ!

☎️ Ph: 09 - 766 440 023
🏡 Address: ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
⏰ Opening Hours: From 11 AM to 9 PM

#ချာချာလည်ဟော့ပေါ့

"အမြဲတမ်း အကောင်းဆုံးတွေပဲ ရွေးချယ်ပေးတတ်တဲ့ ဖေဖေ..."​မိသားစုနဲ့အတူ အပြင်ထွက်စားရင် ကိုယ်ကြိုက်တာထက် သားသမီးတွေ၊ မိသားစု...
21/06/2026

"အမြဲတမ်း အကောင်းဆုံးတွေပဲ ရွေးချယ်ပေးတတ်တဲ့ ဖေဖေ..."
​မိသားစုနဲ့အတူ အပြင်ထွက်စားရင် ကိုယ်ကြိုက်တာထက် သားသမီးတွေ၊ မိသားစုတွေ ကြိုက်တတ်တာကိုပဲ ဦးစားပေး ရွေးချယ်ပေးတတ်တဲ့သူ...။ အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းပါစေ အိမ်ပြန်ရောက်ရင်တော့ နွေးထွေးတဲ့ အပြုံးတွေနဲ့ပဲ ဆက်ဆံတတ်တဲ့ ဖေဖေ။

​ဒီနေ့လို အဖေများနေ့မှာတော့... ဖေဖေတို့အားလုံး ပင်ပန်းသမျှတွေ ခေတ္တမေ့ပျောက်ပြီး မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း MSG မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

မန္တလေးမှာ နေရာစုံအောင် သွားဖူးတယ်ဆိုပေမဲ့ ၄၁ လမ်းက MSG Rotating Hotpot ကို မရောက်ဖူးသေးရင်တော့ မန္တလေးကို နှံ့နှံ့စပ်စပ...
16/05/2026

မန္တလေးမှာ နေရာစုံအောင် သွားဖူးတယ်ဆိုပေမဲ့ ၄၁ လမ်းက MSG Rotating Hotpot ကို မရောက်ဖူးသေးရင်တော့ မန္တလေးကို နှံ့နှံ့စပ်စပ် ရောက်ဖူးတယ်လို့ ပြောဖို့ လိုပါသေးတယ်နော်။ 😉
တစ်မြို့လုံးမှာမှ တစ်ဆိုင်တည်းရှိတဲ့ "Rotating ဟော့ပေါ့" ရဲ့ ထူးခြားတဲ့ Vibes ကို ခံစားရင်း
Background လေးထားပြီး ပုံလေးတင်လိုက်ရုံနဲ့
တခြားမြို့က သူငယ်ချင်းတွေဆီက "ဟယ်... ဒါ ဘယ်ဆိုင်လဲ? မန္တလေးမှာ ဒီလောက်မိုက်တဲ့ဆိုင် ရှိတာလား" ဆိုပြီး ဝိုင်းမေးတာကို ခံရမှာကတော့ အသေအချာပါပဲ။ 📸✨

ဒါပေမဲ့ MSG က အမြင်လှရုံတင် မဟုတ်ဘူးနော်...
ဝါရင့်စားဖိုမှူးကိုယ်တိုင် စီမံထားတဲ့ Signature မာလာအနှစ် နဲ့ အာဟာရပြည့်ဝတဲ့ Collagen ဟင်းရည် တို့ရဲ့ ထူးကဲတဲ့အရသာက လျှာဖျားမှာ စွဲကျန်ရစ်နေမှာပါ။🤩

🍲🥢 လတ်ဆတ်တဲ့ အသားနဲ့ အသီးအရွက်တွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်စားလို့ရတဲ့အပြင် ဟင်းရည်ကအစ အချဉ်အဆုံး ရှယ်ကောင်းတဲ့အရသာနဲ့မို့ ဗိုက်လည်းဝ၊စိတ်လည်းကျေနပ်၊ Budgetလဲကွက်တိ✨ဖြစ်မယ့် မန္တလေးရဲ့အကောင်းဆုံး MSGကတော့ မန္တလေးကို တကယ်နှံ့စပ်ချင်သူတွေအတွက် မဖြစ်မနေ တစ်ခါတော့ ရောက်ဖူးသင့်တဲ့ ဆိုင်လေးမို့ ဒီနေ့ဘဲအရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။🥢🏮

☎️ Ph: 09 - 766 440 023
🏡 Address: ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
⏰ Opening Hours: From 11 AM to 9 PM

#မန္တလေးမှာတစ်ဆိုင်တည်းရှိသော #ချာချာလည်ဟော့ပေါ့ #အရသာရှယ်မှရှယ်

အိမ်ပြန်ရောက်လို့ "မေမေ" ဆိုတဲ့ ခေါ်သံလေးကို ထူးမယ့်သူ ရှိနေတာဟာ ဘဝရဲ့ အကြီးမားဆုံး ကောင်းချီးတစ်ခုပါ။​ဘယ်လောက်ပဲ အပြင်မ...
10/05/2026

အိမ်ပြန်ရောက်လို့ "မေမေ" ဆိုတဲ့ ခေါ်သံလေးကို ထူးမယ့်သူ ရှိနေတာဟာ ဘဝရဲ့ အကြီးမားဆုံး ကောင်းချီးတစ်ခုပါ။
​ဘယ်လောက်ပဲ အပြင်မှာ ပင်ပန်းလာပါစေ၊ မေမေ့ရဲ့ ဂရုစိုက်မှုနဲ့ နွေးထွေးတဲ့ ထမင်းဝိုင်းလေးက စိတ်ပင်ပန်းသမျှကို အမြဲ ကုသပေးနိုင်ခဲ့ပါတယ်။ အခုလို အမေများနေ့မှာတော့ မေမေ့ကို ပြန်ပြီး နွေးထွေးမှုတွေ ပေးလိုက်ရအောင်လေ။

​စကားတွေ အများကြီး ပြောမနေဖြစ်ရင်တောင် နွေးထွေးတဲ့ဟော့ပေါ့ ဟင်းရည်ပူပူလေးတစ်ခွက်ကို မေမေ့အတွက် ခတ်ပေးရင်း "မေမေ... ကျန်းမာအောင် နေပေးပါ" ဆိုတဲ့ စကားလေးတစ်ခွန်းက မေမေ့အတွက် အကောင်းဆုံး ခွန်အားဖြစ်စေမှာပါ။

​မိခင်တိုင်း ပျော်ရွှင်စရာနေ့လေး ဖြစ်ပါစေ။ 💐

#အမေများနေ့

မန္တလေးမှာ ဟော့ပေါ့စားမယ်ဆိုရင် ဘယ်ဆိုင်ကောင်းလဲ?" လို့ အချင်းချင်းမေးကြတဲ့အခါ... MSG သွားစားလေလို့ ညွှန်းလိုက်တိုင်း "ဟ...
23/04/2026

မန္တလေးမှာ ဟော့ပေါ့စားမယ်ဆိုရင် ဘယ်ဆိုင်ကောင်းလဲ?" လို့ အချင်းချင်းမေးကြတဲ့အခါ... MSG သွားစားလေလို့ ညွှန်းလိုက်တိုင်း "ဟင်... MSG က မန္တလေးမှာ ရောက်လာပြီလား?" ဆိုတဲ့ အမေးလေးတွေ ခဏခဏ ကြုံရပါတယ်😪

ဟုတ်ပါတယ်! မန္တလေးက Foodie တွေအတွက် အရသာရှိတဲ့ MSG Rotating Hotpot က ၄၁ လမ်းမှာ အသင့်စောင့်နေတာ ကြာပါပြီနော်။ 🧐✨

✨တစ်ခါစားရင် တစ်သက်စွဲမယ့် ဟင်းရည်နဲ့ အချဉ်အရသာအပြင် 🔥🥢
✨ မျက်စိရှေ့မှာတင် စားချင်တာစိတ်ကြိုက်ကြည့်ရွေးလို့ရတဲ့ အမယ်ပေါင်းများစွာ
✨ တစ်ယောက်တည်း လာလည်း အေးဆေးဆွဲလို့ရ‌တယ်ဆိုတော့

MSG ကို တစ်ခါရောက်ဖူးသွားတဲ့သူတိုင်းကတော့ ထူနောက်တစ်ခါ ဟော့ပေါ့စားမယ်ဆိုရင် MSG ကိုပဲ ရွေးဖြစ်ကြတော့တာပါပဲ။ ဒါကြောင့်မန္တလေး Foodie တစ်ယောက်ဆိုရင်တော့ မရောက်ဖူးလို့ လုံးဝမရဘူးနော်! ✅

MSG Hotpot Bar

☎️ Ph: 09 - 766 440 023
🏡 Address: ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
⏰ Opening Hours: From 11 AM to 9 PM

#မန္တလေးဟော့ပေါ့

အတာကူးလို့ ပိတောက်တွေ ဝေဖြာ...နှစ်ဆန်းတစ်ရက်နေ့ အချိန်ခါမှာ မိဘပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ပြီး လိုရာဆန္ဒများ တစ်လုံ...
17/04/2026

အတာကူးလို့ ပိတောက်တွေ ဝေဖြာ...
နှစ်ဆန်းတစ်ရက်နေ့ အချိန်ခါမှာ မိဘပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ပြီး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
​နှစ်ဟောင်းက အပူအပင်တွေအားလုံးကို အတာရေနဲ့ ဆေးကြောသန့်စင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း MSG Hotpot Bar မှ နှစ်သစ်ဦး ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။

"ပျော်ရွှင်စရာ အတာသင်္ကြန်ဖြစ်ပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဆေးကြောသန့်စင်နိုင်ကြပါစေကြောင်း MSG Hotpot Bar မှ...
13/04/2026

"ပျော်ရွှင်စရာ အတာသင်္ကြန်ဖြစ်ပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဆေးကြောသန့်စင်နိုင်ကြပါစေကြောင်း MSG Hotpot Bar မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ..."

Address

41st , 66x67st
Mandalay

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00

Website

Alerts

Be the first to know and let us send you an email when MSG Hotpot Bar MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category