Shwe Phyu Myanmar Chicken

Shwe Phyu Myanmar Chicken Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Phyu Myanmar Chicken, Chicken Joint, 51B-123×124ကြား။မြို့သစ်, မန္တလေးမြို့, Mandalay.

07/12/2024
💲1️⃣5️⃣0️⃣0️⃣0️⃣💲မိတ်ဆွေတို့အတွက် သန့်ရှင်းလတ်ဆတ်သော ဥကြက်များ အာမခံအပြည့်ဖြင့် ရောင်းချပေးနေပါသည်။7.12.2024 (အရှင်ချိန်...
07/12/2024

💲1️⃣5️⃣0️⃣0️⃣0️⃣💲မိတ်ဆွေတို့အတွက် သန့်ရှင်းလတ်ဆတ်သော ဥကြက်များ အာမခံအပြည့်ဖြင့် ရောင်းချပေးနေပါသည်။

7.12.2024 (အရှင်ချိန် တစ်ပိဿာ ဈေးနှုန်း)

🐔🐔🐔ဥကြက်*ကြက်နီမ -1️⃣5️⃣0️⃣0️⃣0️⃣ကျပ်

⚖️အလေးချိန်နှင့်သန့်ရှင်းမှုအတွက် 100% အာမခံပါသည်။
ကိုယ်တိုင်ပြုလုပ်ပေးသည့်အတွက်100%ဟလာလ်စစ်စစ် ဖြစ်ပါသည်။

🛵အိမ်အရောက် Delivery ထားရှိပေးပါသည်။

***အတုံးတုံးချင်သူများကိုလည်း စိတ်တိုင်းကျ သေသပ်လှပစွာ တုံးပေးပါသည်****

📞📞📞::: 09 955 103 133
🏠🏠🏠::: 60A×111A မြို့သစ်,မန္တလေးမြို့။။။

25/10/2024

ဆွဘရ် နှင့် ရှုက်ရ်။

ပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်း ကျန်းမာခြင်းနဲ့ရောဂါ
နာကျင်စရာတွေနဲ့စိတ်သက်သာရာရစရာတွေဟာ လူမှုဘဝမှာ မဖြစ်မနေကြုံကြိုက်ရတဲ့ ဆန့်ကျင်ဘက်ရှုထောင့်တွေပါပဲ။ ဘယ်လူသားမှ ဒုက္ခတွေ ပျက်စီးဆုံးရှုံးမှုတွေကနေ စောင့်ရှောက်မခံထားရပါဘူး။ ဘဝရဲ့တကွေ့မဟုတ်တကွေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်ရပါတယ်။ ဘယ်သူမှလည်းဒီကနေထွက်ပြေးလို့မရပါဘူး။အကြောင်းအရင်းကတော့ဒီလောကက အကျိုးအမြတ်ချီးမြှင့်တဲ့နေရာမဟုတ်ပါဘူး။ ဒီလောကဟာ စမ်းသပ်မှုတွေထဲမှာနစ်မွန်းနေရမယ့်နေရာပဲဖြစ်ပါတယ်။ လူသားကိုဖန်ဆင်းခြင်းရဲ့ ရည်ရွယ်ချက်ကိုက ပြေလည်ချိန်တွေနဲ့မပြေလည်ချိန်တွေမှာ အရှင့်အမိန့်တွေကိုလိုက်နာလား မလိုက်နာဘူးလားဆိုတာ စာမေးပွဲစစ်ပြီးစမ်းသပ်ဖို့ပါပဲ။ အရှင်မြတ်က စူရာဟ်မုလ်က်မှာ အမိန့်ရှိပါတယ်။
الَّذِیۡ خَلَقَ الۡمَوۡتَ وَ الۡحَیٰوۃَ لِیَبۡلُوَکُمۡ اَیُّکُمۡ اَحۡسَنُ عَمَلًا ؕ
အရှင်မြတ်ဟာ အသင်တို့ထဲက ဘယ်သူကအကောင်းဆုံးလုပ်ရပ်တွေလုပ်ကြသလဲဆိုတာ စမ်းသပ်ဖို့အတွက် သေခြင်းနဲ့ရှင်ခြင်းကိုဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။

ဆွဘရ်နဲ့ရှုက်ရ်ဆိုတာ အိဘာဒဟ်ခဝပ်ခြင်းနဲ့အရှင့်ရဲ့ကျွန်ဖြစ်ခြင်းဆိုင်ရာ အကြီးမားဆုံး အမှတ်သညာလက္ခဏာတော်ပါပဲ။ အရှင်မြတ်က ဇနီး၊သားသမီး ဥစ္စာပစ္စည်း ဂုဏ်သိက္ခာ၊ကျော်ကြားမှု၊အာဏာ စတာတွေကိုချီးမြင့်ထားတယ်ဆိုရင် ဒီနေ့အ်မသ်တော်တွေအပေါ် ရှုက်ရ်ကျေးဇူးတင်ရဲ့လား ဒီစည်းစိမ်တွေထဲယစ်မူးပြီး အရှင့်ကိုမေ့သွားသလားဆိုပြီးစမ််းသပ်ခြင်းပဲဖြစ်တယ်။ ရှုက်ရ်ပြုကျေးဇူးသိတတ်ရင်တော့အရှင်မြတ်ဟာ သာပိုပြီးချီးမြှင့်မှာဖြစ်ပြီး ကျေးဇူးကန်းမေ့လျော့နေရင်တော့ အရှင့်ရဲ့ အဇားဗ်ပြစ်ဒဏ်ဟာ ပြင်းထန်လှပါတယ်။ (စူရာဟ်အိဗ်ရာဟီးမ်)

ဒါနဲ့ဆန့်ကျင်ဘက် တချို့က စည်းစိမ်၊ဥစ္စာတွေကနေလက်မဲ့ဖြစ်နေရတယ်။ ဆင်းရဲခြင်းထဲမှာနစ်မွန်းနေကြရတယ်။ ရောဂါတွေထဲနစ်မွန်းနေကြရတယ်။ တခါတခါ ချမ်းသာနေရင်းကနေရုတ်ချည်းဆင်းရဲသွားကြရတယ်။ ဒီအခြေအနေတွေမှာဆွဘရ်တရားကိုလက်ကိုင်ထားရင်တော့ အရှင်မြတ်ဟာ ဒီလိုချစ်စရာကျေးကျွန်တွေကို အတူရှိနေခြင်းဆိုတဲ့ဆုလာဘ်ကိုချီးမြင့်ပါလိမ့်မယ်။ အရှင်မြတ်ကအမိန့်ရှိပါတယ်။
" မုချဧကန်အရှင်မြတ်ဟာ ဆွဘရ်ရှိသူတို့နှင့်အတူရှိပါတယ်။ " ဘကရာဟ်၊၁၅၃
ထို့အပြင် ငါအရှင်မြတ်ဟာအသင်တို့ကို ဆိုးတဲ့အခြေအနေနဲ့ရော ကောင်းတဲ့အခြေအနေနဲ့ပါ စမ်းသပ်မှုထဲမှာ နစ်မွန်းစေတော်မူမယ်။ ပြီးတော့အသင်တို့ဟာ ငါအရှင်မြတ်ဆီကိုသာ လှည့်ပြန်စေခြင်းခံရလိမ့်မယ်။ " အန်ဗယာအ်၊၃၅

အရှင်မြတ်ရဲ့စမ်းသပ်မှု အမျိုးမျိုးအကြောင်းကိုလည်း စူရာဟ်ဘကရာဟ်မှာ မိန့်ထားပါတယ်။
" တချို့ကို ကြောက်ရွံ့မှု၊ငတ်မွတ်မှု၊ တချို့ကို ဥစ္စာပစ္စည်း၊တိရိစ္ဆာန်နဲ့ကောက်ပဲသီးနှံတို့ ဆုံးရှုံးစေခြင်းတွေနဲ့ မုချတစ်ခုခုနဲ့စမ်းသပ်တော်မူမယ်။ ပြီးတော့အသင်တမန်တော် ဆွဘရ်ရှိသူတို့ကို သတင်းကောင်းပေးလိုက်ပါ။

စူရာဟ်အာလိအင်မ်ရာန်းမှာလည်းအမိန့်ရှိတော်မူပါတယ်။
(အိုမုစ်လင်မ်တို့) အသင်တို့မုချ အသင်တို့ရဲ့ဥစ္စာပစ္စည်း အသင်တို့ရဲ့အသက်တွေနဲ့ စမ်းသပ်တော်မူခြင်း ခံကြရလိမ့်မယ်။ အသင်တို့ထက်အရင် ကျမ်းရခဲ့ကြတဲ့ (ခရစ်ယာန်၊ဂျူးတွေ) ဆီကနဲ့ တုဖက်နှိုင်းယှဥ်ကိုးကွယ်ကြ တဲ့ မုရှ်ရိက်တွေဆီကနေ စိတ်ထိခိုက်စရာတွေအများကြီးကြားရကြလိမ့်မယ်။ အသင်တို့အနေနဲ့ဆွဘရ်လုပ်ပြီး သက္ကဝါ (ရှောင်ကျဥ်၊ကျဥ့်ဆောင်ခြင်း) တရားလက်ကိုင်ထားမယ်ဆိုရင် ဒါဟာ ကြီးမားလှတဲ့ဇွဲသတ္တိပဲဖြစ်ပါတယ်။

ပူဆွေးသောက၊ဒုက္ခ၊ရောဂါတွေဟာ ဘဝရဲ့အစိတ်အပိုင်းတွေပါပဲ။ အရှင်မြတ်က လူသားကို ခက်ခဲမှုထဲမှာဖန်ဆင်းခဲ့ကြောင်း စူရာဟ်ဘလဒ်ထဲမှာ အမိန့်ရှိခဲ့ပါတယ်။ လောကမှာကြုံရသမျှဒုက္ခတွေ၊ပူဆွေးမှုတွေဟာ မိမိကိုမဖန်ဆင်းခင်ကတည်းက သတ်မှတ်ခဲ့ပြီးသားဆိုတာသိခဲ့ရင်၊ အချိန်မရွေးရောက်လာနိုင်တဲ့ သက်ဒီးရ်အစိတ်အပိုင်းတွေဆိုတာ အပြည့်အဝယုံကြည်ပြီးရင် သူ့ရဲ့ဘဝဟာ လွယ်ကူသွားပါလိမ့်မယ်။ သူ့အတွက် ပျော်ရွှင်စရာတွေမှာ မြောက်ကြွနေစရာလည်းမဟုတ်ပါဘူး။ ဒုက္ခတွေအတွက်လည်းကြေကွဲနေမှာမဟုတ်ပါဘူး။ ဒီအတွေးကို မုစ်လင်မ်တွေရဲ့ နှလုံးသားနဲ့ဦးနှောက်ထဲမှာအနယ်ထိုင်နေစေဖို့အတွက် အရှင်မြတ်ကအမိန့်ရှိပါတယ်။
" ကမ္ဘာပေါ်နဲ့အသင်တို့အပေါ်ကျရောက်ခဲ့တဲ့ဒုက္ခမှန်သမျှဟာ အသင်တို့ကိုမဖန်ဆင်းခင်ကတည်းက လောင်ဟ်မဟ်ဖူးဇ် စာအုပ်ထဲမှာ ရေးမှတ်ပြီးသားဖြစ်တယ်။ မုချဒါဟာအရှင်မြတ်အတွက်လွယ်ကူပါတယ်။ " ဒါမှပဲ အသင်တို့ဟာ ဆုံးရှုံးသွားတာတွေအတွက် မကြေကွဲကြဘဲ ချီးမြှင့်ခံရတာတွေအတွက်လည်းဂုဏ်မမောက်ကြမှာပါ။ မုချအလ္လာဟ်အရှင်ဟာ မာနထောင်ဂုဏ်မောက်သူတွေကိုမနှစ်မြို့ပါဘူး။ စူရာဟ်ဟဒီးဒ်

ဒီစာမေးပွဲတွေဟာ အီမာန်ခိုင်မြဲလာသမျှ ပိုပြင်းထန်လာပါလိမ့်မယ်။ နဗီတမန်တော်တိုင်းဟာ အပြင်းထန်ဆုံးစမ်းသပ်မှုတွေကြုံခဲ့ရပါတယ်။ မိမိမျိုးနွယ်ရဲ့မုန်းတီးခံရတာ၊နှိပ်စက်သမျှတုန့်ပြန်ဖို့အခြေအနေမရှိခဲ့ကြတာ စတဲ့ ဆွဘရ်သာလက်ကိုင်ထားရတဲ့အခြေအနေတွေဖြတ်ကျော်ခဲ့ရပါတယ်။ သူတို့ဟာ စမ်းသပ်မှုတိုင်းမှာ ကြံ့ကြံ့ခံရပ်တည်ခဲ့ကြတယ်။ ဆွဘရ်တရားကိုစွဲစွဲမြဲမြဲဆုပ်ကိုင်ထားကြတယ်။ လောကတစ်ခုလုံးအတွက် အခက်ခဲဆုံးအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ နမူနာပြခဲ့ကြတယ်။ အလ္လာဟ်အရှင်မြတ်ဟာ တမန်တော်မုဟမ္မဒ်သခင်ကို နှစ်သိမ့်ပေးရင်း ဆွဘရ်အတွက်တိုက်တွန်းတဲ့စကားကို ကုရ်အာန်ထဲမှာအမိန့်ရှိပါတယ်။
အသင်တမန်တော်ဆွဘရ်လုပ်ပါ။ အသင့်ရဲ့ဆွဘရ်လုပ်ခြင်းဟာ အရှင်ပေးတဲ့စွမ်းအားပါ။အသင်ဒီလူတွေအတွက်ပူဆွေးမနေပါနဲ့။ သူတို့ရဲ့လှည့်ဖျားမှုတွေကြောင့်လည်း စိတ်ကျဥ်းကြပ်မနေပါနဲ့။ အရှင်မြတ်က သက္ကဝါရှင်တွေ ကောင်းကျိုးဆောင်သူတွေနဲ့အတူရှိပါတယ်။စူရာဟ်နဟလ်

နောက်ဆုံးအနေနဲ့ တမန်တော်ရဲ့စီရသ်သမိုင်း၊နဗီတမန်တော်တွေရဲ့သမိုင်း၊ဆွဟာဗာဟ်တွေရဲ့သမိုင်း၊အရှင်ချစ်တဲ့ ဝလီပညာရှင်တွေ ဝလီသူရဲကောင်းတွေရဲ့သမိုင်းတွေကိုလေ့လာကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဘယ်သူမှ သက်တောင့်သာယာလှတဲ့ ဘဝတွေကိုမရခဲ့ကြတာ သိရပါလိမ့်မယ်။

Naung lwin

---Join Our Community---
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://c8ke.com/alhijrah823

04/05/2024

ဟရာမ်အဖြစ်တားမြစ်ထားသော အစားအသောက်များ အသင်သိပါလား။

၎င်းတို့မှာ

၁။အလိုအလျောက်သေသော တိရစ္ဆာန် ၏အသား။

၂။စီးထွက်သောသွေး

၃။ဝက်သား

၄။အနိုင်းမဲ့ကိုးကွယ်ရာ(မြတ်အလ္လာဟ်)ရဲ့နာမတော်မှလွဲ၍အခြားအမည် တသ၍ လှီးဖြတ်ထားသော သတ္တဝါ၏အသား

၅။နတ်/ရုပ်တုများကို ပူဇော်ရန် လှီးဖြတ်ထားသော အသား/အစားအစာများ

၆။လည်မျိုလိမ်/ညှစ်ခံရ၍ သေသော တိရစ္ဆာန်၏ အသား

၇။ရိုက်နှက်ထိခိုက်၍သေသော တိရစ္ဆာန်၏အသား

၈။အမြင့်မှကျ၍သေသော တိရစ္ဆာန်၏အသား

၉။ဦးချိုဖြင့် ဝှေ့ခတ်ခံရ၍ သေသော တိရစ္ဆာန်၏အသား

၁၀။သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသော တိရစ္ဆာန်၏အသား

၁၁။အရက်သေစာနှင့်မူးယစ်ဆေးဝါးများ
ဖြစ်ကြသည်။

ဤအချက် ၁၁ချက်လုံးသည် ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင် ဖော်ပြထားသော အချက်များဖြစ်သည်။

၎င်းတို့ကို အခြေခံပြိး တမန်တော်မြတ် မုဟမ္မဒ် (ဆွ)၏ သြဝါဒမှတ်တမ်းများ အစ္စလာမ့်တရားဥပဒေသိပ္ပံပညာ(ဖိကဟ်)က ဟရာမ်အဖြစ် သတ်မှတ်ထားသည့် အရာများမှာ

*ဝက်နှင့်ခွေး
*အသားပုပ်/ အသေသားစားသော တိရစ္ဆာန်နှင့်ငှက်များ (ဥပမာ-ဠင်းတ)
*စွယ်သွားရှိသော တိရစ္ဆာန်များ(ဥပမာ-ကြောင်မျိုးနွယ်၊မျောက်မျိုးနွယ်)
*ခြေသည်း/လက်သည်းဖြင့် သားကောင်ဖမ်းဆီးသော ငှက်များ(ဥပမာ-သိမ်းငှက်)
*ကုန်းတစ်ပိုင်း၊ရေတစ်ပိုင်းသတ္တဝါများ(ဥပမာ-ဖား၊လိပ်၊မိချောင်း)
*မြည်း
*ညစ်ညမ်းသောတိရစ္ဆာန်များ(ဥပမာ-ကြွက်၊ပိုးဟပ်)

السلام عليكم ورحمة اللّه وبركاته.........                          {   ရွှေဖြူ ကြက်အရှင်နှင့်ကြက်သား  }4,5,2024 ပေါက်ဈေး...
04/05/2024

السلام عليكم ورحمة اللّه وبركاته.........

{ ရွှေဖြူ ကြက်အရှင်နှင့်ကြက်သား }

4,5,2024 ပေါက်ဈေး
***ဗမာကြက် (၁) ပိဿာ - ၂၅၀၀၀ ကျပ်
***ကြက်နီမ(ခ) ဥစားကြက် (၁)ပိဿာ-၁၃၀၀၀ကျပ်

***အလေးချိန် မှန်ကန်ပြီး သန့်ရှင်းလတ်ဆက်မှုကို
အဓိကထား၍ပြုလုပ်ပေးပါသည်....

***ဆိုင်သို့မျက်မြင်လာရောက်ဝယ်ယူနိုင်သလို
ဖုန်းဖြင့်လည်း ဆက်သွယ် ဝယ်ယူနိုင်ပါသည်...

***ပြန်လည်ရောင်းချလိုသူများနဲ့ပိဿာချိန်များများ
ယူသူများအတွက်လည်း အထူးဈေးနှုန်းများ
ရှိပါသည်....

***ပိဿာချိန်နည်းသော်လည်း နေ့စဉ်မှာယူမည့် မိတ်ဆွေ များအတွက်လည်း အထူးဈေးနှုန်းများ ပြင်ဆင်ပေးပါတယ်....

#ရွှေဖြူ ကြက်သားဆိုင်
#ဗမာကြက်

09955103133
60A×111A Mandalay

Address

51B-123×124ကြား။မြို့သစ်, မန္တလေးမြို့
Mandalay
05041

Telephone

+959955103133

Website

Alerts

Be the first to know and let us send you an email when Shwe Phyu Myanmar Chicken posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Phyu Myanmar Chicken:

Share

Category