Kasper food&drinks

Kasper food&drinks Foods

03/10/2024

လှေဆိုတာ
ရေတိမ်ရင်
လှော်ရခက်တယ် 🥰🥰💔

လူဆိုတာ
အတွေးတိမ်ရင်
ပေါင်းရခက်တယ်..🥰🥰🥰

#မောင်သာချို

(၇) ရက်သားသမီး ဘဝဆက် ပဌာန်းဆက်များသဒ္ဓါတရား နည်းများမဆို ပါရမီဖြည့်စွက် သာသနာအတွက် သဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်...
14/08/2024

(၇) ရက်သားသမီး ဘဝဆက် ပဌာန်းဆက်များ
သဒ္ဓါတရား နည်းများမဆို ပါရမီဖြည့်စွက် သာသနာအတွက် သဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းနိုင်ပါကြောင်း
အလှူငွေ လက်ခံလျက်ပါသည်

From 2018 to 2024ငါ့ကိုယ်ငါ ဂုဏ်ယူမိတယ် ။ရှင်သန်ဖို့ ခက်ခဲနေပြီဆိုတဲ့ နေ့ရက်တွေကိုလည်းကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့တယ်....
06/07/2024

From 2018 to 2024

ငါ့ကိုယ်ငါ ဂုဏ်ယူမိတယ် ။
ရှင်သန်ဖို့ ခက်ခဲနေပြီဆိုတဲ့ နေ့ရက်တွေကိုလည်း
ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့တယ်...
နာကျင်စရာ ကိစ္စတွေကိုလည်း
ငါ့ကိုယ်ငါ ထွေးပွေ့ရင်း ရင်ဆိုင်နိုင်ခဲ့တယ်...

မျှော်လင့်ချက်တွေ ၊ အနာဂတ်တွေ
ဝေဝါးနေလည်း အားမလျော့ဘူး ။
ပြိုလဲစေချင်ကြတဲ့ လူတချို့
လက်လျော့ရလောက်တဲ့အထိ
ငါဟာ သန်မာနေခဲ့တယ် ။

ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ
သေးငယ်တဲ့ အလင်းရောင်ကအစ
ငါ ရှာဖွေနေဦးမှာပဲ...
ပင်ပန်းလွန်းရင် ခဏတာငိုပြီး
ခေါင်းပြန်မော့နေဦးမှာပဲ
လဲကျဖို့ ငါ့ကိုယ်ငါ ခွင့်မပြုသရွေ့
ငါဟာ အမြဲသန်မာနေဦးမှာပဲ ။ ။


Admin - Theint

26/06/2024

ချစ်တယ်...
ဒါပေမယ့် မာနကို အထိမခံတဲ့
အမျိုးသမီးတစ်ယောက်ပါ

ရူးမတတ်လွမ်းနေလည်း
နေနိုင်အောင်နေပြတဲ့ ငါ့ပုံစံကိုပဲ
မင်းမြင်ရမယ်...
အကြောခပ်တင်းတင်းပဲ နေထိုင်သူမို့
အပေါ်ယံလာပတ်သက်တဲ့သူတွေဆို
ငါ့ဘေးမှာ ဘယ်သူမှ ကြာကြာမနေနိုင်ကြပါဘူး ။

ဟုတ်ပါတယ်
မာနနဲ့ အချစ်ကိုရွေးချယ်ခိုင်းရင်
မာနကိုပဲ ဆက်ကိုးကွယ်နေမယ့်သူမို့
အထီးကျန်ရလည်း ဖြစ်တယ် ။
အချစ်မခံရလည်း ဖြစ်တယ် ။

🍁

ဓာတ်ကူးရအောင်နော်🙏🧘‍♀️🧲💸💰ငါဟာကြွယ်ဝချမ်းသာနေပါပြီလို့🥰 နက်နက်ရှိုင်းရှိူင်းပြောပေးပါ🧲💸💰ဒီအိမ်နဲ့ခြံကြီးဟာ ငါပိုင်ဆိုင်နေ...
02/06/2024

ဓာတ်ကူးရအောင်နော်🙏🧘‍♀️🧲💸💰

ငါဟာကြွယ်ဝချမ်းသာနေပါပြီလို့🥰 နက်နက်ရှိုင်းရှိူင်းပြောပေးပါ🧲💸💰

ဒီအိမ်နဲ့ခြံကြီးဟာ ငါပိုင်ဆိုင်နေရပြီလို့ လေးနက်စွာ ရေးသွားပါနော်✍️🧲💸💰

တွေးရဲ ပြောရဲ မြင်ရဲ တဲ့သူ တကယ်ရပါတယ်✊🧲💰💸

သူတပါးကို ကူညီလိုက်ပြီး ကိုယ်ကြပ်တည်းသွားတာတွေရှိတယ်။ ကိုယ်ကြပ်တည်းခံပြီးကူညီလို့မဖြစ်ဘူးဆိုတဲ့အတွေးရှိတာတောင် တကယ်လက်တွ...
17/05/2024

သူတပါးကို ကူညီလိုက်ပြီး ကိုယ်ကြပ်တည်းသွားတာတွေရှိတယ်။
ကိုယ်ကြပ်တည်းခံပြီးကူညီလို့မဖြစ်ဘူးဆိုတဲ့အတွေးရှိတာတောင် တကယ်လက်တွေ့မှာ သနားတဲ့စိတ် အားနာတဲ့စိတ် ကူညီလိုက်ချင်တဲ့စိတ်က တွန်းပို့နေတော့ အသက်ကိုမနည်းရှူလိုက်ရတဲ့လတွေ ရှိတယ်၊
ဒါပေမယ့် တစ်ချို့က နားမလည်ပါဘူး။
သူအဆင်ပြေနေတာပဲ သူအတွက်က မပြောပါ့လောက်ပါဘူးဆိုပြီး မလေးစားဘူး တန်ဖိုးမထားဘူး။

ကိုယ်ကောင်းပေမယ့်ကိုယ့်အပေါ်ပြန်မကောင်းတာဟာသူ့မှာကိုယ့်လောက်အသိတရားမရှိလို့ပါ..။ ကိုယ်မကောင်းတာတောင်ကိုယ့်အပေါ်ပြန်ကောင်...
02/04/2024

ကိုယ်ကောင်းပေမယ့်
ကိုယ့်အပေါ်
ပြန်မကောင်းတာဟာ
သူ့မှာ
ကိုယ့်လောက်အသိတရားမရှိလို့ပါ..။

ကိုယ်မကောင်းတာတောင်
ကိုယ့်အပေါ်
ပြန်ကောင်းနိုင်တာဟာ
သူ့မှာ
ကိုယ့်ထက်အသိတရားရှိလို့ပါ..။

အသိတရားခြင်း
မတူညီကြတော့
တုန့်ပြန်ပုံခြင်းလည်း
တူမှာမဟုတ်ပါဘူး..။

စိတ်ချမ်းသာမှုကို
လိုချင်တယ်ဆိုလျှင်တော့

အသိတရား
မရှိသူတွေရဲ့
တုန့်ပြန်မှုတွေကို
နားလည်ခွင့်လွှတ်ပေးပါ..။

အသိတရား
ရှိသူတွေရဲ့
လမ်းစဉ်ကိုလိုက်နိုင်အောင်
ကြိုးစားပါ..။

လူတိုင်းက
ကိုယ့်လိုမဟုတ်တာ
အမြဲနှလုံးသွင်းပါ..။

Crd- အရှင်ပညောဘာသဗန်းမော်

#ဘဝစာပေချစ်သူ #ဘဝစာပေ

သာလည်း မပေါင်းဘူး။ညာလည်း မစားဘူး။စိတ်မပါရင် ဘယ်သူနဲ့မှ အရောမဝင်တတ်ဘူး။မာနကြီးတယ်။ချေတယ်ဆိုတာမနာလိုသူတွေအတွက်ပဲ ကိုယ် ချမ...
05/01/2024

သာလည်း မပေါင်းဘူး။
ညာလည်း မစားဘူး။
စိတ်မပါရင် ဘယ်သူနဲ့မှ အရောမဝင်တတ်ဘူး။

မာနကြီးတယ်။
ချေတယ်ဆိုတာ
မနာလိုသူတွေအတွက်ပဲ ကိုယ် ချမှတ်ထားတဲ့ စည်း။

နွေးထွေးမှုနဲ့ ထိုက်တန်ရင်
နွေးထွေးမှုတွေ ပြန်ပေးလိုက်တယ်။
သူစိမ်းဆန်ဆန် ဆက်ဆံရင်တော့
ကိုယ့်အေးစက်မှုအောက်မှာပဲ ကျရှုံးလိမ့်မယ်။

စာအုပ် နဲ့ ပန်းတွေက
ကိုယ့်ကို ပျော်ရွှင်မှုတွေ ပေးနိုင်တယ်လို့
သတ်မှတ်လိုက်တဲ့နေ့ဟာ
ကိုယ့်အနားမှာ ဘယ်သူမှမရှိလဲ
ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ပါတယ်။

#ဖားစည်ရည်ကျော် #ဂျူး

အလှူ ဖက်ရှင်
26/12/2023

အလှူ ဖက်ရှင်

အကြီးဆုံးသမီး ဖြစ်လို့လား မသိဘူးပေးတဲ့ လက်ပဲ ဖြစ်ချင်တာ တစ်ခုခုဆို ငါ့ဘက်က ဘာလုပ်ပေးနိုင်လဲ ဆိုတဲ့ ရှု့ထောင့်ကနေပဲ ကြည့်...
08/12/2023

အကြီးဆုံးသမီး ဖြစ်လို့လား မသိဘူး
ပေးတဲ့ လက်ပဲ ဖြစ်ချင်တာ
တစ်ခုခုဆို ငါ့ဘက်က ဘာလုပ်ပေးနိုင်လဲ
ဆိုတဲ့ ရှု့ထောင့်ကနေပဲ ကြည့်တယ် ..

မိသားစုမှာပဲ ဖြစ်ဖြစ်
အလုပ်မှာပဲ ဖြစ်ဖြစ်
ငါ အကောင်းဆုံး လုပ်ပေးနိုင်တာ
ဘာရှိမလဲ လို့ အမြဲတွေးဖြစ်တယ် ..

စေတနာကို မမြင်တဲ့လူတွေနဲ့ဆုံရင်တော့
တခါတခါ ရင်နာရတာပေါ့

ဒါပေမယ့် အမြဲတစေ
ပေးရတဲ့ ဘက်မှာပဲ နေချင်တယ်
ပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်လည်း
အမြဲကြိုးစားတယ် ..

ဘာရယူရမလဲ ဆိုတာထက်
ဘာပေးနိုင်သလဲ ဆိုတာကိုပဲ
ဦးစားပေးတယ် ..

အဲလို စဉ်းစားပေးလို့မှ
ကိုယ့် ‌စိတ်စေတနာကို အသိအမှတ်မပြုရင်
ဘယ်သူပဲ ဖြစ်နေပါစေ ကျောခိုင်းပစ်လိုက်တယ် ..

တကယ်ပါ
ညောင်ပင်ကြီးလောက် အေးမြရိပ်မပေးနိုင်ရင်တောင်
ကိုယ့်မေတ္တာတွေကြောင့် ကိုယ့်ဘေးကလူတွေကိုတော့ အေးချမ်းစေချင်မိတယ် ..

ဒါပေမယ့် တချို့လူတွေက
အကောင်းမြင်စိတ်မရှိတဲ့အခါ
ဖြည့်တွေး‌လိုခြင်း မရှိတဲ့အခါ
မေတ္တာပေးလည်း မေတ္တာ မရနိုင်ကြဘူး

အဲလိုလူတွေကိုတော့ စိတ်မကောင်းစွာနဲ့ပဲ
ဥပက္ခာပြု လက်လွှတ်ခဲ့လိုက်တယ် ..။

#သက်ထားခင်(THK) Crd

23/11/2023
Do good and good will come to you .
22/11/2023

Do good and good will come to you .

Address

107လမ်း 61/62 ကြား မြို့သစ်
Mandalay

Telephone

+959458033662

Website

Alerts

Be the first to know and let us send you an email when Kasper food&drinks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kasper food&drinks:

Share