07/03/2024
အင်ဇိုင်းဆိုတာ ဘာလဲ?
လူတစ်ယောက် အသက်ရှင်သန်ဖို့၊ ကျန်းမာဖို့၊ ကြီးထွားဖို့အတွက် စားသောက်လိုက်သမျှ အာဟာရဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ဖို့နှင့် ထိုစွမ်းအင်တွေကို ခန္ဓာကိုယ်အတွင်း ပြန်လည်အသုံးပြုနိုင်ဖို့ အတွက် ခန္ဓာကိုယ်အတွင်းရှိ ကလာပ်စည်း( ဆဲလ်) တိုင်းမှာ ဖြိုခွဲခြင်းနဲ့ တည်ဆောက်ခြင်းဆိုတဲ့ ဓာတုဓာတ်ပြုမှုတွေ အချိန်တိုင်း စက္ကန့်တိုင်း ၂၄နာရီ ပတ်လုံး ဖြစ်ပေါ်နေပါတယ်။ ဒီဓာတုဓာတ်ပြုမှုတွေ မြန်ဆန်လာအောင် ကူညီပေးရတာကတော့ အင်ဇိုင်း ခေါ် ဓာတ်ကူပစ္စည်းလေးတွေပဲ ဖြစ်ပါတယ်။
credit-အင်ဇိုင်းအကြောင်း သူငယ်တန်းအဆင့်စာအုပ်မှ