21/02/2026
"အလှူရေစက် လက်နဲ့မကွာ... စေတနာအပြည့်နဲ့ ရွေးချယ်ထားတဲ့ အလှူဒါန" 💦🌸
အလှူအတန်းလုပ်တဲ့အခါ အကောင်းဆုံး အရာတွေကိုပဲ ပေးကမ်းလှူဒါန်းချင်ကြတာ မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့ပါ။
လာသမျှ ပရိသတ်ကို စွန့်ကြဲတဲ့အခါမှာလည်း...
စားလိုက်သူတိုင်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိစေဖို့ ဓာတုကင်းစင်တဲ့ Baby Snacks ဘယာလုံးကြော်လေးတွေကို ရွေးချယ်ပြီး ကြဲချလှူဒါန်းခဲ့ပါတယ်။
ကောက်ရတဲ့ ကလေးလေးတွေ ပြုံးပျော်သွားသလို၊ အလှူရှင်တွေရဲ့ ရင်ထဲမှာလည်း ကြည်နူးမှုတွေ ကူးစက်သွားစေမယ့် Baby Snacks ရဲ့ ကုသိုလ်ပါဝင်မှုလေးပါ။ သာဓု... သာဓု... သာဓု... 🙏