07/07/2025
🍚✨ မနက်စာကို မြန်မာထမင်းကြော်နဲ့ စတာ ဘာလို့အကောင်းဆုံးလဲ ✨🍚
ဒီမနက်တော့ မြန်မာထမင်းကြော်ပူပူလေးနဲ့ ဗိုက်ဖြည့်ပြီးမှ အပြင်ထွက်ခဲ့တာ။ တစ်နေကုန် လန်းဆန်း အားအင်အပြည့်ပဲ။
📣Welcome back, Everyone!
Shwe Aye Yate ရဲ့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ Monday Health Talks "ကျန်းမာသုတ" ဂဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ပတ်မှာတော့ ထမင်းကြော်က မနက်စာအတွက် ဘာလို့ဒီလောက်ကောင်းလဲဆိုတာ ပြောပြပေးသွားပါမယ်ရှင်။
🌟 တစ်ပန်းကန်တည်းနဲ့ အာဟာရစုံ - ထမင်းက အားပြည့်စေတယ်၊ ကြက်ဥက အသားဓာတ်ရမယ်၊ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်၊ ပြီးတော့ အရံအချဉ်သုပ်၊ ငပိထောင်းလေးနဲ့သာ တစ်လုပ်ကယ်ဝဝ စားလိုက်ရရင် အရသာတွေကလည်း အလွန်မျှတပါတယ်ရှင်။
🔥 စိတ်ကျေနပ်မှုပေးစွမ်း - မနက်စာစားပြီး တစ်နာရီမပြည့်ခင် ဗိုက်ပြန်ဆာတတ်တဲ့ customers လေးတွေ ရှိကြလား။ မနက်စာဆို ဝဝလျင်လျင် စားရမှ ကျေနပ်တဲ့ မင်မင်ရဲ့ customers လေးတွေ အတွက် သကြားများတဲ့ ကွေကာအုတ်တို့ဘာတို့နဲ့ မတူပဲ မနက်တစ်ပိုင်းလုံး ဗိုက်ပြည့်ပြီး တကယ်အလုပ်လုပ်စေနိုင်တဲ့ ထမင်းကြော်က အရွေးချယ်သင့်ဆုံး မနက်စာတွေထဲက တစ်ခုဆိုတာကတော့ အမှန်ပါပဲရှင်။
🥬 ပစ္စည်းတွေလည်း လတ်ဆတ် - ထမင်းကြော်ထဲက ဟင်းသီးဟင်းရွက်တွေဆိုတာ လတ်လတ်ဆတ်ဆတ်၊ မွှေးကြိုင်တဲ့ နံနံပင်လေးတွေနဲ့ မြန်မာ့အရသာအစစ်အမှန်ဆိုတော့ အို.. ထမင်းကြော်ဆို ပုံစံမျိုးစုံနဲ့ကို မင်မင်တစ်ယောက်တော့ နေ့စဉ် စားချင်စိတ်ဖြစ်တာဆိုတာ အရမ်းပါပဲရှင်။
⚡ ချက်ချင်းအားပြည့် - ကစီဓာတ်နဲ့ ပရိုတင်းဓာတ်ပေါင်းစပ်ထားတော့ ခန္ဓာကိုယ်ကို စွမ်းအင်တွေ မှန်မှန်ပေးတယ်။ ပြီးတော့ စားပြီး အားပျော့တာမျိုးလည်းမရှိဘူးရှင့်။
မနက်စာကို ထမင်းကြော်စားတာက တကယ်ကို လျှော့တွက်လို့မရဘူးလို့ ဆိုတာကို SAYers လေးတို့လည်း ဗဟုသုတ ရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
"မနက်စာကို ထမင်းကြော်စားတယ်" ဆိုရင် 🍚 ပုံလေးပေးခဲ့ပါဦး။ ဒါမှမဟုတ် သင်အကြိုက်ဆုံး မြန်မာမနက်စာတွေကိုလည်း ကွန်မန့်မှာ ပြောပြခဲ့ပါဦးနော်။