Calories & Diet by WZ

Calories & Diet by WZ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Calories & Diet by WZ, Insein.

06/03/2026

ဝိတ်ချနေရင်မြန်မာထမင်းဟင်းစားလို့ရလာ?

ဝိတ်ချမယ်ဆိုတာနဲ့ လူအများစုက
“ထမင်းမစားရတော့ဘူး”
“ထမင်းစားရင် ဝိတ်မကျဘူး”
လို့ထင်ကြပါတယ်။

ဒါပေမယ့် တကယ်တော့
ဝိတ်ချနေရင် မြန်မာထမင်းဟင်းကိုလည်း စားလို့ရပါတယ်။

ဝိတ်ချဖို့အရေးကြီးဆုံးက
ထမင်းစားလား မစားလား မဟုတ်ပါဘူး။

အရေးကြီးတာက
တစ်နေ့တာစားတဲ့ calories ကိုထိန်းနိုင်လားဆိုတာပါ။

ဥပမာ 👇

🍚 ထမင်း – နည်းနည်းထည့်စားပါ
🐟 ငါး / 🍗 ကြက်သား – protein ရအောင်စားပါ
🥦 အသီးအရွက် – များများစားပါ
🫒 ဆီ – အများကြီးမသုံးပါ

ဒီလိုစားမယ်ဆိုရင်
ဗိုက်လည်းဝ
အာဟာရလည်းရ
ဝိတ်လည်းကျနိုင်ပါတယ်။

ဝိတ်ချတဲ့အခါ
မစားဘဲနေခြင်း က solution မဟုတ်ပါဘူး။

အရမ်းလျော့စားလိုက်ရင်
• အားနည်းလာမယ်
• သွေးအားနည်းလာမယ်
• နောက်ပိုင်းဝိတ်ပြန်တက်လွယ်မယ်

ဒါကြောင့်
မစားဘဲဝိတ်ချတာထက်
မှန်မှန်ကန်ကန်စားပြီးဝိတ်ချတာက ပိုကျန်းမာပါတယ်။

တကယ်တော့
ဝိတ်ချဖို့အတွက်
salad ပဲစားဖို့
ပန်းသီး၊ဒိန်ချဉ်တွေစားမှဘဲရတာမဟုတ်ပါဘူး

ကိုယ်ရိုးရာ မြန်မာထမင်းဟင်းကိုပဲ
portion ထိန်းပြီးစားရင်လည်း
ဝိတ်ချနိုင်ပါတယ်။

Videoထဲကချဉ်ပေါင်ကြော်ဆိုဆီ၄ဂရမ်လောက်ဘဲပါတာပါ။ပန်းဖူးဆိုဆီမပါဘဲရေနဲ့ကြော်ထားတာ။ကြက်သားတအိုးလုံးမှဆီ၂ဂရမ်လောက်ပေါ့

26/02/2026

ဝိတ်ချနေရင်Bibimbapလေးလုပ်စားဖို့အကြံပြုပါတယ်

နဂိုထဲကသူကအရွက်များများနဲ့စားရတဲ့စားစရာဖြစ်တဲ့အပြင် ကိုယ်ကများများစားချင်ရင်အရွက်ပိုထည့်စားလို့လဲရတယ်
အရသာလဲရှိဝိတ်လဲကျ💁🏻

တစ်ခုချင်းစီရဲ့ကယ်လိုရီပါရေးပြထားတာမလိုကိုယ့်ဘာသာလိုသလိုcontrolလုပ်လို့ရပါတယ်။ ဒီထက်ကယ်လိုရီ ပိုနည်းချင်ရင် အသားမှာကြက်သားကိုအစားထိုးလို့ရပါတယ်နော် ။ ထမင်းကိုနဲနဲထပ်လျော့ပြီးအရွက်ပိုထဲလဲရပါတယ် အဲ့လိုဆို ၅၀၀ကယ်လိုရီလောက်ထိလျော့လို့ ရသွားပါလိမ့်မယ်

25/02/2026

ကယ်လိုရီ ၄၅၀ လောက်ပဲရှိတဲ့
အသား + အရွက် + ထမင်း
အဟာရစုံလင်တဲ့ထမင်းတစ်ပွဲ ✨

ဝိတ်ချနေရင် မစားရဘူး မဟုတ်ပါဘူး ❌
👉 မှန်မှန်ကန်ကန်ရွေးစားဖို့ပဲ လိုတာပါ

WZကတော့ထမင်းလဲမဖြတ်ခဲ့ပါဘူးနော်
🍚 ထမင်းလဲပါ
🥩 အသားလဲပါ
🥦 အရွက်တွေနဲ့
👉 calories deficit ထဲမှာပဲ အဟာရမျှတအောင်စားပြီးဝိတ်ကျနိုင်ပါတယ် 💪

ညစာကိုဒီလိုလေးစားပြီးဝိတ်ချကြပါလို့ပြောပါရစေအစာအငတ်မခံကြပါနဲ့နော်

ဒီ video ကို save လုပ်ထားလိုက်ပါတော့💚






#ဝိတ်ချတဲ့အစားအစာ

WZဝိတ်ချခဲ့တုန်းကအစားကို အရမ်းမလျော့ခဲ့ဘူးမစားဘဲနေတာမျိုးလည်း မလုပ်ခဲ့ဘူးWZလုပ်ခဲ့တာကကယ်လိုရီကို သေချာတွက်ပြီး Calories ...
21/02/2026

WZဝိတ်ချခဲ့တုန်းကအစားကို အရမ်းမလျော့ခဲ့ဘူး
မစားဘဲနေတာမျိုးလည်း မလုပ်ခဲ့ဘူး

WZလုပ်ခဲ့တာကကယ်လိုရီကို သေချာတွက်ပြီး Calories Deficit ဖြစ်အောင် စားတာပဲ 🍽️

အရင်ကဟင်းချက်ရင်ဆီအများကြီးထည့်
ကြော်စား၊ ဆီပြန်များများနဲ့ စားဖြစ်ခဲ့တယ်။ဆီ၁လီတာဗူးကို၁လဘဲစားတာလေ😎။ခုတော့၁လီတာ ဗူးဆို၁နှစ်တောင်မကုန်ဘူး။ခန္တာကိုယ်ကအဆီတွေတော့ကုန်သွားတယ်🤭🤭

ဆီမပါအောင်၊ သို့မဟုတ် ဆီနည်းနည်းပဲ သုံးပြီးချက်နည်းကိုပြောင်းပြီးစားတဲ့ပမာဏကိုတော့ အရမ်းမလျော့ဘူး

အောက်ကပုံနှစ်ပုံကWZအရင်ကစားဖြစ်ခဲ့တယ်ပုံနဲ့အခုချက်စားတဲ့ပုံပါ

👉 ဟင်းပုံစံတူတူပဲချက်နည်းပြောင်းလိုက်ရုံနဲ့ကယ်လိုရီအရမ်းကွာသွားတယ်

ဆီပါတဲ့ဟင်းကနဲနဲလေးပိုစားကောင်းချင်ကောင်းမယ်ဒါပေမဲ့အဲ့ဒီနဲနဲလေးပိုကောင်းမဲ့အရသာနဲ့မိမိတို့ရဲ့ကျန်မားရေးကိုလဲလှယ်ဖို့တန်တယ်၊ ကိုယ့်ခန္တာကိုယ်အဆီပိုတက်လာလဲကိစ္စမရှိဘူးဒီစားရတဲ့ခံစားချက်နဲ့ရလာလဒ်တဲ့ရလဒ်အပေါ်ကျေနပ်တယ်ဆိုရင် ဆီပိုများတဲ့ပုံကိုပိုစားကောင်းတယ်လို့မြင်နေဦးမှာဘဲ

✔️ ဘယ်လိုစားမလဲ
✔️ ဘယ်လိုချက်မလဲ
✔️ Calories Deficit ဖြစ်အောင် ဘယ်လိုပြင်မလဲ
ဒါတွေကို သိရင် ဝိတ်ချတာက ပိုပြီးအဆင်ပြေသွားမှာပါ

❤️❤️✅ကယ်လိုရီတွတ်ပြီးဟင်းချက်တဲ့videoတွေတင်သွားပေးပါဦးမယ်✅❤️

✅Gym တွေသွားပြီး နေ့တိုင်းလေ့ကျင့်ခန်းဆော့နေပေမဲ့ calories deficit မဖြစ်ရင် ကိုယ်အလေးချိန် မကျဘူးဆိုတာကို လူအများစု သတိမ...
21/02/2026

✅Gym တွေသွားပြီး နေ့တိုင်းလေ့ကျင့်ခန်းဆော့နေပေမဲ့ calories deficit မဖြစ်ရင် ကိုယ်အလေးချိန် မကျဘူးဆိုတာကို လူအများစု သတိမထားမိကြပါဘူး။ အများအားဖြင့် “Gym သွားရင် ပိန်ရမယ်” လို့ ထင်တတ်ကြပေမဲ့ အမှန်တကယ်မှာ စားတဲ့ calories နဲ့ လောင်ကျွမ်းတဲ့ calories ကြား အချိုးအစား ကပဲ အဆုံးအဖြတ်ပေးတာပါ။

✅ဥပမာ Gym မှာ treadmill ပေါ်မှာ တစ်နာရီလောက် ပြေးတယ်ဆိုပါစို့။ ကိုယ်အလေးချိန်၊ ပြေးတဲ့အမြန်နှုန်းပေါ် မူတည်ပြီး ၃၀၀ မှ ၅၀၀ calories လောက်သာ လောင်ကျွမ်းနိုင် ပါတယ်။ တစ်နာရီလုံး မောမောပန်းပန်း ပြေးပြီးချိန်မှာ ကိုယ်ထင်တာထက် calories လောင်ကျွမ်းမှုက အရမ်းမများပါဘူး။

✅ဒါပေမဲ့ Gym ဆော့ပြီး မောလို့ဆိုပြီး bubble tea တစ်ခွက် သောက်လိုက်မယ်ဆိုရင် ဘာဖြစ်မလဲ။ ပုံမှန် bubble tea တစ်ခွက်မှာ ၃၅၀ မှ ၅၀၀ calories လောက်ရှိပါတယ်။ Sugar နဲ့ milk ပါတာများရင် ဒီထက်တောင်ပိုနိုင်ပါတယ်။ အဲ့ဒါဆိုရင် Gym မှာ တစ်နာရီလုံး လောင်ကျွမ်းခဲ့တဲ့ calories ကို တစ်ခွက်တည်းနဲ့ ပြန်ဖြည့်လိုက်တာ ဖြစ်သွားပါတယ်။ အဆုံးမှာ calories deficit မဖြစ်တော့ဘဲ calories surplus ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် Gym ဆော့နေပေမဲ့ ပိန်မလာဘူးဆိုတဲ့ လူတွေ အများကြီးရှိနေတာပါ။ ပြဿနာက Gym မဆော့လို့ မဟုတ်ဘဲ စားသောက်ပုံကို မထိန်းနိုင်တာ ဖြစ်ပါတယ်။ Calories deficit ဆိုတာက တစ်နေ့တာစားတဲ့ calories က ကိုယ်လောင်ကျွမ်းတဲ့ calories ထက် နည်းရမယ် ဆိုတဲ့ အခြေခံစည်းမျဉ်းပါပဲ။ ဒီစည်းမျဉ်းမရှိရင် လေ့ကျင့်ခန်းဘယ်လောက်ပဲ ဆော့ဆော့ ကိုယ်အလေးချိန်မကျပါဘူး။

✅Gym ကဘာအတွက် အရေးကြီးလဲဆိုရင် calories လောင်ကျွမ်းစေသလို muscle ထိန်းပေးတယ်၊ metabolism မြင့်တက်စေတယ်၊ ကိုယ်ခန္ဓာအချိုးအစား လှပစေတယ် ဆိုတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ Gym ကို အစားအစာထိန်းချုပ်မှုနဲ့ မတွဲဘူးဆိုရင် ပိန်ဖို့ခက်ပါတယ်။

✅✅✅အမှန်တကယ် ပိန်ချင်ရင်
သဘာဝအသီးအရွက်နဲ့ဆီနဲနဲ နဲ့ကိုယ်တိုင်ချက်(အိမ်ချက်)ကိုစားကြပါရှင့်

✅Gymဆော့တာကို “စားလို့ရဖို့ အကြောင်းပြချက်” မလုပ်ဘဲ “ကိုယ်ကို ပိုကျန်းမာဖို့ နည်းလမ်း” အဖြစ်မြင်ရမယ်

✅✅✅နိဂုံးချုပ်ပြောရရင် Gym ကအထောက်အကူပဲဖြစ်ပြီး အဆုံးအဖြတ်ပေးတာက calories deficit ကါ။(ဥပမာကိုယ်ကတစ်နေ့ကို၁၉၀၀kcalစားလို့ရတယ်ဆိုပါဆို့အဲ့တာကို၁၅၀၀kcalဘဲစားရင်400kcaldeficitဖြစ်ပါတယ်)။Gym မှာ မောလို့ သောက်လိုက်တဲ့ bubble tea တစ်ခွက်က တစ်နာရီလုံးကြိုးစားခဲ့တာကို ပယ်ဖျက်နိုင်ပါတယ်။

✅✅ကိုယ့်ရဲ့တစ်နေ့တာစားနိုင်တဲ့calories ပမာဏကိုလဲနောက်postတွေမှာတင်ပေးသွားပါဦးမယ်ရှင့်

✅✅ပိန်ချင်ရင်လေးကျင့်ခန်းထက်စားသောက်ပုံကိုပို

ပြီးသတိထားရမယ်ဆိုတာကိုမမေ့သင့်ပါဘူးရှင်

❤️❤️❤️အားလုံးဘဲ ကျန်းမာစွာအဆီချနိုင်ကြပါစေ

ရှင့်

တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီက ကိုယ်ခန္ဓာလိုအပ်တာထက် နည်းနေရင် ဝိတ်ကျနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီကိုပဲကြည့်ပြီး အာဟ...
21/02/2026

တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီက ကိုယ်ခန္ဓာလိုအပ်တာထက် နည်းနေရင် ဝိတ်ကျနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီကိုပဲကြည့်ပြီး အာဟာရကို မဂရုစိုက်ဘူးဆိုရင် ကျန်းမာတဲ့ဝိတ်ချခြင်း မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာရှင်းပြချင်တာကကယ်လိုရီနဲ့ အာဟာရဟာ ကတိုက်ရိုက်အချိုးမကျဘူး ဆိုတာပါ။
ကယ်လိုရီနည်းတိုင်း အာဟာရတန်ဖိုးနည်းတာမဟုတ်သလို၊ ကယ်လိုရီများတိုင်းလည်း အာဟာရများမယ်လို့ မဆိုလိုပါဘူး။

ဥပမာ

1️⃣ ကယ်လိုရီများပေမဲ့ အာဟာရနည်းတဲ့အစားအစာ

အချိုရည်၊ ချောကလက်၊ အကြော်အလှော်များက ကယ်လိုရီမြင့်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ဖိုင်ဘာတွေက နည်းပါးပါတယ်။

2️⃣ ကယ်လိုရီနည်းပေမဲ့ အာဟာရတန်ဖိုးများတဲ့အစားအစာ

ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဥ၊ ပဲမျိုးစုံတွေက ကယ်လိုရီနည်းပါးပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရတွေ ကြွယ်ဝပါတယ်။

3️⃣ ကယ်လိုရီနည်းပြီး အာဟာရလည်းနည်းတဲ့အစားအစာ
အချိုမပါတဲ့ အချိုရည်၊ ဂျယ်လီလို အစားအစာအချို့တွေက ကယ်လိုရီနည်းပေမဲ့ အာဟာရတန်ဖိုးက နည်းလှပါတယ်။ “ကယ်လိုရီနည်းတယ်” ဆိုတဲ့အကြောင်းတစ်ခုတည်းနဲ့ ရွေးစားလိုက်ရင် ခန္ဓာကိုယ်အတွက် အကျိုးရှိမနေပါဘူး။

ဒါကြောင့် ကယ်လိုရီနည်းရုံနဲ့ မလုံလောက်ပါဘူး။ အစားအစာအမျိုးအစားကို မှန်ကန်စွာ မရွေးချယ်ရင် မောပန်းလွယ်ခြင်း၊ ကိုယ်ခံအားကျခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာစွာ ဝိတ်ချချင်ရင် ကိုယ့်အတွက် သတ်မှတ်ထားတဲ့ Calories Deficit အတွင်းမှာပဲ
➡️ ပရိုတင်း
➡️ ဖိုင်ဘာ
➡️ ဗီတာမင်နဲ့ သတ္တုဓာတ်
တွေကို မျှတစွာပါဝင်အောင်စားသုံးပေးဖို့ အရေးကြီးတယ်ဆိုတာကိုပြောပြချင်လို့ပါ။

ကယ်လိုရီ လျော့ချခြင်းတစ်ခုထဲမဟုတ်ဘဲ အာဟာရလဲပြည့်ဝအောင်စားပြီး calories deficit လဲဖြစ်နေမယ်ဆိုရင် ရေရှည်ကျန်းမာတဲ့ ဝိတ်ချခြင်းကို ပေးစွမ်းနိုင်မှာပါ။

အမျိုးသမီးတိုင်းကျန်းမာစွာဝိတ်ချနိုင်ကြပါစေ

❤️❤️WZ❤️❤️

✅💁🏻💁🏻💁🏻လူတစ်ယောက်ရဲ့ တစ်နေ့တာစားနိုင်တဲ့ ကယ်လိုရီကို ဘယ်လိုတွက်ရမလဲ?လူအများစုက “အစားနည်းရင် ပိန်မယ်” လို့ထင်တတ်ကြပေမဲ့အမ...
21/02/2026

✅💁🏻💁🏻💁🏻လူတစ်ယောက်ရဲ့ တစ်နေ့တာစားနိုင်တဲ့ ကယ်လိုရီကို ဘယ်လိုတွက်ရမလဲ?

လူအများစုက “အစားနည်းရင် ပိန်မယ်” လို့ထင်တတ်ကြပေမဲ့အမှန်တကယ်တော့ မိမိတစ်နေ့တာ လိုအပ်တဲ့ calories ကို သိပြီးမှအစားအစာကို ထိန်းချုပ်စားပြီး calories deficit ဖြစ်မှသာပိန်တယ်ဆိုတာကို ခုထိမသိသေးတဲ့သူတွေရှိနေတုန်းပါဘဲ။

ကိုယ်အလေးချိန်ကျချင်တာဘဲဖြစ်ဖြစ်၊
ကိုယ်အလေးချိန်ထိန်းချင်တာဘဲဖြစ်ဖြစ်၊
muscle တိုးချင်တာဘဲဖြစ်ဖြစ်၊
အခြေခံဆုံး သိထားရမယ့်အချက်က
👉 တစ်နေ့တာ စားနိုင်တဲ့ ကယ်လိုရီ ဘယ်လောက်လဲ ဆိုတာပါဘဲ။


အဲ့တာဆိုရင်တွတ်ဖို့ဘာတွေသိထားရမလ?
(၁)BMR
(၂)လှုပ်ရှားမှုအဆင့်

အဲ့၂ချက်ကိုသိထားရင်တွတ်လို့ရပါပြီ

✅✅(၁) BMR ဆိုတာဘာလဲ?

BMR (Basal Metabolic Rate) ဆိုတာ
ကိုယ်ဘာမှမလုပ်ဘဲ အသက်ရှင်နေရုံနဲ့
အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်ဖို့ကိုယ်ခန္ဓာကလိုအပ်တဲ့ အနည်းဆုံး ကယ်လိုရီပမာဏကို ပြောတာပါ။


✅BMR ကို အလွယ်ဆုံး တွက်နည်း

ယောက်ျား👉ကိုယ်အလေးချိန် (kg) ဆိုရင်× 24
(lb) ဆိုရင်x 11

မိန်းမ👉 ကိုယ်အလေးချိန် (kg) ဆိုရင်× 22
(lb)ဆိုင်ရင်x10

ဥပမာ

✅ကိုယ်အလေးချိန် 60kg ရှိတဲ့ မိန်းမတစ်ယောက်ဆိုပါစို့

60 kg × 22 = 1320 calories

ဆိုလိုတာက
👉 တစ်နေ့လုံး မလှုပ်မရှားနေရင်တောင်
BMRအနည်းဆုံးကယ်လိုရီ1320 calories ကိုကိုယ်ခန္ဓာကလိုအပ်နေပြီးသားပါ။

✅✅(၂)လှုပ်ရှားမှုအဆင့် (Activity Level) ထည့်တွက်မယ်

လူတိုင်းဟာ လှုပ်ရှားမှု မတူကြပါဘူး။
ဒါကြောင့် BMR ကို လှုပ်ရှားမှုအဆင့်နဲ့ မြှောက် ရပါတယ်။အဲ့တာမှ တစ်နေ့တာစားနိုင်တဲ့ကယ်လိုရီရလာမှာပါ

နေ့စဉ်လှုပ်ရှားမှာကိုအဆင့်၄ဆင့်ခွဲလိုက်ပါမယ်။

အဆင့်။ မြှောက်ကိန်း

၁။ ရုံးထိုင်အလုပ်။ ၁.၂

၂။နဲနဲလှုပ်ရှားတဲ့အလုပ်+ Gym 1–3 ရက် ၁.၃၇၅

၃။Gym 3–5 ရက်။ ၁.၅၅

၄။Gymနေ့တိုင်း။ ၁.၇၂၅

✅✅ဥပမာဆက်
အဲ့ဒီ 60 kg မိန်းမက
နဲနဲလှုပ်ရှားမှုရှိတဲ့အလုပ်မဟုတ်လဲGymကိုတစ်ပတ် 3 ရက် ဆော့တယ်ဆိုရင်👇

1320 × 1.375 = 1815 calories (ခန့်မှန်း)

ဒါက👉 ကိုယ်အလေးချိန် မတိုး မကျဘဲ ထိန်းနိုင်တဲ့ calories ဖြစ်ပါတယ်။


အဲ့ဒါကိုမှကိုယ်က

✅ပိန်ချင်တာဆိုရင် (Calories Deficit)

1815 ကနေ500လျော့စား။
👉 1300 caloriesလောက်ဘဲစားရင်တစ်ပတ်ကြာရင်တစ်ပေါင်းနှုန်းပိန်လာပါလိမ့်မယ်။

✅ ကိုယ်အလေးချိန် ထိန်းချင်ရင်
👉 1815 caloriesအတိုင်းစား။

✅ဝချင် / Muscle တိုးချင်ရင်

1815 + 300 ~ 500
👉 2100 – 2300 caloriesစားရင်ဝလာပါလိမ့်မယ်။

အရေးကြီးတဲ့အချက်ပါ
• Gym ဆော့တာက calories ကိုလောင်စေပါတယ် ဒါပေမဲ့ စားတာများရင် ပိန်မလာပါဘူး
• ပိန်ဖို့အတွက် ကCalories Deficit က သာအဖြေပါ။

အားလုံးဘဲကျန်းမာစွာအဆီချနိုင်ဖို့Calories ကိုဂရုစိုက်ပြီးစားသုံးနိုင်ကြပါစေနော်

WZ❤️❤️❤️❤️

❌နဲနဲစားရင် ပိန်မယ် ဆိုတာမဟုတ်ပါဘူး     အရင်ကအဲ့လိုထင်ခဲ့ဖူးရင်ခုလွှင့်ပြစ်လိုက်ပါ   👉 ဘာကို ရွေးစားလဲ ဆိုတာက ပိုအရေးကြီ...
21/02/2026

❌နဲနဲစားရင် ပိန်မယ် ဆိုတာမဟုတ်ပါဘူး
အရင်ကအဲ့လိုထင်ခဲ့ဖူးရင်ခုလွှင့်ပြစ်လိုက်ပါ

👉 ဘာကို ရွေးစားလဲ ဆိုတာက ပိုအရေးကြီးပါတယ်

✅အစားအစာကြောင့် ဝိတ်တက်ခြင်း၊ ဝိတ်ကျခြင်းကို ဆုံးဖြတ်တာက စားလိုက်တဲ့အရွယ်အစား မဟုတ်ပါဘူး။အဓိကဆုံးဖြတ်ပေးတာက Calorie Density နဲ့ အာဟာရဖွဲ့စည်းပုံ ဖြစ်ပါတယ်။

✅ပန်းဖူးအစိမ်းနဲ့ အဖြူလို ဟင်းသီးဟင်းရွက်တွေက
ရေဓာတ်နဲ့ Fiber အလွန်များပြီး100gမှာပါဝင်တဲ့Calories အလွန်နည်းပါတယ်။
✅Fiber က အစာကြေညက်မှုကို နှေးစေပြီး
ဗိုက်ပြည့်လွယ်စေသလို
အချိန်ကြာကြာ ဆာမလာအောင် ကူညီပေးပါတယ်။
ဒါကြောင့် ပမာဏများများစားရင်တောင်kcalမများတဲ့အတွက်ကြောင့်ခုလို့ရွေးချယ်စားသောက်တတ်မယ်ဆိုရင်အဆာခံပြီးဝိတ်ချနေစရာလိုပါဦးမလာရှင်။

✅ချောကလပ်လို အချိုပွဲတွေက
အရွယ်သေးသေးလေးနဲ့သကြားနဲ့ အဆီဓာတ်များလွန်းတာကြောင့်Calorie Density မြင့်ပါတယ်။ဒီလို အစားအစာတွေကCalories မြင့်ပေမဲ့အချိန်ကြာကြာ ဗိုက်ပြည့်စေခြင်း မရှိပါဘူး။


✅ဝိတ်ချခြင်းဆိုတာ စားတာကို ကြောက်နေရတာ မဟုတ်ပါဘူး။Calories နဲ့ အာဟာရကို နားလည်ပြီးမှန်ကန်တဲ့ အစားအစာကိုရွေးချယ်စားသုံးတတ်ဖို့ပဲ လိုပါတယ်။

😁😁😁သေးတဲ့ဟာကိုစားရင်ပိန်မယ်ထင်ရင် ကျွန်မရဲ့pageလေးကိုသာfollow 🤌🤌ထားလိုက်ပါတော့

💯💯💯ပုံကတော့WZအိမ်မှာရှိတဲ့ပန်းဖူးနဲ့ဆိုင်ကချောကလပ်ပါ

21/02/2026

အဆီပိုကင်းပြီးကျန်းမာလှပနိုင်အောင်ကြိုးစားဖို့ကမိမိမှာဘဲတာဝန်ရှိပါတယ်
မကြာခင်နွေရာသီရောက်တော့မှာမို့ ခါးတိုလေးတွေနဲ့ကဲလို့ရအောင်ခုထဲကကြိုရစားဖို့လိုမယ်နော်😁😁😁


#ကယ်လိုရီတွတ်ပြီးစားကြမယ်
#ကျန်းမားစွာအဆီချကြမယ်

Address

Insein

Website

Alerts

Be the first to know and let us send you an email when Calories & Diet by WZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share