Nourish & Life with SunnyHtinn

Nourish & Life with SunnyHtinn Sharing about Nutrition, Baby Care & Motherhood ☀️
Nourish & Life with SunnyHtinn 🤍

Permanently closed.
၈ လကျော်လာတော့ ဖြည့်စွက်စာငြင်းတဲ့အချိန်တွေ ရှိလာတယ်… 🥹🍚ဒီအရွယ်မှာ ကလေးတွေ အစားအစာငြင်းတာမျိုး ရှိတတ်ပေမယ့် ကလေးတိုင်းတေ...
21/09/2026

၈ လကျော်လာတော့ ဖြည့်စွက်စာငြင်းတဲ့အချိန်တွေ ရှိလာတယ်… 🥹🍚

ဒီအရွယ်မှာ ကလေးတွေ အစားအစာငြင်းတာမျိုး ရှိတတ်ပေမယ့် ကလေးတိုင်းတော့ တူတူဖြစ်မယ်လို့ မဆိုနိုင်ပါဘူးနော်။
ထင်ထင်းလေး အစားငြင်းတဲ့အချိန်မှာတော့ မေမေက ဒီလိုလေး စီမံဖြစ်ပါတယ် 🤍

① ပထမဆုံး Stress မထားဘူး

“ဒီနေ့တော့ မစားဘူး… အာဟာရမပြည့်တော့ဘူး” ဆိုပြီး အရမ်းစိတ်မပူဖြစ်အောင် ကြိုးစားပါတယ်။

အစားစားချိန်ဆိုတာကို သိလာဖို့၊ စားချင်ရင်စားနိုင်တဲ့အခွင့်အရေးရှိဖို့ကိုပဲ ဦးစားပေးဖြစ်တယ်။

မစားချင်ဘူးဆိုရင်လည်း အတင်းမကျွေးဘဲ နားလိုက်ပါတယ်။

② Snack လေးတွေကိုလည်း အာဟာရရှိအောင် ကြိုပြင်ထားတယ်

Meal ၃နပ်ကို သေချာ မစားတဲ့နေ့တွေမှာ အလွယ်တကူပေးလို့ရအောင် အိမ်မှာပဲ အာဟာရပြည့်အောင် လုပ်ထားတဲ့ cake / pudding လေးတွေကို အရံသင့်ထားဖြစ်ပါတယ်။

သူက အဲ့ဒီလိုမျိုးလေးတွေဆို ကြိုက်တတ်တော့လေ ကြံဖန်ပီးလုပ်ထားရတာပါဘဲ့ 😅

③ သူကြိုက်တာလေးတွေကို မှတ်ထားတယ်

ထင်ထင်း က ဒိန်ချဉ် အရမ်းကြိုက် တော့ ထမင်းမစား ဘဲ ထမင်းစားခုံမှာထိုင်ပီး အော်နေရင် ဒိန်ချဥ်ကျွေးလိုက်ရင်ငြိမ်သွားရော😬

အဲ့တော့ဒိန်ချဥ်ကတော့မရှိမဖြစ်ဆောင်ထားရတယ်

လောလောဆယ် မေမေက အမြဲအဆင်သင့်ထားဖြစ်တဲ့အရာတွေကတော့—

🥚 ကြက်ဥ
🍌 ငှက်ပျောသီး
🥣 ဒိန်ချဉ်
🍎 အသီးအနှစ်
🐉 နဂါးမောက်သီး / 🍊 လိမ္မော်သီး
🌱 မာဆုရ (သူအရမ်းကြိုက်ပါတယ်)
🥣 BLM oat
🍰 Homemade cake
🍮 Homemade pudding

**④ တနေ့တာစီစဥ်ဖြစ်တာကတော့ **

မနက်ပိုင်းမှာ နိုးတာနဲ့ ဟင်းအနှစ်တစ်မျိုးလောက် ချက်ထားလိုက်တယ် ဒါဆိုရင်
ထမင်း၊ ခေါက်ဆွဲ၊ oat လှည့်ပီးကျွေးလို့ရတယ် 😉

ဒါကြောင့် တစ်နေ့လုံး “ဘာကျွေးရမလဲ၊ ဘာချက်ရမလဲ” ဆိုပြီး အချိန်ကုန်၊ အလုပ်ရှုပ်နေတာမျိုးလည်း နည်းသွားပါတယ်။

Cake / Pudding လုပ်ထားလိုက်တယ်

ဒါဆိုတနေ့တာ ချက်ပြုတ်ပီးသလောက်ပါဘဲ့

အဓိကကတော့ ကလေးစားတဲ့အချိန်ကို မေမေ့အတွက် stress ဖြစ်စရာအချိန်တစ်ခု မဖြစ်စေချင်တာပါ။ 🤍

ကလေးက ခံတွင်းတွေ့တဲ့အစားအစာလေးတွေကို စားပြီး အာဟာရရနေတယ်ဆိုတာမြင်ရတော့ မေမေလည်း စိတ်ချမ်းသာရပါတယ်။

ဒါကတော့ မေမေတစ်ယောက်အနေနဲ့ နေ့စဉ်ဘဝကို အဆင်ပြေအောင် စီမံဖြစ်တဲ့နည်းလေးတွေ ပါ။

မေမေတို့ရော…
ကလေးလေးတွေ အစားငြင်းတဲ့အချိန် ဘယ်လိုလေးတွေ စီမံဖြစ်ကြလဲ? 🥰
ကိုယ့်အတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးခဲ့ပါဦးနော်။ တခြားမေမေတွေအတွက်လည်း အသုံးဝင်နိုင်ပါတယ်။ 🤍

#ဖြည့်စွက်စာ #ကလေးအစားအစာ #၈လကလေး

A little sunshine met a little Lotso. 🧸☀️မေမေလက်စွမ်းပြထားတဲ့ကေအသစ်နဲ့😬
20/09/2026

A little sunshine met a little Lotso. 🧸☀️

မေမေလက်စွမ်းပြထားတဲ့ကေအသစ်နဲ့😬

18/09/2026

ထမင်းမစားချင် တဲ့ကလေးလေး အတွက်
Baby Dimsum လေးလုပ်ကျွေးဖြစ်ပါတယ် 🤍
🦐🌾🥚 ပုဇွန် + Oat + ကြက်ဥ

Protein 💪🏻
Iron 🩸
Zinc ✨
Choline 🧠
Fiber 🌾

ကလေးလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အာဟာရကောင်းကောင်းရတဲ့ meal လေး 🤍

အရသာလည်း အရမ်းကောင်း တာမို့ ကလေးလေးကြိုက်ပါတယ် BLW အတွက်လည်းအဆင်ပြေ ပါတယ်🥰

#ဖြည့်စွက်စာ
#ထင်ထင်းလေးရဲ့နေ့လည်စာ

17/09/2026

ဆန်ပြုတ်မစားချင်တဲ့ကလေးလေးအတွက်
ဟင်းအနှစ်လေးချက်ထားပီး Oatနဲ့ကျွေးလိုက်
ခေါက်ဆွဲနဲ့ကျွေးလိုက် လှည့်ပတ်စီစဥ်ရတာပါဘဲ့ရှင်

16/09/2026

အမဲသားကိုဒီလိုနှပ်ပီးသိမ်းထားရင် ချက်ပြုတ်တဲ့အခါကျ သိပ်အချိန်မပေးရတော့ဘူး 🥰

ကလေးလေးတွေအတွက် အာဟာရရှိတဲ့အစားအသောက်ကိုရွေးချယ်ပေးတဲ့အခါ
သံဓာတ်ကြွယ်ဝတဲ့ အမဲသားကို ချန်ထားခဲ့လို့မဖြစ်ဘူးပေါ့ 😉

#ဖြည့်စွက်စာ

15/09/2026

သမီးလေးအတွက် အစားအစာပြင်ဆင်ပေးတဲ့အခါ
အတတ်နိုင်ဆုံး Real Food တွေနဲ့ပဲ ပြင်ဆင်ပေးဖြစ်တယ် 🥰

အခုထိ ကလေးစားစရာ Ready-made food တွေကိုတော့ မသုံးဖြစ်သေးဘူး။ Oat, ခေါက်ဆွဲကလွဲရင် cheese အမှုန့်လေးတွေတောင် မသုံးဖြစ်သေးဘူး။

သဘာဝ အစားအစာတွေကို သမီးလေးစားနိုင်တဲ့ပုံစံလေးနဲ့ ပြင်ပေးဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့…
မစားချင်တဲ့အချိန်ဆို အတင်းမကျွေးဘူး။
သူစားချင်တဲ့အချိန်၊ သူနှစ်သက်တဲ့အစားအစာတွေကို ဖြည်းဖြည်းချင်း လေ့လာခွင့်ပေးဖြစ်တယ် 🤍

အခုဆို ကန်စွန်းဥ ​ကြက်ဥကြော် ဥနီပေါင်း သစ်သီးအစရှိတဲ့ Real Food လေးတွေကို ကိုယ်တိုင်ကိုင်ပြီး နှစ်ခြိုက်စွာစားတတ်လာပြီ 🥹🍠

အစကတော့ “ဘယ်လောက်စားသွားလဲ” ဆိုတာကို ပိုအာရုံစိုက်မိခဲ့ပေမယ့်
အခုတော့ “အစားအစာကို နှစ်သက်လာပြီလား” ဆိုတာကို ပိုကြည့်ဖြစ်လာတယ်။

တစ်ယောက်နဲ့တစ်ယောက် မတူကြလို့
ကိုယ်နဲ့အဆင်ပြေတဲ့ပုံစံလေးနဲ့ ဖြည်းဖြည်းချင်းပဲပေါ့ 🥰

#ဖြည့်စွက်စာ

၈ လကလေးလေးအတွက် 🥩အမဲသားကို Greek Yogurt ရဲ့Whey အရည်လေးနဲ့ နှပ်ပြီးရေခမ်းပြုတ်ထားတာပါ 🤍အသားက နူးအိပြီးနောက် Meal တွေချက်...
13/09/2026

၈ လကလေးလေးအတွက် 🥩

အမဲသားကို Greek Yogurt ရဲ့
Whey အရည်လေးနဲ့ နှပ်ပြီး
ရေခမ်းပြုတ်ထားတာပါ 🤍

အသားက နူးအိပြီး
နောက် Meal တွေချက်တဲ့အခါ
အချိန်လည်း သက်သာတယ် ✨

🥩အမဲသားက ကလေးလေးတွေအတွက် Protein, Iron နဲ့ Zinc ရရှိစေတဲ့ အစားအစာကောင်းတစ်မျိုးဖြစ်လို့ Meal တွေထဲ ထည့်ပေးဖြစ်တယ်။

ဒီလို အသားကို ကြိုချက်ပြီး နူးအိအောင် ပြင်ထားရင် နောက် Meal ချက်တဲ့အခါ လိုသလောက်လေးယူပြီး ဟင်းသီးဟင်းရွက်၊ ထမင်း၊ ခေါက်ဆွဲ စတာတွေနဲ့ ရောပေးရုံဆိုတော့ မေမေအတွက်လည်း ပိုလွယ်၊ ပိုမြန် သွားတာပေါ့ 😍

ကလေးစားမယ့်အတွက်ဆို ဆား၊ အရသာမှုန့် မထည့်ဘဲ သဘာဝအရသာလေးနဲ့ပဲ ပြင်ထားပါတယ်ရှင် 🤍

မေမေတို့လည်း ကလေးလေးအတွက် အသားတွေကို ဘယ်လိုကြိုပြင်ထားကြလဲ? 🥰

ဒီနေ့   ရဲ့ နေ့လည်စာ 🍠🥣အခုတလော ထမင်းကို သိပ်မစားချင်တော့ဘူး 😅ဒါကြောင့် မစားချင်တာကို အတင်းကျွေးမယ့်အစားမစားချင်တဲ့အချိန်...
12/09/2026

ဒီနေ့ ရဲ့ နေ့လည်စာ 🍠🥣

အခုတလော ထမင်းကို သိပ်မစားချင်တော့ဘူး 😅
ဒါကြောင့် မစားချင်တာကို အတင်းကျွေးမယ့်အစား
မစားချင်တဲ့အချိန်မှာလည်း meal တစ်နပ်အနေနဲ့ အာဟာရရနိုင်မယ့်အရာလေးကို ရွေးပေးဖြစ်တယ်။

ဒီနေ့တော့
🍠 ကန်စွန်းဥပေါင်း
🥣 ဒိန်ချဉ်
လေးနဲ့ပဲ ကျွေးဖြစ်တယ်။

ကလေးတွေက တစ်ရက်နဲ့တစ်ရက် စားချင်တာ၊ ခံတွင်းတွေ့ တာ ပြောင်းတတ်ကြတာမို့ “ဒီနေ့ ထမင်းမစားဘူး” ဆိုတာနဲ့ မေမေကလည်း စိတ်မပူတော့ဘူး။ 🥰

စားနိုင်တဲ့အချိန်မှာ အာဟာရရှိတာလေးတွေကို ရွေးပေးပြီးကလေးရဲ့ hunger cues ကိုလည်း လိုက်ပေးဖြစ်တယ်။ 🤍

မေမေတို့ရဲ့ ကလေးလေးတွေရော အခုတလော ထမင်းမစားချင်တဲ့ phase ရှိကြလား?

#၈လကလေး #ကလေးအစားအစာ #ဖြည့်စွက်စာ

ကလေးတစ်ယောက်ရဲ့ ဖြည့်စွက်စာမှာနေ့တိုင်း ၃ မျိုး၊ ၄ မျိုး မဖြစ်မနေထည့်ပေးရမလား? 🤔ကလေးလေးတစ်ယောက်ရဲ့ meal တိုင်းမှာအစားအစာ...
12/09/2026

ကလေးတစ်ယောက်ရဲ့ ဖြည့်စွက်စာမှာ
နေ့တိုင်း ၃ မျိုး၊ ၄ မျိုး မဖြစ်မနေထည့်ပေးရမလား? 🤔

ကလေးလေးတစ်ယောက်ရဲ့ meal တိုင်းမှာ
အစားအစာအမျိုးအစား အများကြီးပါနေဖို့ထက်—

🌿 အာဟာရရှိတဲ့အစားအစာတွေကို ပုံမှန်ပေးနိုင်ဖို့
🌿 အသက်အရွယ်နဲ့ကိုက်ညီတဲ့ texture ဖြစ်ဖို့
🌿 ကလေးလေး ကိုယ်တိုင် စိတ်ဝင်စား စားသောက်ဖို့
🌿 အစားအစာမျိုးစုံကို တဖြည်းဖြည်း ရင်းနှီးလာဖို့

ဒါတွေက ပိုအရေးကြီးပါတယ် 🥰

ကလေးရဲ့ အစားအစာက
တစ်နေ့တည်းနဲ့ ပြည့်စုံအောင်လုပ်ဖို့မဟုတ်ဘဲ
နေ့ရက်တွေကြာလာတာနဲ့အမျှ မျိုးစုံအောင် ဖြည်းဖြည်းချင်း မိတ်ဆက်ပေးသွားဖို့က အဓိကလို့ မြင်မိပါတယ် 🤍

မေမေတို့ရော
ကလေးအတွက် ဖြည့်စွက်စာပြင်တဲ့အခါ
အစားအစာအမျိုးအစား များများထည့်ရမယ်ဆိုပြီး စိတ်ဖိစီးဖူးကြလား? 🥰

#ဖြည့်စွက်စာ #ကလေးအာဟာရ

Today Lunch : ထင်ထင်း အကြိုက်ဆုံး menu ကြက်ဥကြော် နဲ့ ဥနီပေါင်း 😋  #နွေရိပ်ထင်
11/09/2026

Today Lunch : ထင်ထင်း အကြိုက်ဆုံး menu
ကြက်ဥကြော် နဲ့ ဥနီပေါင်း 😋

#နွေရိပ်ထင်

Address

Myasabal Road
Dawei

Telephone

+959448058828

Website

Alerts

Be the first to know and let us send you an email when Nourish & Life with SunnyHtinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share