Dream Paradise Bungalow & Restaurant

Dream Paradise Bungalow & Restaurant Dream Paradise is offering a chance to experience a local Maungmagan beach vibe of one-story wooden

မနက်ဖြန် wedding တစ်ခုအတွက် ခင်းကျင်းပြင်ဆင်ထားမှုလေးတွေ❤️အခုလိုနေ့ထူးနေ့မြတ်အခမ်းအနားအတွက် Dream Paradise Bungalow & Re...
28/11/2021

မနက်ဖြန် wedding တစ်ခုအတွက် ခင်းကျင်းပြင်ဆင်ထားမှုလေးတွေ❤️
အခုလိုနေ့ထူးနေ့မြတ်အခမ်းအနားအတွက် Dream Paradise Bungalow & Restaurant ကိုရွေးချယ်ခဲ့တဲ့ မင်္ဂလာမောင်နှံကိုကျေးဇူးတင်ရှိပါတယ်ရှင့်။

“ရေလှိုင်းလေးတွေကလည်း ပျော်ရွှင်မှုတွေယူဆောင်ပေးတတ်တယ်”အခြေအနေတည်ငြိမ်တဲ့အခါ မောင်းမကန်ကမ်းခြေကိုလာလည်လှည့်ပါအုန်းဗျာ။
31/08/2021

“ရေလှိုင်းလေးတွေကလည်း ပျော်ရွှင်မှုတွေယူဆောင်ပေးတတ်တယ်”

အခြေအနေတည်ငြိမ်တဲ့အခါ မောင်းမကန်ကမ်းခြေကိုလာလည်လှည့်ပါအုန်းဗျာ။

အေးအေးဆေးဆေးအနားယူပြီး လှပသောကျွန်းများစွာကိုလည်း လည်ပတ်လို့ရတဲ့ မောင်းမကန်ကမ်းခြေကို လာလည်မည့်မိတ်ဆွေအပေါင်းတို့ကို Dre...
29/01/2021

အေးအေးဆေးဆေးအနားယူပြီး လှပသောကျွန်းများစွာကိုလည်း လည်ပတ်လို့ရတဲ့ မောင်းမကန်ကမ်းခြေကို လာလည်မည့်မိတ်ဆွေအပေါင်းတို့ကို Dream Paradise Bungalow မှနွေးထွေးစွာကြိုဆိုပါတယ်🧑🏽‍💼👩🏼‍💼။

သက်သာသောစျေးနှုန်းများဖြင့် လူကြီးမင်းတို့၏ အပန်းဖြေခရီးမှာ အေးဆေးစွာအနားယူနိုင်ရန် Dream Paradise Bungalow အခန်းစျေးနှုန်းများ နှင့် အမျိုးအစားများကို မိတ်ဆက်ပေးပါမည်🥰။

For local,
Family room - 100,000/-MMK
Seaview room -35,000/-MMK
Dream Paradise room -30,000/- MMK

For foreigners,

Family room - 80USD
Seaview room -35USD
Dream Paradise room -30USD

အထက်ပါစျေးနှုန်းများသည် ပုံမှန်စျေးနှုန်းများဖြစ်ပြီး ပွဲတော်ရက်များဖြစ်ပါက စျေးနှုန်းအပြောင်းအလဲများရှိနိုင်ပါသည်။

လိပ်စာ🏖- မောင်းမကန်ကမ်းခြေ🌊
ဘိုကင်တင်ရန်ဖုန်းနံပါတ်☎️- 09261910128, 09261910124, 09763792007

မောင်းမကန် ကမ်းခြေအကြောင်းတစေ့တစောင်း🏝မောင်းမကန်ကမ်းခြေအကြောင်းမစခင် ထားဝယ်မြို့ အကြောင်းအရင် ပြောပေးချင်ပါတယ်။ ထားဝယ်မြ...
29/01/2021

မောင်းမကန် ကမ်းခြေအကြောင်းတစေ့တစောင်း🏝

မောင်းမကန်ကမ်းခြေအကြောင်းမစခင် ထားဝယ်မြို့ အကြောင်းအရင် ပြောပေးချင်ပါတယ်။ ထားဝယ်မြို့ဟာ ဘုရားဖူးဓမ္မမိတ်ဆွေတွေကြား နာမည်ကြီးတဲ့မြို့တစ်မြို့ဖြစ်ပြီး နာမည်ကျော် တန်ခိုးကြီးဘုရားအမြောက်အမြားအပြင် ရှင်ကိုးရှင်ဘုရားအား လှည့်လည်ဖူးမြော်သူအပေါင်း များပြားလှပါတယ်။ ထားဝယ်မြို့ဟာ တနင်္သာရီတိုင်းဒေသရဲ့မြို့တော်ဖြစ်ပါတယ်။ ထားဝယ်မြို့ကို ရန်ကုန်ကနေ လေယာဉ်✈️နဲ့ဆို(၁)နာရီနီးပါးလောက်စီးရပါတယ်။ ကား🚗နဲ့ဆိုရင်တော့ ၁၂ နာရီလောက်ကြာတတ်ပါတယ်။ ၁၂ နာရီကြာအောင် ကားစီးရပေမဲ့ လမ်းတလျှောက် ဒေသထွက် အသီးအနှံတွေ မုန့်တွေ စားရင်း အချိန်ကကုန်မှန်းမသိကုန်သွားတယ်။ လမ်းတွေက ကျယ်ပြီးကောင်းနေပြီမို့ သူငယ်ချင်းတွေနဲ့ road trip 🚘သွားမယ်ဆို အသွားသင့်ဆုံးလေးပါပဲ။ ကားပေါ်မှာ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့🎮၊ သီချင်းဆို 🎤၊ tik tok ရိုက်ကြမယ်ဆို တကယ်ပျော်စရာကြီးပါ။ ထားဝယ်မြို့ရောက်ပြီဆိုရင် မောင်းမကန်ကမ်းခြေရောက်ဖို့ ၂၅ မိနစ်လောက်ပဲမောင်းရတော့တယ်။ လေယာဉ်နဲ့ လာတယ် ဆိုရင်လည်း ထားဝယ်လေဆိပ်ရောက်တဲ့အခါ မောင်းမကန်ကမ်းခြေကိုသွားဖို့ taxi 🚕ကားတွေအများကြီးရှိလို့ သွားရလာရအရမ်းအဆင်ပြေပါတယ်။

မောင်းမကန်ကမ်းခြေဟာ🏝ဆိုရင် မြန်မာနိုင်ငံမှာ ဒုတိယသက်တမ်းအရင့်ဆုံးကမ်းခြေဖြစ်တယ်။ မောင်းမကန်ကမ်းခြေကို ကားနဲ့လာရင် ကားမောင်းချိန်က ချောင်းသာ၊ ငွေဆောင်တို့ ထက်ပိုကြာတော့ လူသွားနည်းတဲ့အတွက် ကမ်းခြေကလုံးဝမပျက်စီးသေးဘူး။ သဲသောင်ပြင်မှာ ခရုကောက်ဖို့ ခရုတွေအများကြီးရှိတယ်။ ညနေခင်းတွေဆို ကမ်းရိုးတန်းကအရှည်ကြီးဆိုတော့ လမ်းလျှောက်ရင်း ခရုလေးတွေကောက်တာတို့ စက်ဘီးစီးတာတို့ လုပ်လို့ရတယ်။ စိတ်ဖိစီးမှုများတဲ့မြို့ပြကြီးကနေ ခဏတာရှောင်တိမ်းပြီး အေးအေးဆေးဆေးအနားယူလို့ရမဲ့ မောင်းမကန်ကမ်းခြေကို လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။🥰

Address

Maungmagan, Myanmar, Burma (Myanmar)
Dawei

Telephone

+959261910128

Website

Alerts

Be the first to know and let us send you an email when Dream Paradise Bungalow & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share