Zuu&Hein Myanmar Tea House Takadanobaba

電話する ウェブサイト 事業に問い合わせる

Zuu&Hein Myanmar  Tea House  Takadanobaba お客様の為に満足なお店を作ります。

🌟 မင်္ဂလာပါရှင့် 🌟ဒီတစ်ခါတော့ ZUU & HEIN Myanmar Tea Houseရဲ့🌽 ပြောင်းဖူးလက်ဖက်ထောင်း 🌽(မြန်မာပြည်အလွမ်းပြေ စစ်စစ်)တခါစာ...
30/01/2026

🌟 မင်္ဂလာပါရှင့် 🌟

ဒီတစ်ခါတော့ ZUU & HEIN Myanmar Tea Houseရဲ့
🌽 ပြောင်းဖူးလက်ဖက်ထောင်း 🌽
(မြန်မာပြည်အလွမ်းပြေ စစ်စစ်)

တခါစားကြည့်ရုံနဲ အရသာက မြန်မာပြည်ကိုသတိရသွားမယ့် ပြောင်းဖူးလက်ဖက်ထောင်း အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော် 🤍

အရင်က ဆိုင်မှာရှိထားတဲ့ ပြောင်းဖူးလက်ဖက် menu ကိုမှ
👉 ပိုပြီး အရသာကောင်းအောင်
👉 ပါဝင်ပစ္စည်းတွေ ပိုစုံအောင်
👉 မြင်တာနဲ့ စားချင်စရာဖြစ်အောင်
ပြန်လည်ပြင်ဆင်ထားတဲ့ Version အသစ်စက်စက် လေးပါရှင့် ✨

ပြောင်းဖူးချိုချိုလေး၊ လက်ဖက်သားနံ့မွှေးမွှေး၊ ဂေါ်ဖီ ခရမ်းချဉ်သီးတွေ စုံစုံနဲ့
အရောင်စုံစုံလင်လင် အလှအပကပါ ကြည့်လိုက်တာနဲ့ စားချင်သွားစေမှာနော် 😍

ချဉ်ငံစပ် ကြိုက်သူတွေအတွက်လဲ
“ချဉ်ချဉ်ငံငံ စပ်စပ်လေးလုပ်ပေးပါ” လို့ပြောလိုက်တာနဲ့
သဘောကျအောင် စိတ်ကြိုက်ပြင်ပေးပါတယ်နော် 🌶️🍋

🍚 ထမင်းဖြူလေးနဲ့တွဲစားစား
🍺 ဘီယာလေးနဲ့ မြည်းမြည်း
ဘယ်လိုအချိန်မဆို လိုက်ဖက်ပြီး စားလို့ကောင်းနေမယ့်
Menu အသစ်လေးတစ်ခုပါရှင့် 🤤

📸 ပုံလေးကြည့်ပြီး အရသာကို ခန့်မှန်းကြည့်လိုက်ပါနော်
လာစားကြည့်မှသာ တကယ်သိရမယ့် ပြောင်းဖူးလက်ဖက်ထောင်း လေးပါ 💛

မလာခင် Page လေးထဲ ဝင်ကြည့်ပြီး
ကိုယ်စားချင်တာ ကြိုရွေးထားခဲ့ရင်
ဆိုင်ရောက်တာနဲ့ တန်းအော်ဒါလုပ်လို့ရပြီနော် 😋📱

ဒီလို ဆိုင်ရဲ့ လူကြိုက်များတဲ့ menu တွေကို ဆက်တိုက် မိတ်ဆက်ပေးသွားမှာမို့
Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 💛📱

အမြဲအားပေးနေတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

🌟 မင်္ဂလာပါရှင့် 🌟ZUU & HEIN Myanmar Tea House ရဲ့ကြည့်လိုက်တာနဲ့ စိတ်ကြည်သွားစေမယ့်🌸🍨 ပန်းရောင် Faluda (ဖာလူဒါ) 🍨🌸 လေး ...
27/01/2026

🌟 မင်္ဂလာပါရှင့် 🌟
ZUU & HEIN Myanmar Tea House ရဲ့
ကြည့်လိုက်တာနဲ့ စိတ်ကြည်သွားစေမယ့်
🌸🍨 ပန်းရောင် Faluda (ဖာလူဒါ) 🍨🌸 လေး မိတ်ဆက်ပေးပါရစေရှင့် 💗

နေရောင်အောက်မှာတောင် လှနေအောင် ပန်းရောင်ဖျော့ဖျော့လေးနဲ့
အပေါ်မှာ Vanilla ရေခဲမုန့်နူးနူးညံ့ညံ့လေးတစ်တုံး 🍨

အရောင်စုံဂျယ်လီလေးတွေ တောက်တောက်ပပလေးတွေ 🌈
ဖန်ခွက်ထဲမှာ အလွှာလိုက် လှလှပပ တွေ့ရတဲ့ ဖာလူဒါလေးပါရှင့် 😍

ဒီဖာလူဒါလေးထဲမှာ
🤍 သာကူစေ့လေးတွေ
🍮 ဆိုင်မှာကိုယ်တိုင် သေချာလုပ်ထားတဲ့ ပူတင်း
ပါဝင်ပြီး အရသာနဲ့ texture နှစ်မျိုးလုံးကို ပိုပြီးပြည့်စုံစေထားပါတယ်ရှင့် 🥰

ဖာလူဒါအရည်ကိုလည်း
✨ မချိုလွန်း မပြင်းလွန်းပဲ
✨ စိမ့်စိမ့်လေး သောက်လို့ကောင်းအောင်
✨ Vanilla အနံ့သင်းသင်းလေးရအောင်
ဆိုင်မှာကိုယ်တိုင် သေချာဖျော်ထားတာမို့
တစ်ခွက်သောက်လိုက်ရင် အေးမြပြီး စိတ်လက်ပါ လန်းသွားစေမှာပါ 💗

တစ်ငုံသောက်လိုက်တာနဲ့ အေးမြပြီး နူးညံ့ချိုသာတဲ့အရသာ၊
ကြည့်ရတာလည်း ချစ်စရာ၊ ဓာတ်ပုံရိုက်လို့လည်း လှတဲ့ menu လေးမို့
မိန်းကလေးတွေ၊ လူငယ်တွေ အထူးကြိုက်ကြမယ့် ဖာလူဒါပါ 🍧💕

ပူနေတဲ့နေ့တွေ၊ ချိုချိုအေးအေးလေး သောက်ချင်တဲ့အချိန်တိုင်း
ZUU & HEIN Myanmar Tea House ရဲ့ Faluda ကို မမေ့နဲ့နော် 🥰

မလာခင် Page လေးထဲ ဝင်ကြည့်ပြီး
ကိုယ်စားချင်တာ ကြိုရွေးထားခဲ့ရင်
ဆိုင်ရောက်တာနဲ့ တန်းအော်ဒါလုပ်လို့ရပြီနော် 😋📱

ဒီလို ဆိုင်ရဲ့ လူကြိုက်များတဲ့ menu တွေကို ဆက်တိုက် မိတ်ဆက်ပေးသွားမှာမို့
Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 💛📱

အမြဲအားပေးနေတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

🌟 မင်္ဂလာပါရှင့် 🌟ဒီတစ်ခါ Zuu & Hein မှာ မိတ်ဆက်ပေးချင်တာကတော့ဆိုင်လာရင် (၂)ယောက်ကစပြီး အများဆုံး မှာစားဖြစ်ကြတဲ့ menu✨ ...
19/01/2026

🌟 မင်္ဂလာပါရှင့် 🌟

ဒီတစ်ခါ Zuu & Hein မှာ မိတ်ဆက်ပေးချင်တာကတော့
ဆိုင်လာရင် (၂)ယောက်ကစပြီး အများဆုံး မှာစားဖြစ်ကြတဲ့ menu
✨ အကြော်ဗန်းလေး ✨ ပါရှင့် 😋

(၁)ယောက်ထဲလာရင် မစားရဖူးလားဆိုတော့ မဟုတ်ဖူးနော် 🙆‍♀️ ရပါတယ်ရှင့်
(၂)ယောက်လာစားရင်တောင် ဆိုင်မှာပဲ မစားကုန်လို့
ပါဆယ်ပါသယ်ရလောက်အောင်
အကြော်အမျိုးအမည်စုံစုံနဲ့ များများထည့်ပေးထားတာမို့ပါနော် 🥰

(၁)ယောက်ထဲသမားတွေကတော့
“အရမ်းများလို့ မကုန်မှာစိုးရိမ်တယ်” ဆိုရင်
ကိုယ်ကြိုက်နှစ်သက်ရာ အကြော်တွေကို
တစ်မျိုးချင်း သီးသန့်လဲ မှာစားလို့ရပါတယ်ရှင့် 💕

👉 ရောင်းကောင်းပြီး လူကြိုက်များတဲ့ အကြောင်းရင်းတွေထဲက…

🌟 ပထမအချက် – ပြင်ဆင်ထားတဲ့ အပြင်အဆင်လေး
အကြော်ဗန်းလေးကို သေချာလှလှပပ ပြင်ပေးထားတာကြောင့်
ဆိုင်မှာလာစားတဲ့ ဂျပန်ဧည့်သည်တွေဆို
စားပွဲကို ယူသွားတဲ့အခါတိုင်း
「え、すごいねー。」 လို့ ပြောသွားရလောက်အောင်ပါရှင့် 😍

🌟 ဒုတိယအချက် – အမျိုးအစားစုံ + အရသာစုံ
ပါဝင်တဲ့ အကြော်အမျိုးအစားတွေကလဲ စုံ၊ များ၊
အရသာလဲ စုံစုံလင်လင် စားလို့ရတာမို့
မြန်မာအကြိုက်ဖြစ်ရုံသာမက
အလုပ်က ဂျပန်ဧည့်သည်တွေ ခေါ်လာရင်တောင်
ဒီအကြော်ဗန်းတစ်မျိုးထဲနဲ့ အရသာအစုံ စမ်းကြည့်လို့ရပါတယ်နော် 😋

🌟 တတိယအချက် – အချဉ်ရည် 🤎
အချဉ်ရည်ကို အညာစတိုင် မန်ကျည်းအချဉ်ရည်ကိုမှ
ဆိုင်မှာ ကိုယ်တိုင် သေချာအရသာစပ်ပြီး လုပ်ထားပေးတာပါရှင့်
အကြော်ကများ + အချဉ်ရည်က ထိမိဂွိ ဖြစ်တော့
လာစားတဲ့ ဧည့်သည်တွေဆို
“အချဉ်ရည် ထပ်ပေးပါဦး… အားနာပါတယ်နော်”
လို့ ပြောရလောက်အောင်ပါပဲ 😆
အကြော်မကုန်လို့ ပါဆယ်ထုပ်တဲ့အခါလဲ
“အချဉ်ရည်များများထည့်ပေးနော်” ဆိုတာ မမေ့မလျော့ပါပဲရှင့် 🤤

ကဲ… Zuu & Hein ကို ခဏခဏလာဖြစ်ပေမဲ့
ဒီအကြော်ဗန်းကို မမှာစားဖူးသေးတဲ့ ဧည့်သည်တွေရော
အခုမှ စလာရောက်အားပေးမဲ့ ဧည့်သည်တွေရော
အပိုမပြောတော့ပါဘူးနော် 🙇‍♀️
အရောက်လာပြီး ကိုယ်တိုင် အားပေးစားသုံးကြည့်ကြဖို့ပဲ ဖိတ်ခေါ်ပါတယ်ရှင့် 💕🍽️

မလာခင် Page လေးထဲ ဝင်ကြည့်ပြီး
ကိုယ်စားချင်တာ ကြိုရွေးထားခဲ့ရင်
ဆိုင်ရောက်တာနဲ့ တန်းအော်ဒါလုပ်လို့ရပြီနော် 😋📱

ဒီလို ဆိုင်ရဲ့ လူကြိုက်များတဲ့ menu တွေကို

ဆက်တိုက် မိတ်ဆက်ပေးသွားမှာမို့
Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 💛📱

အမြဲအားပေးနေတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးကို

ကျေးဇူးတင်ပါတယ်ရှင့်

🌟မင်္ဂလာပါရှင့် 🌟ဒီတစ်ခါ Zuu & Hein မှာ မိတ်ဆက်ပေးချင်တဲ့ အစားအစာကတော့🇲🇲 မြန်မာတွေကြိုက်ရုံမက 🇯🇵 ဂျပန် Customer တွေပါ တက...
18/01/2026

🌟မင်္ဂလာပါရှင့် 🌟

ဒီတစ်ခါ Zuu & Hein မှာ မိတ်ဆက်ပေးချင်တဲ့ အစားအစာကတော့
🇲🇲 မြန်မာတွေကြိုက်ရုံမက 🇯🇵 ဂျပန် Customer တွေပါ တကူးတကလာစားရတဲ့
✨ အုန်းနို့ခေါက်ဆွဲ ✨ ပါရှင့် 🥥🍜

အုန်းနို့ကိုတော့
👉 အုန်းနို့စစ်စစ်လေး သုံးထားပြီး
👉 ခေါက်ဆွဲသားကိုလည်း မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူတဲ့ ခေါက်ဆွဲသားကိုရွေးထားလို့
မြန်မာအလွမ်းပြေ အရသာစစ်စစ်လေးကို ခံစားလို့ရပါတယ်နော် 🤍

အထူးအားသာချက်ကတော့ 🔥
ဟင်းရည်ကို သေချာအပူပေးထားတဲ့ မြေအိုး နဲ့တင်ပေးတာမလို့
ချထားပေးပြီးနောက်တောင် မလွယ်လွယ်အေးသွားဘဲ
နောက်ဆုံးဇွန်းထိ ပူပူနွေးနွေး အရသာပြည့်ပြည့်နဲ့ စားလို့ရတာပါရှင့် 🥰

မြန်မာအစားအစာကိုလွမ်းနေရင်…
ဒီနေ့ပဲ Zuu & Hein ကိုလာပြီး
အုန်းနို့ခေါက်ဆွဲပူပူလေး တစ်ပွဲ စမ်းကြည့်လိုက်နော် 🫶✨

#အုန်းနို့ခေါက်ဆွဲ #မြန်မာအလွမ်းပြေ

မလာခင် Page လေးထဲ ဝင်ကြည့်ပြီး
ကိုယ်စားချင်တာ ကြိုရွေးထားခဲ့ရင်
ဆိုင်ရောက်တာနဲ့ တန်းအော်ဒါလုပ်လို့ရပြီနော် 😋📱

ဒီလို ဆိုင်ရဲ့ လူကြိုက်များတဲ့ menu တွေကို ဆက်တိုက် မိတ်ဆက်ပေးသွားမှာမို့
Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 💛📱

အမြဲအားပေးနေတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

🌟 မင်္ဂလာပါရှင့် 🌟ZUU & HEIN Myanmar Tea House ရဲ့ရောင်းအားအကောင်းဆုံး နံပါတ် (၁) menu ကတော့👉 မုန့်ဟင်းခါး ဖြစ်ပါတယ်ရှင့...
18/01/2026

🌟 မင်္ဂလာပါရှင့် 🌟

ZUU & HEIN Myanmar Tea House ရဲ့
ရောင်းအားအကောင်းဆုံး နံပါတ် (၁) menu ကတော့
👉 မုန့်ဟင်းခါး ဖြစ်ပါတယ်ရှင့် 😋🍜

ဒီမုန့်ဟင်းခါးက
မြန်မာဧည့်သည်တွေကြိုက်သလိုပဲ
ဂျပန်ဧည့်သည်တွေပါ လာစားပြီး သဘောကျကြတဲ့
ဆိုင်ရဲ့ signature menu တစ်ခုပါ 🇲🇲🇯🇵

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး gourmet မဂ္ဂဇင်းဖြစ်တဲ့
✨ “dancyu” မှာ 2022 ခုနှစ်ကတည်းက ဖော်ပြခံခဲ့ရတဲ့ဟင်းပွဲ ဖြစ်ပြီး
အခုအချိန်ထိကိုလည်း နေ့စဉ် လူကြိုက်များစွာနဲ့
အရမ်းရောင်းနေရဆဲ Best Seller ပါနော် 🔥

ရောင်းအားအရမ်းကောင်းလို့
👉 ဒီနေ့ချက် — ဒီနေ့ကုန် ဖြစ်သွားတဲ့နေ့တွေတောင် များပါတယ် 🤍
ဒါပေမဲ့ ဧည့်သည်တွေ မပြတ်လပ်ဘဲ စားနိုင်အောင်
ဆိုင်ဘက်ကလည်း အမြဲသေချာစီစဉ်ထားပါတယ်ရှင့် 💛

Uber မှာ order ဝင်တဲ့အခါတိုင်းလည်း
မုန့်ဟင်းခါးကတော့ မပါမဖြစ် menu တစ်ခုလို
အမြဲလိုလို မှာယူကြတဲ့ လူကြိုက်အများဆုံးဟင်းပွဲပါပဲ 🔥🍜

မလာခင် Page လေးထဲ ဝင်ကြည့်ပြီး
ကိုယ်စားချင်တာ ကြိုရွေးထားခဲ့ရင်
ဆိုင်ရောက်တာနဲ့ တန်းအော်ဒါလုပ်လို့ရပြီနော် 😋📱

ဒီလို ဆိုင်ရဲ့ လူကြိုက်များတဲ့ menu တွေကို ဆက်တိုက် မိတ်ဆက်ပေးသွားမှာမို့
Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 💛📱

အမြဲအားပေးနေတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

🌟 မင်္ဂလာပါရှင့် 🌟✨Page မှာ မတင်ဖြစ်တာလေးတွေရှိပေမဲ့ZUU & HEIN Myanmar Tea House ကိုလာတဲ့ဧည့်သည်တွေက“ဆိုင်မှာ ဘယ်အစားအစာ...
17/01/2026

🌟 မင်္ဂလာပါရှင့် 🌟

✨Page မှာ မတင်ဖြစ်တာလေးတွေရှိပေမဲ့

ZUU & HEIN Myanmar Tea House

ကိုလာတဲ့ဧည့်သည်တွေက

“ဆိုင်မှာ ဘယ်အစားအစာက နာမည်ကြီးလဲ?”

“ဘယ်အစားအစာကို စမ်းစားရင်ကောင်းလဲ?”
ဆိုပြီး
ရောက်လာတိုင်း အမြဲမေးနေကြတာကြောင့်… 👀🍴

ဒီနေ့ကစပြီး
🔥 ZUU & HEIN Myanmar Tea House ရဲ့ ရောင်းအားအကောင်းဆုံး / လူကြိုက်အများဆုံး အစားအစာနဲ့ဟင်းပွဲတွေကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် 🔥

💈ဆိုင်မလာခင် Page လေးထဲ ဝင်ကြည့်ပြီး
ကိုယ်စားချင်တဲ့ဟင်းကို ကြိုစဉ်းစားလို့ရအောင်
ဒီလို menu မိတ်ဆက် post တွေကို ဆက်တိုက်တင်ပေးသွားမယ်နော် 😋📱

👉 ပထမဆုံး မိတ်ဆက်မယ့် menu ကတော့
ဆိုင်ရဲ့ Best Seller “မုန့်ဟင်းခါး” ဖြစ်ပါတယ် 🍜🔥
မကြာခင် post တင်ပေးသွားမှာမို့ စောင့်ကြည့်ပေးနော် 💛

Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် ✨

🌟 ✨💘Happy New Year  2026 ပါ။😘😘 ကျက်သရေမဂ်လာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်အခါသမယလေးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်...
31/12/2025

🌟 ✨💘Happy New Year 2026 ပါ။😘😘 ကျက်သရေမဂ်လာအပေါင်းနဲ့ပြည့်စုံတဲ့
နှစ်သစ်အခါသမယ
လေးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🎵 ✨
✨🌵 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🍀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစည်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹 အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨
✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨
✨☀ 🙌 🈵 ✨အပေါင်းတို့နှင့်
နှစ်သစ်မှာ ပြည့်စုံပါစေကြောင်း
✨🌸 ဆုမွန်ကောင်းခြွေအပ်ပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ 🙏🙏🙏🎁🎁

住所

東京都新宿区高田馬場 3-12-6 日拓高田馬場ビル 3
Shinjuku-ku, Tokyo
169-0075

営業時間

月曜日 09:00 - 23:00
火曜日 09:00 - 23:00
水曜日 09:00 - 23:00
木曜日 09:00 - 23:00
金曜日 09:00 - 23:00
土曜日 09:00 - 23:00
日曜日 09:00 - 23:00

電話番号

+81363040309

ウェブサイト

アラート

Zuu&Hein Myanmar Tea House Takadanobabaが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

Zuu&Hein Myanmar Tea House Takadanobabaにメッセージを送信:

ショートカット

共有する

カテゴリー