ဆည်းဆာ

ဆည်းဆာ ဆည်းဆာ, レストラン, Osaka, Ikuno Ku, Shin Imazato 3-4/25, Osakaの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ပုံမှန် Sat Sun မှရတဲ့ ရခိုင်မုန့်တီကို ရာသီဥတု အေးစပြုလာပီမို့ ကြားရက်တေမှာလည်း လာသုံးဆောင်လို့ရပါပြီရှင့် 🥰✨
30/09/2026

ပုံမှန် Sat Sun မှရတဲ့ ရခိုင်မုန့်တီကို ရာသီဥတု အေးစပြုလာပီမို့
ကြားရက်တေမှာလည်း လာသုံးဆောင်လို့ရပါပြီရှင့် 🥰✨

ဆည်းဆာမှာ ဆေးလိပ်တေ ကြာပြာတေ အဲမီးတေထပ်ရောက်ပါပီရှင့် 🥰
18/09/2026

ဆည်းဆာမှာ
ဆေးလိပ်တေ
ကြာပြာတေ
အဲမီးတေ
ထပ်ရောက်ပါပီရှင့် 🥰

အုန်းနို့ခေါက်ဆွဲ အုန်းနို့ခေါက်ဆွဲ ပြောနေလို့ ဆည်းဆာမှာ အုန်းနို့ခေါက်ဆွဲရပါပီ🫶🤩
16/09/2026

အုန်းနို့ခေါက်ဆွဲ အုန်းနို့ခေါက်ဆွဲ ပြောနေလို့
ဆည်းဆာမှာ အုန်းနို့ခေါက်ဆွဲရပါပီ🫶🤩

နက်ဖန် ကျောင်း / ရုံး မသွားခင်လေး ဆည်းဆာမှာ လက်ဖက်ရည်လေးနဲ့ ကောက်ညှင်းပေါင်းပူပူလေး ဝင်သုံးဆောင်လှည့်ပါအုံး ချစ်မောင်လေး...
14/09/2026

နက်ဖန် ကျောင်း / ရုံး မသွားခင်လေး ဆည်းဆာမှာ လက်ဖက်ရည်လေးနဲ့ ကောက်ညှင်းပေါင်းပူပူလေး ဝင်သုံးဆောင်လှည့်ပါအုံး ချစ်မောင်လေး ညမလေးတို့ရေ 🥰🧡🧡

ဆည်းဆာမှာ 18 promax Dark Cherry လေး မဲဖောက်ပေးရင်ကောင်းမလား 🤔Luxury တကယ်ဆန်ချက် 🥰18 series က colour လေးတေတော့တကယ်ကြိုက်န...
10/09/2026

ဆည်းဆာမှာ 18 promax Dark Cherry လေး မဲဖောက်ပေးရင်ကောင်းမလား 🤔
Luxury တကယ်ဆန်ချက် 🥰
18 series က colour လေးတေတော့တကယ်ကြိုက်နေပီ 🤍

🌅☕ မနက်စာလေး စားချင်ရင် ဆည်းဆာကို သတိရနော် 🤎လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ကစပြီးဆည်းဆာမှာ မနက် 7:30 AM ကနေ 11:00 PM အထိ ဖွင့်...
09/09/2026

🌅☕ မနက်စာလေး စားချင်ရင် ဆည်းဆာကို သတိရနော် 🤎

လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး
ဆည်းဆာမှာ မနက် 7:30 AM ကနေ 11:00 PM အထိ ဖွင့်ထားမှာပါ 🫶🏻

🌅 မနက်စာ Menu

☕ လက်ဖက်ရည်
🍙ကောက်ညှင်းပေါင်း
🥖 အီကြာကွေး
🥜 ပဲအီကြာ
🥢 လိတ်ခုတ်
🥟 စမူဆာ
🍜 မုန့်ဟင်းခါး
🍜 အုန်းနို့ခေါက်ဆွဲ
🥟 အကြော်စုံ
🥗 အသုပ်စုံ
🥘ဆည်းဆာထမင်းကြော်

🫖 ဆည်းဆာရဲ့ မနက်စာမှာ

ရေနွေးကြမ်း အခမဲ့ တည်ခင်းပေးပါတယ် 🤎

ထိုင်စားချင်လည်းရပါတယ် 🪑
အချိန်မရလို့ မြန်မြန်ယူသွားချင်ရင်လည်း ပါဆယ်ရပါတယ် 🥡

ပြီးတော့ မနက်စာ menu တွေက တစ်နေ့စာ အကန့်အသတ်နဲ့ပဲ ပြင်ဆင်ထားတာမို့
ကုန်သွားရင် အဲ့ဒီနေ့အတွက် ထပ်မရတော့ပါဘူးနော် 🥹❤️

ရေနွေးကြမ်းပူပူလေးနဲ့ မနက်စာကောင်းကောင်းလေးဆို ဆည်းဆာကို သတိရလိုက်ပါနော် 🤍🤍🤍

# #ဆည်းဆာTeaHouse #
#
#

နာမည်ကြီး မင်းသား၊ မင်းသမီးတွေရဲ့ Show ပွဲတွေ၊ ဇာတ်ပွဲတွေဆို လက်မှတ်တွေကို လုဝယ်ကြရပေမယ့်…တော်လှန်ရေးအတွက် ရည်ရွယ်တဲ့ ပွ...
08/09/2026

နာမည်ကြီး မင်းသား၊ မင်းသမီးတွေရဲ့ Show ပွဲတွေ၊ ဇာတ်ပွဲတွေဆို လက်မှတ်တွေကို လုဝယ်ကြရပေမယ့်…
တော်လှန်ရေးအတွက် ရည်ရွယ်တဲ့ ပွဲလေးတွေကျတော့ လက်မှတ်ရောင်းရဖို့တောင် မျက်နှာငယ်ငယ်နဲ့ လိုက်ရောင်းကြရတယ်။ 😔

ဒါပေမယ့်လည်း… အားမလျှော့ပါဘူး။

ကိုယ်ရွေးချယ်ထားတဲ့လမ်းကိုတော့ ဘယ်လိုအကြောင်းနဲ့မှ မသွေဖည်ဘူး။
ကိုယ်နိုင်တဲ့ဝန်ကိုလည်း ဆက်ထမ်းနေဦးမှာပါ။ 🥰

တကယ်တော့ ကိုယ့်အနေနဲ့ “နိုင်ငံရေးလုပ်တယ်” လို့တောင် ခေါ်ထိုက်တဲ့အနေအထား မဟုတ်ပါဘူး။
ကိုယ်တိုင် လုပ်သင့်တယ်လို့ ယုံကြည်ထားတဲ့အရာတွေကို ကိုယ်တတ်နိုင်သလောက်၊ ကိုယ်နိုင်သလောက် လုပ်ပေးနေတယ်လို့ပဲ မှတ်ထားပါတယ်။

ဒါကြောင့် ဒီဆိုင်လေးကိုလည်း နိုင်ငံရေးကို ဗန်းပြပြီး စီးပွားရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်တဲ့ အသိုင်းအဝိုင်းထဲ ဝင်ပြီးမှ ဆိုင်လေးကို ဖွင့်ခဲ့တာဆိုပေမယ့် အဆက်အသွယ်လိုချင်လို့ ဒီအသိုင်းအဝိုင်းထဲ ဝင်လာခဲ့တာ မဟုတ်သလို၊ ဆည်းဆာကို ဖွင့်ခဲ့တာမှာလည်း ဘာအကူအညီ၊ ဘာအဆက်အသွယ်မှ မပါခဲ့ပါဘူး။ (ဒါကတော့ တချို့စကားတွေ ကြားနေရလို့ ကြုံတုန်း ထည့်ရေးလိုက်တာပါ။)

တကယ်တော့ ဒီဆိုင်လေးကြောင့် ကိုယ် ပိုလှူနိုင်ခဲ့တယ်။
ပိုလှူနိုင်ခဲ့လို့ ပိုပြီးကြိုးစားရမယ် ဆိုတာပဲ ကိုယ့်ခေါင်းထဲမှာ ရှိပါတယ်။

ဘယ်သူက ဘာပြောပြော…
ဘယ်လိုအမြင်နဲ့ပဲ မြင်မြင်…
ကိုယ်လုပ်ခဲ့တာတွေကို ကိုယ်သိတယ်။
ကိုယ်လုပ်ရမယ့် ရည်ရွယ်ချက်ကိုလည်း ကိုယ်သိတယ်။

အဲ့ဒါကြောင့် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။ 🤍

အဲ့ဒါကြောင့် လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ Osaka မြို့မှာ ကျင်းပမယ့် သီတင်းကျွတ်ပွဲလေးကိုလည်း မြန်မာ့ဓလေ့ရိုးရာပွဲတစ်ခုလို သဘောထားပြီး ပျော်ပျော်ရွှင်ရွှင် လာရောက်ဝန်းရံပေးစေချင်ပါတယ် 🥰

တကယ်တော့ ပွဲရဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါတယ်။ 🤍

1. ကိုယ့်အိမ်၊ ကိုယ့်တိုင်းပြည်နဲ့ ဝေးနေကြပြီး တိုင်းတစ်ပါးမှာ စိတ်ဖိစီးမှုတွေ၊ အထီးကျန်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ပင်ပန်းစွာ ရှင်သန်နေရတဲ့ ကိုယ့်လူမျိုးတွေအတွက် တစ်ရက်လောက်ပဲဖြစ်ဖြစ် ပျော်ရွှင်နိုင်စေဖို့၊ အိမ်လွမ်းတာတွေ ပြေပျောက်စေဖို့ ရည်ရွယ်ချက်လေးတစ်ခုရယ်။
2. ဒီပျော်ရွှင်မှုတွေကနေ ရရှိလာတဲ့ ငွေကြေးတွေကို တစ်ဖက်မှာ ကိုယ့်တိုင်းပြည်ထဲမှာလည်း ရုန်းကန်နေရတဲ့သူတွေအတွက် ပျော်ရွှင်မှုနဲ့ စိတ်လုံခြုံမှုလေးတစ်ခု ဖြစ်စေနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်လေးရယ်နဲ့ ကျင်းပဖြစ်ခဲ့တယ်လို့ ဆည်းဆာကတော့ ယုံကြည်ပါတယ်။

ကိုယ်ရဲ့ပျော်ရွှင်မှုလေးတစ်ခုက လူတေအများကြီးအတွက်ပျော်ရွှင်မှုတေအဖြစ်ပြောင်းလဲသွားရတာ မကောင်းဘူးလားရှင် 🤍

လူကိုယ်တိုင် လာရောက်ပါဝင်နိုင်သည်ဖြစ်စေ မပါဝင်နိင်သည်ဖြစ်စေ လက်မှတ်လေးအားပေးရင်ကို အပျော်တေကူးဆက်စေမှာပါ

နာမည်ကြီးချင်လို့ ပွဲလုပ်ခဲ့တာ မဟုတ်သလို၊ ငတ်ပြတ်နေလို့ ပွဲလုပ်ခဲ့တာလည်း မဟုတ်ဘူးလို့ ဆည်းဆာကတော့ ယုံကြည်ထားပါတယ်။ (အဲ့လိုပြောလို့လည်း ဆည်းဆာက သီတင်းကျွတ်ပွဲရဲ့ ပွဲစီစဉ်သူ မဟုတ်ပါဘူးနော်။ လျှောက်တွေးနေမှာစိုးလို့ပါ။ 🧡 ပါဝင်အားဖြည့်တယ်ဆိုရုံလောက်ပဲ။)

ဒါ့ကြောင့် ၁၀ လပိုင်း ၁၁ ရက်နေ့မှာ ကျင်းပမယ့် သီတင်းကျွတ်ပွဲလေးကို လာရောက်ပျော်ရွှင်ရင်း မြေပြင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးတွေအတွက်လည်း ကိုယ်နိုင်သလောက် တစ်တပ်တစ်အား အတူတူ ဝန်ထမ်းပေးကြရအောင်။ 🤍

လက်မှတ်တွေကို ဆည်းဆာမှာ ဝယ်ယူနိုင်ပါတယ်။
တစ်စောင်ကို ၂,၅၀၀ ယန်းပဲ ကျသင့်မှာပါ။

နာမည်ကြီး မင်းသား၊ မင်းသမီးတွေကိုတော့ မြင်တွေ့ရမှာ မဟုတ်ပေမယ့်…
တကယ့်လက်တွေ့ဘဝထဲက လူတွေရဲ့ အကြောင်းအရာတွေ၊ ခံစားချက်တွေနဲ့ အမှန်တရားတွေကို မြင်တွေ့ရမှာမို့ ၂,၅၀၀ ယန်းဆိုတာ ပေးရကျိုးနပ်မှာပါ။

ကိုယ်ကတော့ ကိုယ်နိုင်သလောက် ဆက်လုပ်မယ်။
ကိုယ်နိုင်သလောက် ဆက်လှူမယ်။

ပျော်ရွှင်စရာ သီတင်းကျွတ်အမှတ်တရလေးတစ်ခု ဖန်တီးရင်း မြေပြင်က ကလေးတွေအတွက်လည်း ကိုယ်နိုင်သလောက် ပါဝင်ကူညီပေးကြပါအုံးနော်🤍

06/09/2026

⚽️🔥 မန်ယူပွဲအတွက် အားလုံးအသင့်ဖြစ်နေပြီ! 🔴👹
ဒီည ဆည်းဆာမှာ အတူတူအားပေးကြမယ်ဗျို့ 🍻⚽️

🍺 2 Drinks ဝယ်ရင် 1 Drink FREE! 🔥

မန်ယူနိုင်ပွဲကို ဆည်းဆာမှာ အတူတူကြည့်မယ် ❤️‍🔥

⚽️🔥 မနက်ဖြန် မန်ယူပွဲ ဆည်းဆာမှာ အားပေးကြမယ် 🔥⚽️🔵 EVERTON 🆚 MANCHESTER UNITED 🔴ပွဲကြည့်ရင်း သောက်ဖို့လည်း အထူးအစီအစဉ်ရှိပ...
05/09/2026

⚽️🔥 မနက်ဖြန် မန်ယူပွဲ ဆည်းဆာမှာ အားပေးကြမယ် 🔥⚽️

🔵 EVERTON 🆚 MANCHESTER UNITED 🔴

ပွဲကြည့်ရင်း သောက်ဖို့လည်း အထူးအစီအစဉ်ရှိပါတယ် 🍻

🎉 2 DRINKS ဝယ်ရင် 1 DRINK FREE! 🎉
🍺 ၂ ခွက်ဝယ် — ၁ ခွက် FREE 🍺

သူငယ်ချင်းတွေနဲ့အတူ ဘောလုံးပွဲကြည့်ရင်း စားကောင်းသောက်ဖွယ်တွေနဲ့ အားပေးကြမယ်နော် ❤️⚽️

📺 LIVE SCREENING AT ဆည်းဆာ
📅 မနက်ဖြန်
⏰ Japan Time — 22:00

ဆည်းဆာမှာ စောင့်နေမယ်နော် 🔥🍻⚽️
#ဆည်းဆာMyanmarMartOsaka #အညာမုန့်

နက်ဖန် မိုးအေးအေးလေးနဲ့ ကြာဇံချက်ရခိုင်မုန့်တီ မုန့်ဟင်းခါးတေအပြင် ချဉ်ငံစပ် အသုပ်လေးတေပါရမှာမို့ ရေနွေးကြမ်းလေးနဲ့ လာမြ...
04/09/2026

နက်ဖန် မိုးအေးအေးလေးနဲ့
ကြာဇံချက်
ရခိုင်မုန့်တီ
မုန့်ဟင်းခါးတေအပြင်
ချဉ်ငံစပ် အသုပ်လေးတေပါရမှာမို့ ရေနွေးကြမ်းလေးနဲ့ လာမြည်းကြအုံးနော် 🥰

住所

Osaka, Ikuno Ku, Shin Imazato 3-4/25
Osaka, Osaka
544-0001

営業時間

月曜日 10:00 - 21:00
火曜日 10:00 - 21:00
水曜日 10:00 - 21:00
木曜日 10:00 - 21:00
金曜日 10:00 - 21:00
土曜日 10:00 - 21:00

ウェブサイト

アラート

ဆည်းဆာが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー