28/05/2026
ငွေနဲ့ဝယ်လို့မရပါဘူး💯
ဇွဲနဲ့ပဲတည်ဆောက်လို့ရပါတယ်
“ဖြတ်လမ်းတွေက မြန်နိုင်ပေမယ့်
အောင်မြင်မှုအစစ်ကတော့
ကြိုးစားမှုနဲ့ပဲ ရောက်နိုင်တယ်။”🦅🐦🔥
# Japan+Myanmar (daily vlog)by nyi 🇯🇵 🇲🇲 🌿
တစ်နေ့တာ 24hrs မှာ
ညီတို့ ကိုယ်လုပ်မယ်လို့တွေးထားတဲ့အရာတွေ Planချထားမှုတွေ၊ အဲ့ဒီ နေ့မှာTryဖြစ်မယ်လို့ စိတ်ကူးထားတဲ့ကိစ္စတွေ နဲ့
မဖြစ်မနေအပြီးသတ်ရမယ့် Deadline တွေ
စသည်ဖြင့် လူတိုင်းမှာရှိကြပါတယ်။
လူ၁၀၀မှာ ၁၀၀လုံးက အဲ့သလို schedule တွေplanတွေကို target ထိအောင်
finish ဖြစ်သွားအောင် လုပ်နိုင်ကြမှာတော့မဟုတ်ပါဘူး။targetပြည့်အောင်လုပ်နိုင်တဲ့လူတွေလည်း တစ်ပုံကြီးရှိကြပါတယ်ရှင်🌿
(1 )Mindset ပြင်းပြမှုရှိပြီး
(2)ကိုယ်လိုချင်တဲ့အရာဆီကိုသွားဖို့
အသုံးပြုမယ့် လမ်းကြောင်း သို့မဟုတ် Method မှန်ကန်ပြီး
(3)အကြောင်းအမျိုးမျိုးကြောင့် အကယ်၍ ပြုတ်ကျသွားခဲ့ရင်တောင် နောက်တစ်ကြိမ် ပြန်ထရဲတဲ့စိတ်( or)ဘယ်အချိန်ဘယ်နေရာဘယ်အသက်အရွယ်ဖြစ်ဖြစ် နောက်တစ်ကြိမ်
ပြန်စတင်ရဲတဲ့သတ္တိ ရှိတဲ့သူအများစုက
Target 🎯 ပြည့်အောင်လုပ်နိုင်ကြပါတယ်။
ဘယ်သူ တစ်ဦးတစ်ယောက်ကမှ
ကိုယ့်ကို လာ မခိုင်းဘဲ (ညွှန်ကြားချက်မရှိဘဲ)
ကိုယ့်ကိုယ်ကို ပြန်ခိုင်းတတ်တဲ့ညီတို့လို
လူတွေအတွက် ကိုယ်လုပ်မယ်လို့တွေးထားတဲ့အရာတွေကို ၊ကိုယ့်ကိုယ်ကို ကတိပေးထား
တာတွေကို လုပ်ဖြစ်အောင် လုပ်လိုက်ခြင်းက တစ်နည်းအားဖြင့်
"ကိုယ့်ကိုယ်ကို respect ရှိခြင်း" 🦅🐦🔥🌿
လို့ခေါ်ပါတယ် ။
အကျိုးကျေးဇူးဘာရှိလဲဆိုရင်
ကိုယ့်ကိုယ်ကို ကတိတည်ခြင်းက ကိုယ့်ရဲ့
Confidence ကိုမသိမသာ ၊သိသိသာသာ
တိုးများလာစေပြီး၊ အလေ့အကျင့်ကောင်းတွေကို ပိုမို ဆွဲငင်ပေးပါတယ်ရှင်။
゚