01/02/2020
"Instagrammer တွေအကြိုက်တွေ့မယ့် ကေ်ာဖီဆိုင်"
မသိသူကျော်သွား...သိသူဖော်သောက် ဆိုပြီးတောင်ဆိုရမလား...
ကိုယ့်ချစ်သူကို suprise လုပ်ဖို့ကောင်းတဲ့ လျှျို့ဝှက်စွာ ရှိနေတဲ့ ၂ ထပ်ကော်ဖီဆိုင်။ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ လမ်းမပေါ်မှာ ရှိပေမယ့် သူ့ရဲ့ ဆိုင်းဘုတ်ခပ်သေးသေးကို မမြင်ဘဲ ကပ်ပြီးကျော်သွားမှာသေချာပါတယ်။
တိတ်တိတ်ဆိတ်ဆိတ် လမ်းမတန်းနဲ့ တခြားစီ လို့ထင်ရအောင် ဆိုင်ထဲရောက်သွားရင် စကားပြောသံ၊ သီချင်းသံ နဲ့ ဆူညံနေတဲ့ ကော်ဖီဆိုင်လေးဟာ ရုတ်တရက်သီးခြား ကမ္ဘာတခုကို ရောက်သွားသလိုပါပဲ။
တယောက်နဲ့ တယောက် စကားပြောရင်တောင် ခပ်ကျယ်ကျယ် အော်ပြောမှ ရမယ်ထင်တယ်။
စားပွဲခုံလေးတွေက သေးတယ်။ ပန်းချီပြခန်းတခုခုကို ရောက်သွားတဲ့ ခံစားချက်မျိုးလေးလဲ ပေးတယ်။
ကော်ဖီဖျော်တဲ့ စက်တွေရှိတဲ့ အခန်းလေးထဲကို ရောက်သွားတဲ့အခါ ကော်ဖီရနံ့တွေက မူးယစ်ဆေးလို သင့်ကို အခန်းလေးထဲက မထွက်သွားအောင် ဆွဲထားနိုင်တာသေချာတယ်။ ကော်ဖီရဲ့ မွှေးရနံ့က ပါးစပ်ထဲမှာတောင် ယောင်ပြီး ခါးသွပ်မိသလို...။
အဖြူရယ် အပြာရယ်ကို ရူးသွပ်တဲ့ ကျွန်တော့်အတွက် စိတ်တွေဟာ ဖြူလိုက် ပြာလိုက်...။လာသောက်တဲ့ သူက များတော့ ဆိုင်လေးက ပြွတ်သိပ်နေသလို ခံစားရတယ်။ ကော်ဖီဆိုင်ဟုတ်ဘဲ... Bar တခုထဲမှာ ကော်ဖီသောက်ပြီး မူးနေကြတဲ့ လူတွေ ဘေးမှာ ရောက်နေသလိုမျိုးပါ။
ဘာမှ မဟုတ်တဲ့ ကြမ်းပေါ်က ကျောက်ပြားတွေကိုလည်း ချစ်တယ်။ နံရံဖြူဖြူပေါ်က ကာလာတွေ လိုက်ဖက်လွန်းနေတဲ့ ပန်းချီကားတချို့...နောက်ပြီးတော့ စာသားတချို့...
ဆိုင်နာမည်က ဘယ်လို အဓိပ္ပာယ်နဲ့ပေးထားလည်းမသိပေမယ့် ကျွန်တော်က တော့ ... အချေကော်ဖီဆိုင် လို့ပေးလိုက်တယ်။ တနလာၤနဲ့ တနင်္ဂနွေကို ဆိုင်ပိတ်တယ်တဲ့လေ... ပြီးတော့ ကျန်တဲ့ဆိုင်ဖွင့်တဲ့ ရက်တွေက မနက် ၉ နာရီခွဲကနေ ညနေ ၅နာရီခွဲ ထိပဲဖွင့်တယ်။ ...ဘယ်လောက်တောင် ချေမိုးနေလိုက်သလဲ...
ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကလည်း အချေလို့ပဲပြောရမလား၊ ... latte မှာတာကို cappuccino လာချ။ မှာတဲ့ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြောတော့
ပြန်ဖြေတာလေးက...latte နဲ့ cappuccino ဆိုတာတူတူပါပဲတဲ့။ ရုတ်တရက် ပြန်ဖြေဖို့ စကားလုံးတွေထွက်မလာဘဲ သူငယ်ချင်းရဲ့ က ကျွန်တော့်ကိုကြည့်ပြီး ရွဲ့တဲ့တဲ့ ရီပြတယ်။ ၃ ခါမြောက်ငြင်းခုံမှုအပြီးမှာ latte လာချပေးပါတယ်။
၅နာရီခွဲတော့ ဘယ်သူမှ မထသေးတော့ စကားပြောနေတုန်းရှိသေးတယ် ဘေလ်ကိုကိုင်ပြီး ပိုက်ဆံလာတောင်းပါလေ ရော...
ကော်ဖီမှာရင်... Light, medium, strong ဆိုပြီး ကော်ဖီရဲ့ အပျော့အပြင်းကို စိတ်ကြိုက်မှာလို့ရတယ်။
အခါးမကြိုက်တဲ့သူဆို Light ပဲမှာသင့်တယ်။ Medium က ခါးတယ်ဆိုတာထက် နည်းနည်းပိုတယ်။
သူငယ်ချင်းက ဒီနိုင်ငံမှာ လောလောဆယ် သူအကြိုက်ဆုံးအရသာလို့ပြောပေမယ့် ကျွန်တော့်အတွက်ကတော့ အသည်းတလုံး လျှော့ပေးမိတယ်ထင်တာပဲ။ "အင်း...သောက်ကောင်းတယ်" ဆိုတဲ့ ခေါင်းညိတ်ရုံ အဖြေ လေးပါပဲ။ latte တခွက်က Indonesia Rupiah 47000 ဆိုတော့ မြန်မာငွေ ၅၀၀၀ ကျော်ကျော်လေး။ ကော်ဖီတွေ အကုန်လုံးက ဒီဈေးဝန်းကျင်ပါ။ Apple pie လေးက စားလို့မဆိုးဘူးရယ်။
အရောင်တွေနဲ့ ပြည့်နေတဲ့ နေရာလေးတခုက နာရီပိုင်းလောက်တော့ အရောင်မဲ့ စိတ်တွေကို ရောင်စုံချယ်ပေးမှာ သေချာပါတယ်။ လိပ်စာတော့ သေချာမသိပေမယ့် Google map ကနေပြီး သာ ထောက်သွားပါတော့...
ကော်ဖီ ခရေဇီလေးတွေ အင်ဒိုနီးရှားသွားတဲ့အခါ ရှေးဟောင်းပစ္စည်းလေးတွေကြည့်ရင်း ခဏတဖြုတ်နားသင့်တဲ့နေရာလေးပေါ့...
ဒီနေ့ ၄ ခွက်မြောက်သောက်မိတဲ့ ကော်ဖီဖြစ်တဲ့အတွက် ကျွန်တော် ဒီည အိပ်ပျော်ပါစေလေ....
Zaw Gyi
"Instagrammer ေတြအႀကိဳက္ေတြ႔မယ့္ ေက္ာဖီဆိုင္"
မသိသူေက်ာ္သြား...သိသူေဖာ္ေသာက္ ဆိုၿပီးေတာင္ဆိုရမလား...
ကိုယ့္ခ်စ္သူကို suprise လုပ္ဖုိ႔ေကာင္းတဲ့ လွ််ိဳ႕ဝွက္စြာ ရွိေနတဲ့ ၂ ထပ္ေကာ္ဖီဆိုင္။ ေရွးေဟာင္းပစၥည္းေတြေရာင္းတဲ့ လမ္းမေပၚမွာ ရွိေပမယ့္ သူ႔ရဲ႕ ဆိုင္းဘုတ္ခပ္ေသးေသးကို မျမင္ဘဲ ကပ္ၿပီးေက်ာ္သြားမွာေသခ်ာပါတယ္။
တိတ္တိတ္ဆိတ္ဆိတ္ လမ္းမတန္းနဲ႕ တျခားစီ လို႔ထင္ရေအာင္ ဆုိင္ထဲေရာက္သြားရင္ စကားေျပာသံ၊ သီခ်င္းသံ နဲ႕ ဆူညံေနတဲ့ ေကာ္ဖီဆိုင္ေလးဟာ ရုတ္တရက္သီးျခား ကမၻာတခုကို ေရာက္သြားသလိုပါပဲ။
တေယာက္နဲ႕ တေယာက္ စကားေျပာရင္ေတာင္ ခပ္က်ယ္က်ယ္ ေအာ္ေျပာမွ ရမယ္ထင္တယ္။
စားပြဲခံုေလးေတြက ေသးတယ္။ ပန္းခ်ီျပခန္းတခုခုကို ေရာက္သြားတဲ့ ခံစားခ်က္မ်ိဳးေလးလဲ ေပးတယ္။
ေကာ္ဖီေဖ်ာ္တဲ့ စက္ေတြရွိတဲ့ အခန္းေလးထဲကို ေရာက္သြားတဲ့အခါ ေကာ္ဖီရနံ႕ေတြက မူးယစ္ေဆးလို သင့္ကို အခန္းေလးထဲက မထြက္သြားေအာင္ ဆြဲထားႏုိင္တာေသခ်ာတယ္။ ေကာ္ဖီရဲ႕ ေမႊးရနံ႕က ပါးစပ္ထဲမွာေတာင္ ေယာင္ၿပီး ခါးသြပ္မိသလို...။
အျဖဴရယ္ အျပာရယ္ကို ရူးသြပ္တဲ့ ကၽြန္ေတာ့္အတြက္ စိတ္ေတြဟာ ျဖဴလိုက္ ျပာလိုက္...။လာေသာက္တဲ့ သူက မ်ားေတာ့ ဆိုင္ေလးက ျပြတ္သိပ္ေနသလို ခံစားရတယ္။ ေကာ္ဖီဆုိင္ဟုတ္ဘဲ... Bar တခုထဲမွာ ေကာ္ဖီေသာက္ၿပီး မူးေနၾကတဲ့ လူေတြ ေဘးမွာ ေရာက္ေနသလိုမ်ိဳးပါ။
ဘာမွ မဟုတ္တဲ့ ၾကမ္းေပၚက ေက်ာက္ျပားေတြကိုလည္း ခ်စ္တယ္။ နံရံျဖဴျဖဴေပၚက ကာလာေတြ လိုက္ဖက္လြန္းေနတဲ့ ပန္းခ်ီကားတခ်ိဳ႕...ေနာက္ၿပီးေတာ့ စာသားတခ်ိဳ႕...
ဆိုင္နာမည္က ဘယ္လို အဓိပၸာယ္နဲ႕ေပးထားလည္းမသိေပမယ့္ ကၽြန္ေတာ္က ေတာ့ ... အေခ်ေကာ္ဖီဆိုင္ လို႔ေပးလိုက္တယ္။ တနလာၤနဲ႕ တနဂၤေႏြကို ဆိုင္ပိတ္တယ္တဲ့ေလ... ၿပီးေတာ့ က်န္တဲ့ဆိုင္ဖြင့္တဲ့ ရက္ေတြက မနက္ ၉ နာရီခြဲကေန ညေန ၅နာရီခြဲ ထိပဲဖြင့္တယ္။ ...ဘယ္ေလာက္ေတာင္ ေခ်မိုးေနလိုက္သလဲ...
ဝန္ေဆာင္မႈေပးတဲ့ ဝန္ထမ္းေတြကလည္း အေခ်လုိ႔ပဲေျပာရမလား၊ ... latte မွာတာကို cappuccino လာခ်။ မွာတဲ့ မဟုတ္ဘူးဆိုတဲ့ အေၾကာင္းေျပာေတာ့
ျပန္ေျဖတာေလးက...latte နဲ႕ cappuccino ဆုိတာတူတူပါပဲတဲ့။ ရုတ္တရက္ ျပန္ေျဖဖို႔ စကားလံုးေတြထြက္မလာဘဲ သူငယ္ခ်င္းရဲ႕ က ကၽြန္ေတာ့္ကိုၾကည့္ၿပီး ရြဲ႕တဲ့တဲ့ ရီျပတယ္။ ၃ ခါေျမာက္ျငင္းခံုမႈအၿပီးမွာ latte လာခ်ေပးပါတယ္။
၅နာရီခြဲေတာ့ ဘယ္သူမွ မထေသးေတာ့ စကားေျပာေနတုန္းရွိေသးတယ္ ေဘလ္ကိုကိုင္ၿပီး ပိုက္ဆံလာေတာင္းပါေလ ေရာ...
ေကာ္ဖီမွာရင္... Light, medium, strong ဆိုၿပီး ေကာ္ဖီရဲ႕ အေပ်ာ့အျပင္းကို စိတ္ႀကိဳက္မွာလုိ႔ရတယ္။
အခါးမႀကိဳက္တဲ့သူဆို Light ပဲမွာသင့္တယ္။ Medium က ခါးတယ္ဆိုတာထက္ နည္းနည္းပိုတယ္။
သူငယ္ခ်င္းက ဒီႏုိင္ငံမွာ ေလာေလာဆယ္ သူအႀကိဳက္ဆံုးအရသာလုိ႔ေျပာေပမယ့္ ကၽြန္ေတာ့္အတြက္ကေတာ့ အသည္းတလံုး ေလွ်ာ့ေပးမိတယ္ထင္တာပဲ။ "အင္း...ေသာက္ေကာင္းတယ္" ဆိုတဲ့ ေခါင္းညိတ္ရံု အေျဖ ေလးပါပဲ။ latte တခြက္က Indonesia Rupiah 47000 ဆိုေတာ့ ျမန္မာေငြ ၅၀၀၀ ေက်ာ္ေက်ာ္ေလး။ ေကာ္ဖီေတြ အကုန္လံုးက ဒီေစ်းဝန္းက်င္ပါ။ Apple pie ေလးက စားလုိ႔မဆိုးဘူးရယ္။
အေရာင္ေတြနဲ႕ ျပည့္ေနတဲ့ ေနရာေလးတခုက နာရီပိုင္းေလာက္ေတာ့ အေရာင္မဲ့ စိတ္ေတြကို ေရာင္စံုခ်ယ္ေပးမွာ ေသခ်ာပါတယ္။ လိပ္စာေတာ့ ေသခ်ာမသိေပမယ့္ Google map ကေနၿပီး သာ ေထာက္သြားပါေတာ့...
ေကာ္ဖီ ခေရဇီေလးေတြ အင္ဒိုနီးရွားသြားတဲ့အခါ ေရွးေဟာင္းပစၥည္းေလးေတြၾကည့္ရင္း ခဏတျဖဳတ္နားသင့္တဲ့ေနရာေလးေပါ့...
ဒီေန႔ ၄ ခြက္ေျမာက္ေသာက္မိတဲ့ ေကာ္ဖီျဖစ္တဲ့အတြက္ ကၽြန္ေတာ္ ဒီည အိပ္ေပ်ာ္ပါေစေလ....